မီးဆိုင်းတွေကြောင့် မန်ယူဂိုးသွင်းနိုင်တာပါဆိုပြီး ဆင်ခြေပေးတဲ့ တူချယ်လ်

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်

ပွဲစဉ် ၁၃ မှာ လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့

ယူနိုက်တက် အသင်း ကို တစ်ဖက် တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ဒါဟာ ချယ်လ်ဆီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ပြေးလမ်းကြောင်းမှာ

အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချယ်လ်ဆီး ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာ ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာ ၊

ဘောလုံး ဖြန့်ဝေမှု အသာ အစရှိတဲ့ အခန်းကဏ္ဍ ပေါင်းစုံမှာ

ပြတ်ပြတ်သားသား လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ၊ ရလာတဲ့

အခွင့်အရေးအချို့ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပိုဆိုးခဲ့တာ က ဒုတိယပိုင်း အစလေးမှာပဲ ချယ်လ်ဆီး ကွင်းလယ်လူ

ဂျော်ဂျင်ဟို ဟာ ယူနိုက်တက်ဖက်က ထောင့်ကန်ဘော ရှင်းထုတ်ရာက

ပြန်ကျလာတဲ့ ဘောလုံးကို ဖမ်းထိန်းဖို့ ကြိုးစားရင်း ၊ မပီမပြင် ဖြစ်ခဲ့တာက

တစ်ဆင့် တန်ပြန်တိုက်စစ် ဆင်ဖို့ တက်လာတဲ့ ယူနိုက်တက် တောင်ပံ ကစားသမား

ဆန်ချိုကို အလကား လက်ဆောင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဂျော်ဂျင်ဟိုဟာ ၎င်းရဲ့အမှားကို ပြန်လည် ပြင်ဆင်တဲ့အနေနဲ့

ပင်နယ်တီ ပြစ်ဒဏ်ဘောကနေတစ်ဆင့် အသင်းအတွက် ချေပဂိုးကို

ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြ တူချယ်လ်က

အီတလီကြယ်ပွင့်ရဲ့ အမှားနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ

အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“သူ အခြေအနေကို လွဲမှားစွာ ကောက်ချက်ဆွဲခဲ့တာဖြစ်ပြီး

မီးဆိုင်းတွေဆီကနေ ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးခြင်းကို ခံခဲ့ရတဲ့အတွက်

အဆုံးမှာတော့ သူ ဘောလုံးကို မမြင်နိုင်ခဲ့ပါဘူး။ အဲဒီလို ဖြစ်သွားခဲ့တာပါ”လို့

ပြောကြားခဲ့ပါတယ်။ နည်းပြ တူချယ်လ်ရဲ့ ဆင်ခြေဟာ လူမှုကွန်ရက်က

ပရိသတ်တွေကြားမှာ သရော်စရာဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းနဲ့ သရေကျခဲ့ပေမယ့်လည်း

၁၃ ပွဲ ကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးထက်

၁ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

zawgyi

မီးဆိုင္းေတြေၾကာင့္ မန္ယူဂိုးသြင္းႏိုင္တာပါဆိုၿပီး ဆင္ေျခေပးတဲ့ တူခ်ယ္လ္

ခ်ယ္လ္ဆီး အသင္း ဟာ မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္

ပြဲစဥ္ ၁၃ မွာ ေလာေလာလတ္လတ္ နည္းျပ အေျပာင္းအလဲ ျဖစ္ထားတဲ့

ယူႏိုက္တက္ အသင္း ကို တစ္ဖက္ တစ္ဂိုးစီ သေရသာ ကစားႏိုင္ခဲ့ပါတယ္ ။

ဒါဟာ ခ်ယ္လ္ဆီး အတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံလုပြဲ ေျပးလမ္းေၾကာင္းမွာ

အဖိုးတန္ ရမွတ္ ၂မွတ္ ဆုံးရႈံးခဲ့တာ ျဖစ္ပါတယ္ ။

ဒီပြဲမွာ ခ်ယ္လ္ဆီး ဟာ ေဘာလုံး ပိုင္ဆိုင္မႈ အသာ ၊ ဂိုးေပါက္ ၿခိမ္းေျခာက္မႈ အသာ ၊

ေဘာလုံး ျဖန႔္ေဝမႈ အသာ အစရွိတဲ့ အခန္းက႑ ေပါင္းစုံမွ

ာ ျပတ္ျပတ္သားသား လႊမ္းမိုး ကစားႏိုင္ခဲ့ေပမယ့္ ၊ ရလာတဲ့

အခြင့္အေရးအခ်ိဳ႕ကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျခင္း မရွိပါဘူး ။

ပိုဆိုးခဲ့တာ က ဒုတိယပိုင္း အစေလးမွာပဲ ခ်ယ္လ္ဆီး ကြင္းလယ္လူ

ေဂ်ာ္ဂ်င္ဟို ဟာ ယူႏိုက္တက္ဖက္က ေထာင့္ကန္ေဘာ ရွင္းထုတ္ရာက

ျပန္က်လာတဲ့ ေဘာလုံးကို ဖမ္းထိန္းဖို႔ ႀကိဳးစားရင္း ၊ မပီမျပင္ ျဖစ္ခဲ့တာက

တစ္ဆင့္ တန္ျပန္တိုက္စစ္ ဆင္ဖို႔ တက္လာတဲ့ ယူႏိုက္တက္ ေတာင္ပံ ကစားသမား

ဆန္ခ်ိဳကို အလကား လက္ေဆာင္ေပးလိုက္သလို ျဖစ္သြားခဲ့ပါတယ္ ။

ဒါေပမယ့္လည္း ေဂ်ာ္ဂ်င္ဟိုဟာ ၎ရဲ႕အမွားကို ျပန္လည္ ျပင္ဆင္တဲ့အေနနဲ႔

ပင္နယ္တီ ျပစ္ဒဏ္ေဘာကေနတစ္ဆင့္ အသင္းအတြက္ ေခ်ပဂိုးကို

ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ နည္းျပ တူခ်ယ္လ္က

အီတလီၾကယ္ပြင့္ရဲ႕ အမွားနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ

အခုလိုပဲ ေျပာၾကားသြားခဲ့ပါတယ္။

“သူ အေျခအေနကို လြဲမွားစြာ ေကာက္ခ်က္ဆြဲခဲ့တာျဖစ္ၿပီး

မီးဆိုင္းေတြဆီကေန ျပင္းျပင္းထန္ထန္ အေႏွာင့္အယွက္ေပးျခင္းကို ခံခဲ့ရတဲ့အတြက္

အဆုံးမွာေတာ့ သူ ေဘာလုံးကို မျမင္ႏိုင္ခဲ့ပါဘူး။ အဲဒီလို ျဖစ္သြားခဲ့တာပါ”လို႔

ေျပာၾကားခဲ့ပါတယ္။ နည္းျပ တူခ်ယ္လ္ရဲ႕ ဆင္ေျခဟာ လူမႈကြန္ရက္က

ပရိသတ္ေတြၾကားမွာ သေရာ္စရာျဖစ္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ယူႏိုက္တက္အသင္းနဲ႔ သေရက်ခဲ့ေပမယ့္လည္း

၁၃ ပြဲ ကစားၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္စီးတီးထက္

၁ မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ေနဆဲျဖစ္ပါတယ္။