
ချဲလ်ဆီးကစားသမားသစ် မူဒရက်ဟာ လီဗာပူးနဲ့ပွဲစဉ် ဒုတိယပိုင်းရောက်မှ





လူစားဝင်အဖြစ်ကစားခဲ့ပေမဲ့ အပြာရောင်ပရိသတ်တွေကတော့
အသင်းကို ဟာဇက်ဒုတိယအကြိမ်မြောက်ပြန်ရောက်လာသလို





ခံစားခဲ့ရတာဖြစ်ပါတယ်။ အသင်းပိုင်ရှင် တုတ်ဒ်ဘိုလေဟာ
ယူကရိန်းကြယ်ပွင့်ကို အာဆင်နယ်လက်ထဲကလုယူခဲ့တာဖြစ်ပြီး
ရှက်တာဒိုးနက်တောင်းဆိုတဲ့ ပေါင် ၈၉ သန်းကို ပေးချေခဲ့တာ





ဖြစ်တယ်။ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကတော့ မူဒရက်ရဲ့
ခြေစွမ်းကိုချပြဖို့အချိန်မဖြုန်းခဲ့သလို လီဗာပူးနဲ့ပွဲစဉ် ၅၅မိနစ်





အရောက်မှာတော့ လူစားဝင်အဖြစ်အသုံးပြုခဲ့ပါတယ်။
အသက် ၂၂နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားရဲ့
ခြေစွမ်းက ချဲလ်ဆီးပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်တယ်။





ပွဲစဉ်က ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပေမဲ့ ယူကရိန်းလက်ရွေးစင်ဟာ
ပြိုင်ဘက်ကစားသမားတွေကိုအာရုံများစေသလို ဘောလုံးပေးပို့မှု





စွမ်းရည်တွေနဲ့ပက်သတ်လို့ ချီးကျူးခံခဲ့ရတာပါ။
“မူဒရက်ဟာ ဒုတိယမြောက် ဟာဇက်ပုံစံမျိုးနဲ့ရောက်လာတာကို
ကျွန်တော်တွေ့ခဲ့ရတယ်” လို့ ပရိသတ်တစ်ယောက်က





တွစ်တာမှာချီးကျူးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့
“မူဒရက်က ဟာဇက်လက်သစ်ဖြစ်တယ်၊ ကျွန်တော် ဒီလိုပဲ





ခံစားရတယ်” လို့ မှတ်ချက်ပေးခဲ့သလို တတိယတစ်ယောက်ကတော့
“မိုင်ခေလိုမူဒရက်က ငါ့ကမ္ဘာကိုလှုပ်ခတ်စေတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
အခြားသောပရိသတ်တွေကတော့ “မူဒရက်နဲ့ ဂျာအိုဖိလစ်ကို





ကွင်းထဲမှာအတူတွေ့ဖို့အဆင်သင့်ဖြစ်နေပါပြီ” ၊
“မူဒရက်က ကမ္ဘာ့အဆင့်မီကစားသမားဖြစ်ဖို့ အရိပ်အယောင်တွေ





ပြသထားပါတယ်၊ သူ အာဆင်နယ်ကိုမရောက်ခဲ့လို့
အရမ်းပျော်တယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။
zawgyi





မူဒရက္ရဲ႕ ပထမဆုံး ၃၅ မိနစ္ကိုၾကည့္ၿပီးေနာက္ ဒုတိယေျမာက္ဟာဇက္ေရာက္လာၿပီလို႔ ခ်ဲလ္ဆီး ပရိသတ္ေတြ ေပ်ာ္႐ႊင္ခဲ့ၾက
ခ်ဲလ္ဆီးကစားသမားသစ္ မူဒရက္ဟာ လီဗာပူးနဲ႔ပြဲစဥ္ ဒုတိယပိုင္းေရာက္မွ





လူစားဝင္အျဖစ္ကစားခဲ့ေပမဲ့ အျပာေရာင္ပရိသတ္ေတြကေတာ့
အသင္းကို ဟာဇက္ဒုတိယအႀကိမ္ေျမာက္ျပန္ေရာက္လာသလို
ခံစားခဲ့ရတာျဖစ္ပါတယ္။ အသင္းပိုင္ရွင္ တုတ္ဒ္ဘိုေလဟာ





ယူကရိန္းၾကယ္ပြင့္ကို အာဆင္နယ္လက္ထဲကလုယူခဲ့တာျဖစ္ၿပီး
ရွက္တာဒိုးနက္ေတာင္းဆိုတဲ့ ေပါင္ ၈၉ သန္းကို ေပးေခ်ခဲ့တာ





ျဖစ္တယ္။ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာကေတာ့ မူဒရက္ရဲ႕
ေျခစြမ္းကိုခ်ျပဖို႔အခ်ိန္မျဖဳန္းခဲ့သလို လီဗာပူးနဲ႔ပြဲစဥ္ ၅၅မိနစ္
အေရာက္မွာေတာ့ လူစားဝင္အျဖစ္အသုံးျပဳခဲ့ပါတယ္။





အသက္ ၂၂ႏွစ္အ႐ြယ္ ေတာင္ပံတိုက္စစ္ကစားသမားရဲ႕
ေျခစြမ္းက ခ်ဲလ္ဆီးပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္တယ္။





ပြဲစဥ္က ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့ေပမဲ့ ယူကရိန္းလက္ေ႐ြးစင္ဟာ
ၿပိဳင္ဘက္ကစားသမားေတြကိုအာ႐ုံမ်ားေစသလို ေဘာလုံးေပးပို႔မႈ
စြမ္းရည္ေတြနဲ႔ပက္သတ္လို႔ ခ်ီးက်ဴးခံခဲ့ရတာပါ။





“မူဒရက္ဟာ ဒုတိယေျမာက္ ဟာဇက္ပုံစံမ်ိဳးနဲ႔ေရာက္လာတာကို
ကြၽန္ေတာ္ေတြ႕ခဲ့ရတယ္” လို႔ ပရိသတ္တစ္ေယာက္က





တြစ္တာမွာခ်ီးက်ဴးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့
“မူဒရက္က ဟာဇက္လက္သစ္ျဖစ္တယ္၊ ကြၽန္ေတာ္ ဒီလိုပဲ
ခံစားရတယ္” လို႔ မွတ္ခ်က္ေပးခဲ့သလို တတိယတစ္ေယာက္ကေတာ့





“မိုင္ေခလိုမူဒရက္က ငါ့ကမာၻကိုလႈပ္ခတ္ေစတယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။
အျခားေသာပရိသတ္ေတြကေတာ့ “မူဒရက္နဲ႔ ဂ်ာအိုဖိလစ္ကို





ကြင္းထဲမွာအတူေတြ႕ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ” ၊
“မူဒရက္က ကမာၻ႔အဆင့္မီကစားသမားျဖစ္ဖို႔ အရိပ္အေယာင္ေတြ
ျပသထားပါတယ္၊ သူ အာဆင္နယ္ကိုမေရာက္ခဲ့လို႔





အရမ္းေပ်ာ္တယ္” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။