ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ပစ်မှတ် မိုင်ခေလိုမူဒရက်ကို
ခေါ်ယူဖို့အတွက် ကြိုးစားနေသလို လိုက်ပ်ဇစ်ရဲ့ ဒန်နီအိုလ်မိုနဲ့
ဂလက်ဘက်တိုက်စစ်မှူးမားကပစ်သူရမ်တို့နောက်ကိုပါ
လိုက်နေတယ်လို့ Dailymail ကဖော်ပြခဲ့ပါတယ်။
ယူကရိန်းကြယ်ပွင့်မူဒရက်ဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်ကြား
နှစ်လမ်းရွေးချယ်ခွင့်ရှိနေပြီး ဂန်းနားတွေနဲ့လက်တွဲချင်ပုံရပေမဲ့
ရှက်တာဒိုးနက်က အာဆင်နယ်ရဲ့ကမ်းလှမ်းမှု ၂ကြိမ် စလုံးကို
ပယ်ချထားပါတယ်။ ပြီးခဲ့တဲ့ မန်စီးတီး ၁-၀ ချဲလ်ဆီး
ပွဲစဉ်မှာတော့ ရှက်တာဒိုးနက်ဒါရိုက်တာ ဒီရီဂျိုဆာနာကို
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲမှာမြင်ခဲ့ရပြီး ချဲလ်ဆီးအသင်းပိုင်ရှင်
တုတ်ဒ်ဘိုလေနဲ့ အနီးကပ်ရှိခဲ့တာကြောင့် မူဒရက်
အပြောင်းအရွှေ့မှာ အပြာရောင်တွေအသာရနိုင်တယ်လို့
ထင်ကြေးပေးလာကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကြည့်ရင်တော့
ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းအတွက် ဒန်နီအိုလ်မိုနဲ့ မားကပ်စ်
သူရမ်တို့ကိုချိတ်ဆက်နေတာကိုကြည့်ရင် မူဒရက်ကိစ္စ
မသေချာဘူးလို့ယူဆနိုင်ပါတယ်။ မူဒရက်ဟာ အာဆင်နယ်နဲ့
ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာတီတာနဲ့
ဒီဇာဘီတို့ရဲ့ပုံရိပ်တွေနဲ့အတူ ‘top two coaches’ လို့
အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့သလို ‘Arsenal_memes’ အကောင့်ရဲ့
အင်စတာဂရမ်ပို့စ်တစ်ခုကို like လုပ်ခဲ့ပြီး ဂန်းနားတွေနဲ့
အပြောင်းအရွှေ့ကိုနှစ်ကြိမ်တိုင် လမ်းကြောင်းခင်းပေး
ထားတာဖြစ်တယ်။ ဒါကြောင့် ချဲလ်ဆီးက ယူကရိန်းကြယ်ပွင့်ကို
မရခဲ့ရင် အိုလ်မိုနဲ့ သူရမ်တို့ဘက်ကိုမြှားဦးလှည့်ဖို့ ကြိုတင်စီစဉ်ထားတာဖြစ်နိုင်ပါတယ်။
zawgyi
မူဒရက်အပြင် ဒန်နီအိုလ်မိုနဲ့ မားကပ်စ်သူရမ်တို့ကိုပါ ပတ်လည်လိုက်ချုပ်နေတဲ့ ချဲလ်ဆီး
စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းထဲမှာမြင်ခဲ့ရပြီး ချဲလ်ဆီးအသင်းပိုင်ရှင်