မုဒိန်းမှု၊ အကြမ်းဖက်မှုသံသယနဲ့ ဂရင်းဝုဒ် ဖမ်းဆီးထိန်းသိမ်းခံရပြီး ရဲစခန်းမှာ စစ်ဆေးခံနေရ

ယူနိုက်တက်အသင်းတိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ
မုဒိန်းမှု၊ အကြမ်းဖက်မှု အစရှိတဲ့ စွပ်စွဲချက်တွေနဲ့အတူ
ယမန်နေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး
ရဲစခန်းမှာ စစ်ဆေးခံနေရပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ကျောင်းသူလေးတစ်ဦးက
သူ့ရဲ့အင်စတာဂရမ်ကနေ ဂရင်းဝုဒ်ရဲ့
အကြမ်းဖက်စော်ကားခံခဲ့ရမှုကြောင့်
မျက်နှာမှာ သွေးတွေ စီးကျနေမှုကို
ဗီဒီယိုနဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြီးနောက်
အသက် ၂၀ အရွယ်ရှိ ဂရင်းဝုဒ်လည်း
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး
အဲဒီအကောင့်ဟာ အခုတော့
ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် အဲဒီဓာတ်ပုံနဲ့
ဗီဒီယိုဖိုင်တွေကတော့ လူမှုမီဒီယာမှာ
အတော်လေးပျံ့နှံ့သွားပါတယ်။


ဒါ့အပြင် ၂၀၂၁ အောက်တိုဘာလ နေ့စွဲနဲ့
အမျိုးသားနဲ့အမျိုးသမီးတို့ အပြန်အလှန်
ပြောနေတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး
အမျိုးသမီး တိုက်ခိုက်ခံနေရတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း အဲဒီလိုသတင်းတွေ
ထွက်ပေါ်လာပြီးနောက် နောက်ထပ်ကြေညာချက်
မထုတ်ပြန်သေးတဲ့အချိန်အထိ အင်္ဂလန်လက်ရွေးစင်
ဂရင်းဝုဒ်ကို ထရိန်နင်ဆင်းခွင့်နဲ့ ပွဲကစားခွင့်
ပေးမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပြီး
မိမိတို့အသင်းအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကို
လုံးဝရှုံ့ချတယ်လို့လည်း ကြေညာချက်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။


အဲဒီအမျိုးသမီးရဲ့ဖခင်ဖြစ်သူက သူ့သမီးရဲ့
အင်စတာဂရမ်အကောင့် အဟက်ခံလိုက်ရတာ
ဖြစ်ကြောင်း ပြောပါတယ်။ အသက်
၆ နှစ်အရွယ်မှာ ယူနိုက်တက်ကို
စတင်ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ
အသင်းအတွက် စုစုပေါင်း ၁၂၉ ပွဲ
ကစားပေးထားပြီး ၃၅ ဂိုးသွင်းယူထားပါတယ်။