မော်ကြီးကို တစ်ကျော့ပြန်တာဝန်ယူခိုင်းဖို့ ရီးရဲလ်တို့ ခြေလှမ်းပြင်နေပြီ

နာမည်ကျော် ဘောလုံးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Sportkeeda ရဲ့ အဆိုရ လာမယ့် ဘောလုံးရာသီမှာ နည်းပြမော်ရင်ညိုဟာ ရီးရဲလ်အသင်းကို ပြန်ပြီး ရောက်သွားနိုင်တဲ့

အနေအထားမျိုး ရှိနေတယ်လို့ သိရပါတယ်။ စပိန်ထိပ်သီး ရီးရဲလ်ကို ပဲ့ကိုင်ထိန်းကျောင်းနေတဲ့ မာလိန်မှူး အန်ဆလော့တီ ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ နည်းပြဘဝကနေပြီး အပြီးတိုင်

အနားယူတော့ မယ်လို့ သတင်းပြေးနေတဲ့အတွက် မော်ရင်ညို အစားထိုးဖို့ ရီးရဲလ်အသင်း တာဝန်ရှိသူတွေက စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ စီးရီး အေကလပ် ရိုးမားကို

ကိုင်တွယ်နေတဲ့ မော်ရင်ညိုဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ချင့်ချိန်နေတာမျိုးရှိနေပြီး ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် လာမယ့်နှစ်မှာ အသင်းပြောင်းနိုင်ခြေ ရှိတယ်လို့

သတင်းတွေက ဖော်ပြပါတယ်။ နောက်ပြီး ရီးရဲလ်လို ထိပ်တန်းအသင်းမျိုးက စိတ်ဝင်စားမှုအရှိန် မြင့်တက်လာနေတာကြောင့်လည်း ဒီရာသီအကုန်မှာ အသင်းပြောင်းသွားနိုင်တယ်လို့

ပြောနေကြတာမျိုးလည်း ရှိပါတယ်။ အင်တာ မီလန်၊ မန်ယူနဲ့ စပါးတို့မှာ ကျင်လည်ခဲ့ဖူးတဲ့ မော်ရင်ညိုကို ဆရာဟောင်း ဖြစ်တဲ့ ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပြီး

အန်ဆလော့တီသာ အနားယူခဲ့မယ်ဆိုရင် နည်းပြဟောင်းကို ဘာနေဗျူးဆီ တစ်ကျော့ပြန်လာဖို့ လမ်းဖွင့်ပေးမယ့် အနေအထား ဖြစ်နေပါတယ်။ စပိန်အခြေစိုက် သတင်းတွေရဲ့ အဆိုအရ ရီးရဲလ်အသင်း

လက်ရှိ နည်းပြ အန်ဆလော့တီဟာ သူ့နေရာမှာ အစားထိုး ဆက်ခံမယ့် နည်းပြသစ်တစ်ယောက်ကို ရှာဖွေဖို့အတွက် လမ်းဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာစီးရီးအေ

ထိပ်သီး ရိုးမားကို ဒေါင်ဒေါင်မြည် အသင်းတစ်သင်းဖြစ်အောင် စွမ်းဆောင်ပြနေတဲ့ မော်ရင်ညိုဟာ ဒီရာသီ ၁၄ ပွဲမှာ ရမှတ် ၂၆ မှတ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

(Zawgyi)

ေမာ္ႀကီးကို တစ္ေက်ာ့ျပန္တာဝန္ယူခိုင္းဖို႔ ရီးရဲလ္တို႔ ေျခလွမ္းျပင္ေနၿပီ

နာမည္ေက်ာ္ ေဘာလုံးသတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Sportkeeda ရဲ႕ အဆိုရ လာမယ့္ ေဘာလုံးရာသီမွာ နည္းျပေမာ္ရင္ညိဳဟာ ရီးရဲလ္အသင္းကို ျပန္ၿပီး ေရာက္သြားႏိုင္တဲ့ အေနအထားမ်ိဳး ရွိေနတယ္လို႔

သိရပါတယ္။ စပိန္ထိပ္သီး ရီးရဲလ္ကို ပဲ့ကိုင္ထိန္းေက်ာင္းေနတဲ့ မာလိန္မႉး အန္ဆေလာ့တီ ဟာ လာမယ့္ ၂၀၂၃ ခုႏွစ္မွာ နည္းျပဘဝကေနၿပီး အၿပီးတိုင္ အနားယူေတာ့ မယ္လို႔

သတင္းေျပးေနတဲ့အတြက္ ေမာ္ရင္ညိဳ အစားထိုးဖို႔ ရီးရဲလ္အသင္း တာဝန္ရွိသူေတြက စီစဥ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိမွာ စီးရီး ေအကလပ္ ႐ိုးမားကို ကိုင္တြယ္ေနတဲ့

ေမာ္ရင္ညိဳဟာ သူ႔ရဲ႕ အနာဂတ္နဲ႔ပတ္ သက္လို႔ ခ်င့္ခ်ိန္ေနတာမ်ိဳးရွိေနၿပီး ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္း ကုန္ ဆုံးမွာ ျဖစ္တာေၾကာင့္ လာမယ့္ႏွစ္မွာ အသင္းေျပာင္းႏိုင္ေျခ

ရွိတယ္လို႔ သ တင္းေတြက ေဖာ္ျပပါတယ္။ ေနာက္ၿပီး ရီးရဲလ္လို ထိပ္တန္းအသင္းမ်ိဳးက စိတ္ဝင္စားမႈအရွိန္ ျမင့္တက္လာေနတာေၾကာင့္လည္း ဒီရာသီအကုန္မွာ အသင္းေျပာင္းသြားႏိုင္တယ္လို႔

ေျပာေနၾကတာမ်ိဳးလည္း ရွိပါတယ္။ အင္တာ မီလန္၊ မန္ယူနဲ႔ စပါးတို႔မွာ က်င္လည္ခဲ့ဖူးတဲ့ ေမာ္ရင္ညိဳကို ဆရာေဟာင္း ျဖစ္တဲ့ ရီးရဲလ္ဥကၠ႒ ဖေလာ္ရင္တီႏို ပီရက္ဇ္ကလည္း မ်က္စိ ေဒါက္ေထာက္

ၾကည့္ေနၿပီး အန္ဆေလာ့တီသာ အနားယူခဲ့မယ္ဆိုရင္ နည္းျပေဟာင္းကို ဘာေနဗ်ဴးဆီ တစ္ေက်ာ့ျပန္လာဖို႔ လမ္းဖြင့္ေပးမယ့္ အေနအထား ျဖစ္ေနပါ တယ္။

စပိန္အေျခစိုက္ သတင္းေတြရဲ႕ အဆိုအရ ရီးရဲလ္အသင္း လက္ရွိ နည္းျပ အန္ဆေလာ့တီဟာ သူ႔ေနရာမွာ အစားထိုး ဆက္ခံမယ့္ နည္းျပသစ္ တစ္ေယာက္ကို ရွာေဖြဖို႔အတြက္

လမ္းဖြင့္ေပးလိုက္ၿပီျဖစ္တယ္လို႔လည္း သိ ရပါတယ္။ လက္ရွိမွာစီးရီးေအ ထိပ္သီး ႐ိုးမားကို ေဒါင္ေဒါင္ျမည္ အသင္း တစ္သင္းျဖစ္ေအာင္ စြမ္းေဆာင္ျပေနတဲ့ ေမာ္ရင္ညိဳဟာ ဒီရာသီ ၁၄ ပြဲမွာ

ရမွတ္ ၂၆ မွတ္အထိ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။