
ဇန်နဝါရီဈေးကွက်မှာ ငွေသုံးကြမ်းခဲ့တဲ့ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ





ပထမအသင်းရဲ့ကြယ်ပွင့်ကစားသမား ၉ ဦး ကိုရောင်းထုတ်ပြီးဝင်ငွေရှာဖို့ရှိနေပါတယ်။
အပြာရောင်တွေဟာ ပြီးခဲ့တဲ့လမှာ အန်ဇိုဖာနန်ဒက်ဇ်၊ မူဒရက်နဲ့ မာဒူကီတို့ကို





ခေါ်ယူခြင်းနဲ့အတူ ငွေကြေးများစွာဖြုန်းတီးထားတာဖြစ်တယ်။
ဂရေဟမ်ပေါ်တာလက်အောက်မှာ အသင်းကတည်မရအောင်ဖြစ်နေပေမဲ့
ပါရမီရှင်သစ်တွေအတွက် အသင်းပိုင်ရှင် တော့ဒ်ဘိုလေက ပေါင် ၃၂၃.၃ သန်းအထိ





စံချိန်တင်သုံးစွဲခဲ့တာပါ။ ဒါကြောင့် ရာသီကုန်မှာတော့ မလိုချင်တော့တဲ့
ကစားသမားတွေကိုပြန်ရှင်းထုတ်ဖို့ ပြင်ဆင်လာတာဖြစ်တယ်။ ESPN ရဲ့ဖော်ပြချက်မှာတော့





မေဆန်မောင့်၊ ပူလီဆစ်နဲ့ လူကာကူတို့ လာမယ့်နွေရာသီမှာအပြီးသတ်ရောင်းချဖို့ရှိနေတယ်လို့
သိရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၁၆ပွဲကစားခွင့်မှာ တစ်ဂိုးသာသွင်းထားနိုင်တဲ့
ပူလီဆစ်ဟာ ဇန်နဝါရီဈေးကွက်ကတည်းက စတန်းဖို့ဒ်ဘရစ်ချ်ကိုကျောခိုင်းဖို့ကြိုးစားခဲ့တာပါ။





အမေရိကန်တောင်ပံတိုက်စစ်ကစားသမားဟာ ၂၀၂၄ ဇွန်လမှာ အသင်းနဲ့စာချုပ်
သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့အစီအစဉ်မရှိတော့ပါဘူး။





အင်တာမီလန်ကိုအငှားနဲ့သွားရောက်ကစားနေတဲ့ လူကာကူကိုလည်းအပြီးသတ်
ရောင်းချခွင့်အတွက်မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားမတိုင်ခင်မှာ
တစ်ပတ်လုပ်ခ ပေါင် ၂သိန်းတန်စာချုပ်သစ်ကိုငြင်းဆန်ထားတဲ့ မေဆန်မောင့်ကိုပါ





ရောင်းချဖို့ရှိနေသလို ဇီယက်ရှ်၊ ကူလီဘာလေ၊ ကန်တီ၊ ကိုဗာဆစ်၊
အူဘာမီယန်းတို့ကိုအပြီးသတ်ရှင်းထုတ်ဖို့ဆန္ဒရှိနေတာဖြစ်တယ်။





zawgyi
ေမဆန္ေမာင့္နဲ႔ ပူလီဆစ္အပါအဝင္ ကစားသမား ၉ ဦး ကိုရွင္းထုတ္ဖို႔ ခ်ဲလ္ဆီး ျပင္ဆင္ေန
ဇန္နဝါရီေဈးကြက္မွာ ေငြသုံးၾကမ္းခဲ့တဲ့ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ေႏြရာသီမွာ





ပထမအသင္းရဲ႕ၾကယ္ပြင့္ကစားသမား ၉ ဦး ကိုေရာင္းထုတ္ၿပီးဝင္ေငြရွာဖို႔ရွိေနပါတယ္။
အျပာေရာင္ေတြဟာ ၿပီးခဲ့တဲ့လမွာ အန္ဇိုဖာနန္ဒက္ဇ္၊ မူဒရက္နဲ႔ မာဒူကီတို႔ကို





ေခၚယူျခင္းနဲ႔အတူ ေငြေၾကးမ်ားစြာျဖဳန္းတီးထားတာျဖစ္တယ္။
ဂေရဟမ္ေပၚတာလက္ေအာက္မွာ အသင္းကတည္မရေအာင္ျဖစ္ေနေပမဲ့
ပါရမီရွင္သစ္ေတြအတြက္ အသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလက ေပါင္ ၃၂၃.၃ သန္းအထိ





စံခ်ိန္တင္သုံးစြဲခဲ့တာပါ။ ဒါေၾကာင့္ ရာသီကုန္မွာေတာ့ မလိုခ်င္ေတာ့တဲ့
ကစားသမားေတြကိုျပန္ရွင္းထုတ္ဖို႔ ျပင္ဆင္လာတာျဖစ္တယ္။ ESPN ရဲ႕ေဖာ္ျပခ်က္မွာေတာ့





ေမဆန္ေမာင့္၊ ပူလီဆစ္နဲ႔ လူကာကူတို႔ လာမယ့္ေႏြရာသီမွာအၿပီးသတ္ေရာင္းခ်ဖို႔ရွိေနတယ္လို႔
သိရပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ ၁၆ပြဲကစားခြင့္မွာ တစ္ဂိုးသာသြင္းထားႏိုင္တဲ့
ပူလီဆစ္ဟာ ဇန္နဝါရီေဈးကြက္ကတည္းက စတန္းဖို႔ဒ္ဘရစ္ခ်္ကိုေက်ာခိုင္းဖို႔ႀကိဳးစားခဲ့တာပါ။





အေမရိကန္ေတာင္ပံတိုက္စစ္ကစားသမားဟာ ၂၀၂၄ ဇြန္လမွာ အသင္းနဲ႔စာခ်ဳပ္
သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အစီအစဥ္မရွိေတာ့ပါဘူး။





အင္တာမီလန္ကိုအငွားနဲ႔သြားေရာက္ကစားေနတဲ့ လူကာကူကိုလည္းအၿပီးသတ္
ေရာင္းခ်ခြင့္အတြက္ေမွ်ာ္လင့္ထားပါတယ္။ ဒါ့အျပင္ ကမာၻ႔ဖလားမတိုင္ခင္မွာ
တစ္ပတ္လုပ္ခ ေပါင္ ၂သိန္းတန္စာခ်ဳပ္သစ္ကိုျငင္းဆန္ထားတဲ့ ေမဆန္ေမာင့္ကိုပါ





ေရာင္းခ်ဖို႔ရွိေနသလို ဇီယက္ရွ္၊ ကူလီဘာေလ၊ ကန္တီ၊ ကိုဗာဆစ္၊
အူဘာမီယန္းတို႔ကိုအၿပီးသတ္ရွင္းထုတ္ဖို႔ဆႏၵရွိေနတာျဖစ္တယ္။