မူလာ ပြောမှပဲ ရစရာမရှိကို မရှိတော့တဲ့ ဘာကာ

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး သောမတ်စ်မူလာဟာ

ဘာစီလိုနာနဲ့ပွဲမှာဦးဆောင်ဂိုးသွင်းပြီး အဲဒီစပိန်ကလပ်ကို

ယူရိုပါလိဂ်ဆီအရောက်ပို့ခဲ့တဲ့အပြင် ပွဲအပြီးမှာလည်းရစရာမရှိအောင်

ပြောခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ကဘိုင်ယန်ကစားဖော် ရစ်ဘာရီ

တစ်ယောက် Ballon’d Or မရခဲ့မှုနဲ့ မကြာသေးခင် လက်ရှိကစားဖော်

လီဝန်ဒေါစကီးလဲဒီဆုနဲ့လွဲခဲ့တာတွေကို မူလာက မကျေမနပ်ဖြစ်နေပြီး

ချန်ပီယံလိဂ်မှာသူတို့ဘာလဲ ဆိုတာအနီးစပ်ဆုံး ဘာစီလိုနာနဲ့ပွဲမှာ

ပြသသွားမယ်လို့ ကြုံးဝါးခဲ့တာပါ။ သူပြောထားတဲ့အတိုင်းလည်း

မူလာဟာ ဘိုင်ယန်အတွက်ဦးဆောင်ဂိုးသွင်းကာ ဘာစီလိုနာကို

ဘာမှလုပ်မရအောင် ဦးချိုးပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ဂိုးတွေကိုတော့

ဆာနေးနဲ့ မူဆလီယာ တို့ကသွင်းယူပေးခဲ့တာပါ။

ဒီဂိုးကြောင့်မူလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာဂိုး ၅၀ ပြည့်ခဲ့တဲ့ ၈ ဦးမြောက်

ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ အသက်၃၂ နှစ်ရှိပြီဖြစ်တဲ့

မူလာ ဟာပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးစာရင်းမှာလည်း အဆင့် ၇ မှာ

ပူးတွဲရပ်တည်ခဲ့ပြီး ဘာစီလိုနာနဲ့သူရင်ဆိုင်ခဲ့တဲ့ ၇ ပွဲမှာလည်း ၈ ဂိုးအထိ

ရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် မူလာအနေနဲ့သူရင်ဆိုင်ခဲ့တဲ့

ချန်ပီယံလိဂ်အသင်းတွေထဲမှာ ဘာစီလိုနာကို ဂိုးအများဆုံး

သွင်းနိုင်တယ်ဆိုတဲ့ မှတ်တမ်းကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒီပွဲမှာဘာစီလိုနာဟာ ဘိုင်ယန်ကိုယှဥ်နိုင်စွမ်းမရှိခဲ့ဘဲ

အရှုံးပေးခဲ့ရတာဖြစ်ပြီး တစ်ဖက်မှာလည်း ဘင်ဖီကာက ဒိုင်နမိုကိဗ်ကို

အနိုင်ရခဲ့တဲ့အတွက် နှစ်ပေါင်း ၂၀ အတွင်းမှာပထမဆုံးအကြိမ်အဖြစ်

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာမူလာက ဘာစီလိုနာကိုရစရာမရှိအောင်အခုလိုဘဲ

ပျစ်ပျစ်နှစ်နှစ်ပြောခဲ့တာပါ။

သူက” ဘာစီလိုနာဟာကျွန်တော်တို့ရဲ့

ပြင်းပြင်းထန်ထန်အားထုတ်မှုကို မခံနိုင်ခဲ့ဘူးဗျ။ နည်းနစ်နဲ့

နည်းဗျူဟာပိုင်းတော့ သူတို့မှာရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး

အမြင့်ဆုံးအဆင့်ပွဲမျိုးမှာ အားပါပြင်းထန်မှုဒဏ်ကို

သူတို့ခံနိုင်စွမ်းမရှိခဲ့ဘူး။ ဒီတော့လည်းကျွန်တော်တို့ကို

မယှဥ်နိုင်ခဲ့ဘူးပေါ့” လို့ပြောသွားတာပါ။

zawgyi

မူလာ ေျပာမွပဲ ရစရာမရွိကို မရွိေတာ့တဲ့ ဘာကာ

ဘိုင္ယန္ျမဴးနစ္အသင္းတိုက္စစ္မႉး ေသာမတ္စ္မူလာဟာ

ဘာစီလိုနာနဲ႔ပြဲမွာဦးေဆာင္ဂိုးသြင္းၿပီး အဲဒီစပိန္ကလပ္ကို

ယူ႐ိုပါလိဂ္ဆီအေရာက္ပို႔ခဲ့တဲ့အျပင္ ပြဲအၿပီးမွာလည္းရစရာမရွိေအာင္

ေျပာခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၃ ကဘိုင္ယန္ကစားေဖာ္ ရစ္ဘာရီ

တစ္ေယာက္ Ballon’d Or မရခဲ့မႈနဲ႔ မၾကာေသးခင္ လက္ရွိကစားေဖာ္

လီဝန္ေဒါစကီးလဲဒီဆုနဲ႔လြဲခဲ့တာေတြကို မူလာက မေက်မနပ္ျဖစ္ေနၿပီး

ခ်န္ပီယံလိဂ္မွာသူတို႔ဘာလဲ ဆိုတာအနီးစပ္ဆုံး ဘာစီလိုနာနဲ႔ပြဲမွာ

ျပသသြားမယ္လို႔ ႀကဳံးဝါးခဲ့တာပါ။ သူေျပာထားတဲ့အတိုင္းလည္း

မူလာဟာ ဘိုင္ယန္အတြက္ဦးေဆာင္ဂိုးသြင္းကာ ဘာစီလိုနာကို

ဘာမွလုပ္မရေအာင္ ဦးခ်ိဳးျပခဲ့တာျဖစ္ပါတယ္။ က်န္တဲ့ဂိုးေတြကိုေတာ့

ဆာေနးနဲ႔ မူဆလီယာ တို႔ကသြင္းယူေပးခဲ့တာပါ။

ဒီဂိုးေၾကာင့္မူလာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းမွာဂိုး ၅၀ ျပည့္ခဲ့တဲ့ ၈ ဦးေျမာက္

ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ အသက္၃၂ ႏွစ္ရွိၿပီျဖစ္တဲ့

မူလာ ဟာၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆုံးစာရင္းမွာလည္း အဆင့္ ၇ မွာ

ပူးတြဲရပ္တည္ခဲ့ၿပီး ဘာစီလိုနာနဲ႔သူရင္ဆိုင္ခဲ့တဲ့ ၇ ပြဲမွာလည္း ၈ ဂိုးအထိ

ရရွိထားသူျဖစ္ပါတယ္။ ဒါေၾကာင့္ မူလာအေနနဲ႔သူရင္ဆိုင္ခဲ့တဲ့

ခ်န္ပီယံလိဂ္အသင္းေတြထဲမွာ ဘာစီလိုနာကို ဂိုးအမ်ားဆုံး

သြင္းႏိုင္တယ္ဆိုတဲ့ မွတ္တမ္းကိုလည္းပိုင္ဆိုင္သြားခဲ့ပါတယ္။

ဒီပြဲမွာဘာစီလိုနာဟာ ဘိုင္ယန္ကိုယွဥ္ႏိုင္စြမ္းမရွိခဲ့ဘဲ

အရႈံးေပးခဲ့ရတာျဖစ္ၿပီး တစ္ဖက္မွာလည္း ဘင္ဖီကာက ဒိုင္နမိုကိဗ္ကို

အႏိုင္ရခဲ့တဲ့အတြက္ ႏွစ္ေပါင္း ၂၀ အတြင္းမွာပထမဆုံးအႀကိမ္အျဖစ္

ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာမူလာက ဘာစီလိုနာကိုရစရာမရွိေအာင္အခုလိုဘဲ

ပ်စ္ပ်စ္ႏွစ္ႏွစ္ေျပာခဲ့တာပါ။ သူက” ဘာစီလိုနာဟာကြၽန္ေတာ္တို႔ရဲ႕

ျပင္းျပင္းထန္ထန္အားထုတ္မႈကို မခံႏိုင္ခဲ့ဘူးဗ်။ နည္းနစ္နဲ႔

နည္းဗ်ဴဟာပိုင္းေတာ့ သူတို႔မွာရွိပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး

အျမင့္ဆုံးအဆင့္ပြဲမ်ိဳးမွာ အားပါျပင္းထန္မႈဒဏ္ကို

သူတို႔ခံႏိုင္စြမ္းမရွိခဲ့ဘူး။ ဒီေတာ့လည္းကြၽန္ေတာ္တို႔ကို

မယွဥ္ႏိုင္ခဲ့ဘူးေပါ့” လို႔ေျပာသြားတာပါ။