
ဒေးဗစ်ဘက်ခမ်းရဲ့သားအလတ်ဖြစ်တဲ့ ရိုမီယိုဟာ မကြာသေးခင်က
Puma နဲ့စပွန်ဆာ စာချုပ်လက်မှတ်ရေးထိုးပြီးနောက် သူ့မောင်နှမတွေကြားထဲမှာ
အချမ်းသာဆုံးဖြစ်လာပြီလို့သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့
ရိုမီယိုနဲ့ Puma တို့စာချုပ် ချုပ်ဆိုတဲ့သတင်းစတင်ထွက်ပေါ်လာတုန်းက
ငွေကြေးကိစ္စကိုမသိခဲ့ရပေမယ့် The Sun သတင်းစာရဲ့ဖော်ပြချက်အရ
စာချုပ် တန်ကြေးဟာပေါင် ၁.၂ သန်းအထိရှိလို့ ရိုမီယိုကသူတို့မောင်နှမ ၄ ဦးထဲမှာ
အချမ်းသာဆုံးဖြစ်လာခဲ့တာပါ။
သူဟာဖခင်ဖြစ်သူ ဘက်ခမ်းရဲ့ခြေရာကိုလိုက်နင်းပြီး
ပရော်ဖက်ရှင်နယ်ဘောလုံးသမားလမ်းကြောင်းကို
ရွေးချယ်ခဲ့သလို အခုလိုငယ်ရွယ်တဲ့အချိန် မှာကတည်းက
ဖခင်ဖြစ်သူလိုဘဲ ကွင်းပြင်ပစီးပွားရေးပိုင်းမှာပါစတင်အောင်မြင်လာခဲ့တာပါ။
ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ မှာသား ၃ ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။
အခုလို Puma နဲ့စပွန်ဆာရယူနိုင်ခဲ့တာဟာလာမယ့်နှစ်တွေအတွင်းမှာ
ပိုမို ကောင်းမွန်မယ့်စပွန်ဆာတွေရရှိဖို့ လမ်းစဖြစ်တယ်လို့လည်းဆိုပါတယ်။
သူတို့မိသားစုနဲ့နီးစပ်သူတစ်ဦးက” Puma ရဲ့ကမ္ဘာလုံး ဆိုင်ရာ
မျက်နှာသစ်ကစားသမားဖြစ်လာတဲ့အတွက် ရိုမီယိုဟာပေါင် ၁.၂ သန်းရရှိခဲ့ပါတယ်။
အခုဆိုရင် ရိုမီယိုဟာ ဘက်ခမ်း ရဲ့ကလေးတွေထဲမှာအချမ်းသာဆုံးဖြစ်လာပြီး
သူ့ဖခင်လိုဘဲ ကွင်းပြင်ပစီးပွားရေးပိုင်းမှာ မြန်ဆန်စွာဘဲအောင်မြင်လာခဲ့ပါပြီ။
သူဟာအရမ်းကိုအလုပ်ကြိုးစားပြီးကွင်းထဲမှာအောင်မြင်မှုတွေရဖို့အတွက်လည်း
ဆန္ဒပြင်းထန်နေပါတယ်” လို့ပြောသွားပါတယ်။
ရိုမီယိုဟာသူ့ဖခင် ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းရဲ့
အရန်အသင်းဖြစ်တဲ့ Fort Lauderdale CF မှာကစား နေပြီး မကြာခင်မှာ
အင်တာမိုင်ယာမီအသင်းကိုရောက်ဖို့ရှိနေပါတယ်။ ဘက်ခမ်းဟာ Puma ရဲ့
ပြိုင်ဘက်ဖြစ်တဲ့ adidas နဲ့စပွန်ဆာရယူထားတာနှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်ပြီး
ရိုမီယိုဟာလည်း Puma နဲ့ရေရှည်စပွန်ဆာရယူဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာနာမည်ကျော် ဒီဇိုင်းဘရန်းတစ်ခုဖြစ်တဲ့
Yves Saint Laurent ကလည်း ရိုမီယိုကိုစပွန်ဆာပေးဖို့စိတ်ဝင်စားနေပါတယ်။
zawgyi
ေမာင္ႏွမေတြၾကားထဲမွာအခ်မ္းသာဆုံးျဖစ္လာတဲ့ ႐ိုမီယို
ေဒးဗစ္ဘက္ခမ္းရဲ႕သားအလတ္ျဖစ္တဲ့ ႐ိုမီယိုဟာ မၾကာေသးခင္က
Puma နဲ႔စပြန္ဆာ စာခ်ဳပ္လက္မွတ္ေရးထိုးၿပီးေနာက္ သူ႔ေမာင္ႏွမေတြၾကားထဲမွာ
အခ်မ္းသာဆုံးျဖစ္လာၿပီလို႔သိရပါတယ္။ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့
႐ိုမီယိုနဲ႔ Puma တို႔စာခ်ဳပ္ ခ်ဳပ္ဆိုတဲ့သတင္းစတင္ထြက္ေပၚလာတုန္းက
ေငြေၾကးကိစၥကိုမသိခဲ့ရေပမယ့္ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ
စာခ်ဳပ္ တန္ေၾကးဟာေပါင္ ၁.၂ သန္းအထိရွိလို႔ ႐ိုမီယိုကသူတို႔ေမာင္ႏွမ ၄ ဦးထဲမွာ
အခ်မ္းသာဆုံးျဖစ္လာခဲ့တာပါ။ သူဟာဖခင္ျဖစ္သူ ဘက္ခမ္းရဲ႕ေျခရာကို
လိုက္နင္းၿပီး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားလမ္းေၾကာင္းကို
ေ႐ြးခ်ယ္ခဲ့သလို အခုလိုငယ္႐ြယ္တဲ့အခ်ိန္ မွာကတည္းက
ဖခင္ျဖစ္သူလိုဘဲ ကြင္းျပင္ပစီးပြားေရးပိုင္းမွာပါစတင္ေအာင္ျမင္လာခဲ့တာပါ။
ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယားတို႔ မွာသား ၃ ေယာက္နဲ႔ သမီးတစ္ေယာက္ရွိပါတယ္။
အခုလို Puma နဲ႔စပြန္ဆာရယူႏိုင္ခဲ့တာဟာလာမယ့္ႏွစ္ေတြအတြင္းမွ
ာပိုမို ေကာင္းမြန္မယ့္စပြန္ဆာေတြရရွိဖို႔ လမ္းစျဖစ္တယ္လို႔လည္းဆိုပါတယ္။
သူတို႔မိသားစုနဲ႔နီးစပ္သူတစ္ဦးက” Puma ရဲ႕ကမာၻလုံး ဆိုင္ရာ
မ်က္ႏွာသစ္ကစားသမားျဖစ္လာတဲ့အတြက္ ႐ိုမီယိုဟာေပါင္ ၁.၂ သန္းရရွိခဲ့ပါတယ္။
အခုဆိုရင္ ႐ိုမီယိုဟာ ဘက္ခမ္း ရဲ႕ကေလးေတြထဲမွာအခ်မ္းသာဆုံးျဖစ္လာၿပီး
သူ႔ဖခင္လိုဘဲ ကြင္းျပင္ပစီးပြားေရးပိုင္းမွာ ျမန္ဆန္စြာဘဲေအာင္ျမင္လာခဲ့ပါၿပီ။
သူဟာအရမ္းကိုအလုပ္ႀကိဳးစားၿပီးကြင္းထဲမွာေအာင္ျမင္မႈေတြရဖို႔အတြက္လည္း
ဆႏၵျပင္းထန္ေနပါတယ္” လို႔ေျပာသြားပါတယ္။
႐ိုမီယိုဟာသူ႔ဖခင္ ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းရဲ႕
အရန္အသင္းျဖစ္တဲ့ Fort Lauderdale CF မွာကစား ေနၿပီး မၾကာခင္မွာ
အင္တာမိုင္ယာမီအသင္းကိုေရာက္ဖို႔ရွိေနပါတယ္။ ဘက္ခမ္းဟာ Puma ရဲ႕
ၿပိဳင္ဘက္ျဖစ္တဲ့ adidas နဲ႔စပြန္ဆာရယူထားတာႏွစ္ေပါင္း ၂၀ ေက်ာ္ေနၿပီျဖစ္ၿပီး
႐ိုမီယိုဟာလည္း Puma နဲ႔ေရရွည္စပြန္ဆာရယူဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။
လက္ရွိမွာနာမည္ေက်ာ္ ဒီဇိုင္းဘရန္းတစ္ခုျဖစ္တဲ့
Yves Saint Laurent ကလည္း ႐ိုမီယိုကိုစပြန္ဆာေပးဖို႔စိတ္ဝင္စားေနပါတယ္။