မီးလောင်ရာလေပင့်ပြီး ဆေးထိုးခံလိုက်ရတဲ့ နည်းပြရန်းနစ်ခ်

ရော်နယ်ဒိုကို မန်ယူရဲ့ ပွဲထွက်လူစာရင်းမှာအသုံးမပြုဘဲ ချန်ထားသင့်တယ်လို့

အင်္ဂလန်နဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပေါလ်မာဆင်က

သုံးသပ်​ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူအတွက်

အဓိက ဂိုးသွင်းယူပေးနေသူဖြစ်ပေမယ့် နယူးကာဆယ်နဲ့ သရေကျခဲ့တဲ့ပွဲတုန်းက

ခြေစွမ်းမပြနိုင်တာရယ်၊ အဲ့ဒိပွဲမှာ သူနဲ့ ဖာနန်ဒက်စ်တို့ပြသခဲ့တဲ့

အမူအယာတွေကြောင့် မန်ယူအသင်းခေါင်းဆောင်ဟောင်း

ဂယ်ရီနဗီးလ်ကိုယ်တိုင်ကတောင် ဝေဖန်ခဲ့တာပါ။

ဘန်လေကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း အပိုင်အခွင့်အရေးကို

အပေါ်ထောင်ကန်ခဲ့တဲ့ အံ့အားသင့်ဖွယ်ရာလွဲချော်မှုကြောင့်လည်း

မန်ယူပရိတ်သတ်တွေက လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပါတယ်။

၅၃ နှစ်ရှိနေပြီဖြစ်တဲ့ ပေါလ်မာဆင်ကတော့ လတ်တလော မန်ယူမှာ

ကွင်းတွင်းကွင်းပြင် ဝေဖန်မှုတွေခံနေရတဲ့ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး

နည်းပြရန်းနစ်ခ်ကို မီးလောင်ရာလေပင့်ပြီး ဆေးထိုးပေးလိုက်တာပါ။

မန်ယူရဲ့ ကစားသမားစုဖွဲ့မှုအရ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ

အသုံးမပြုဘဲ ချန်ထားသင့်တယ်လို့ ပေါလ်မာဆင်က အကြံပြုခဲ့ပါတယ်။

” မန်ယူမှာ ပုံစံ မမှန်တာတွေတော့ ရှိနေပြီထင်ပါတယ်။

ဘာတွေဆက်ဖြစ်လာဦးမလည်းတော့ မသိသေးဘူး။

မန်ယူရဲ့ ကစားသမားစုဖွဲ့မှုအင်အားအရဆို ရော်နယ်ဒိုကို ပွဲဲထွက်စာရင်းမှာ

မသုံးသင့်ဘူး။ နော်ဝှစ်ကိုလည်း ကံကောာင်းလို့ နိုင်ခဲ့သလို

နယူးကာဆယ်ပွဲတုန်းကလည်း ညံ့ခဲ့တယ်” လို့ ပေါလ်မာဆင်က

Sportskeeda မှာ ပြောခဲ့တာပါ။

ဒီရာသီအပြီးမှာ မန်ယူအဆင့် ၄ အတွင်းဝင်နိုင်မယ့်ပုံစံမရှိဘဲ

အဆင့် ၄ အတွင်း ဝင်ခဲ့ရင်လည်း မန်ယူအတွက် အောင်မြင်တဲ့

ရာသီဖြစ်လိမ့်မယ်လို့လည်း ပေါလ်မာဆင်က မှတ်ချက်ပေးခဲ့ပါတယ်။

zawgyi

မီးေလာင္ရာေလပင့္ၿပီး ေဆးထိုးခံလိုက္ရတဲ့ နည္းျပရန္းနစ္ခ္

ေရာ္နယ္ဒိုကို မန္ယူရဲ႕ ပြဲထြက္လူစာရင္းမွာအသုံးမျပဳဘဲ ခ်န္ထားသင့္တယ္လို႔

အဂၤလန္နဲ႔ အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း ေပါလ္မာဆင္က

သုံးသပ္​ေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ မန္ယူအတြက္

အဓိက ဂိုးသြင္းယူေပးေနသူျဖစ္ေပမယ့္ နယူးကာဆယ္နဲ႔ သေရက်ခဲ့တဲ့ပြဲတုန္းက

ေျခစြမ္းမျပႏိုင္တာရယ္၊ အဲ့ဒိပြဲမွာ သူနဲ႔ ဖာနန္ဒက္စ္တို႔ျပသခဲ့တဲ့

အမူအယာေတြေၾကာင့္ မန္ယူအသင္းေခါင္းေဆာင္ေဟာင္း

ဂယ္ရီနဗီးလ္ကိုယ္တိုင္ကေတာင္ ေဝဖန္ခဲ့တာပါ။

ဘန္ေလကို အႏိုင္ရတဲ့ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္လည္း အပိုင္အခြင့္အေရးကို

အေပၚေထာင္ကန္ခဲ့တဲ့ အံ့အားသင့္ဖြယ္ရာလြဲေခ်ာ္မႈေၾကာင့္လည္း

မန္ယူပရိတ္သတ္ေတြက လူမႈကြန္ရက္ေတြမွာ ေဝဖန္ေနၾကပါတယ္။

၅၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေပါလ္မာဆင္ကေတာ့ လတ္တေလာ မန္ယူမွာ

ကြင္းတြင္းကြင္းျပင္ ေဝဖန္မႈေတြခံေနရတဲ့ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး

နည္းျပရန္းနစ္ခ္ကို မီးေလာင္ရာေလပင့္ၿပီး ေဆးထိုးေပးလိုက္တာပါ။

မန္ယူရဲ႕ ကစားသမားစုဖြဲ႕မႈအရ ေရာ္နယ္ဒိုကို ပြဲထြက္လူစာရင္းမွာ

အသုံးမျပဳဘဲ ခ်န္ထားသင့္တယ္လို႔ ေပါလ္မာဆင္က အႀကံျပဳခဲ့ပါတယ္။

” မန္ယူမွာ ပုံစံ မမွန္တာေတြေတာ့ ရွိေနၿပီထင္ပါတယ္။

ဘာေတြဆက္ျဖစ္လာဦးမလည္းေတာ့ မသိေသးဘူး။

မန္ယူရဲ႕ ကစားသမားစုဖြဲ႕မႈအင္အားအရဆို ေရာ္နယ္ဒိုကို ပြဲဲထြက္စာရင္းမွာ

မသုံးသင့္ဘူး။ ေနာ္ဝွစ္ကိုလည္း ကံေကာာင္းလို႔ ႏိုင္ခဲ့သလို

နယူးကာဆယ္ပြဲတုန္းကလည္း ညံ့ခဲ့တယ္” လို႔ ေပါလ္မာဆင္က

Sportskeeda မွာ ေျပာခဲ့တာပါ။

ဒီရာသီအၿပီးမွာ မန္ယူအဆင့္ ၄ အတြင္းဝင္ႏိုင္မယ့္ပုံစံမရွိဘဲ

အဆင့္ ၄ အတြင္း ဝင္ခဲ့ရင္လည္း မန္ယူအတြက္ ေအာင္ျမင္တဲ့

ရာသီျဖစ္လိမ့္မယ္လို႔လည္း ေပါလ္မာဆင္က မွတ္ခ်က္ေပးခဲ့ပါတယ္။