
အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်တဲ့ အိုလီဗာဂီရော့ဒ် ဟာ
မနေ့ညက မီလန်ဒါဘီပွဲမှာအေစီမီလန်အတွက်
ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပြီး သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ဂီရော့ဒ်ဟာ ၃ မိနစ်တာအချိန်အတွင်းမှာဒီဂိုးတွေကိုသွင်း ယူခဲ့တာပါ။
သူ့ဂိုးတွေကြောင့် စီးရီးအေချန်ပီယံဘွဲ့အတွက်ဒီနှစ်သင်းအကြား
ယှဥ်ပြိုင်မှုဟာပိုပြီးအကြိတ်အနယ်ဖြစ်စေခဲ့သ လို
အင်တာမီလန်ရဲ့ဒီရာသီပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲဆက်
ရှုံးပွဲမရှိခဲ့မှုဟာလည်း ရပ်တန့်ခဲ့ရပါတယ်။
ဒီပွဲမှာ အိမ်ရှင်အင်တာအတွင် ပါရီဆစ်က ၃၈ မိနစ်မှာ
ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂီရော့ဒ်က ၇၅ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ
ချေပဂိုးနဲ့အ နိုင်ဂိုးတွေကိုသွင်းယူနိုင်ခဲ့တာပါ။
အထူးသဖြင့်သူ့အနိုင်ဂိုးဟာတကယ့်ကိုကောင်းမွန်ခဲ့ပြီး
ကာလာဘရီယာထိုးပေးလိုက်တဲ့ ဘောလုံးကိုသူကလိုက်ရင်းနဲ့
အင်တာနောက်ခံလူ ဒီဘရစ်ဂျ်ကို လှည့်စားကာ
ဝေ့ဝိုက်ကန်ချက်နဲ့ဂိုးသွင်းယူခဲ့တာဖြစ်ပါ တယ်။
ဒီပွဲမှာမီလန်ဂိုးသမား မိုင်နန်ကလည်းလက်စွမ်းပြခဲ့ပြီး
သူ့ရဲ့ကောင်းမွန်တဲ့ကာကွယ်ချက်အချို့ကြောင့်သာ
အင်တာ ကနောက်ထပ်ဦးဆောင်ဂိုးတွေမရခဲ့တာဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂီရော့ဒ်ဟာ ကစားဖော်အီဘရာဟီမိုဗစ်
ဒဏ်ရာရလို့သာ ပွဲထွက်ကစားခဲ့ရတာဖြစ်ပြီး
သူကအခုလိုစွမ်းဆောင်နိုင်လိမ့်မယ်လို့
ဘယ်သူကမှထင်မှတ်ထားတာမဟုတ် ပါဘူး။
ဒါကြောင့်လည်း အီတလီမီဒီယာတွေက သူ့ကိုချီးကျူးနေကြပြီး
အသိအမှတ်အပြုမခံရတဲ့ သူရဲကောင်း(unsung hero) အဖြစ်
ဂုဏ်ပြုခဲ့သလို ရောက်လေရာအသင်းတိုင်းမှာ
ဘယ်သူကမှအားကိုးတကြီးထည့်တွက်ခြင်းမခံခဲ့ရတဲ့
ဂီရော့ဒ် ဟာ သူ့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး
ကြီးကျယ်ခမ်းနားတဲ့ဂိုးတွေကိုသွင်းနိုင်သေး သူလို့လည်းချီးကျူးကြပါတယ်။
ပွဲအပြီးမှာ ဂီရော့ဒ်က” ပထမပိုင်းမှာတော့စိတ်ပျက်စရာဖြစ်ခဲ့သေးတာပေါ့ဗျာ။
ကစားပုံကလည်းသိပ်မှမကောင်းခဲ့တာ။
ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး
အသင်းနိုင်မယ့်ဂိုးတွေလည်းသွင်းပေးနိုင်ခဲ့လို့
အရမ်းကိုကျေနပ်ပါတယ်” လို့ပြောသွားပါတယ်။
ဒီနိုင်ပွဲကြောင့် အေစီမီလန်ဟာ ထိပ်ဆုံးကဦးဆောင်နေတဲ့
အင်တာနဲ့ တစ်မှတ်သာကွာတော့ပြီး ၅၂ မှတ်နဲ့
ဒုတိယနေရာကနေဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။
zawgyi
မီလန္ဒါဘီပြဲမွာေအစီမီလန္အတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို သြင္းယူေပးခဲ့တဲ့ သူရဲေကာင္း ဂီေရာ့ဒ္
အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းျဖစ္တဲ့ အိုလီဗာဂီေရာ့ဒ္ ဟာ
မေန႔ညက မီလန္ဒါဘီပြဲမွာေအစီမီလန္အတြက္
ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို သြင္းယူၿပီး သူရဲေကာင္းျဖစ္ခဲ့ပါတယ္။
ဂီေရာ့ဒ္ဟာ ၃ မိနစ္တာအခ်ိန္အတြင္းမွာဒီဂိုးေတြကိုသြင္း ယူခဲ့တာပါ။
သူ႔ဂိုးေတြေၾကာင့္ စီးရီးေအခ်န္ပီယံဘြဲ႕အတြက္ဒီႏွစ္သင္းအၾကား
ယွဥ္ၿပိဳင္မႈဟာပိုၿပီးအႀကိတ္အနယ္ျဖစ္ေစခဲ့သ လို
အင္တာမီလန္ရဲ႕ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၁၄ ပြဲဆက္
ရႈံးပြဲမရွိခဲ့မႈဟာလည္း ရပ္တန႔္ခဲ့ရပါတယ္။
ဒီပြဲမွာ အိမ္ရွင္အင္တာအတြင္ ပါရီဆစ္က ၃၈ မိနစ္မွ
ာဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဂီေရာ့ဒ္က ၇၅ မိနစ္နဲ႔ ၇၈ မိနစ္ေတြမွ
ာေခ်ပဂိုးနဲ႔အ ႏိုင္ဂိုးေတြကိုသြင္းယူႏိုင္ခဲ့တာပါ။
အထူးသျဖင့္သူ႔အႏိုင္ဂိုးဟာတကယ့္ကိုေကာင္းမြန္ခဲ့ၿပီး
ကာလာဘရီယာထိုးေပးလိုက္တဲ့ ေဘာလုံးကိုသူကလိုက္ရင္းနဲ႔
အင္တာေနာက္ခံလူ ဒီဘရစ္ဂ်္ကို လွည့္စားကာ
ေဝ့ဝိုက္ကန္ခ်က္နဲ႔ဂိုးသြင္းယူခဲ့တာျဖစ္ပါ တယ္။
ဒီပြဲမွာမီလန္ဂိုးသမား မိုင္နန္ကလည္းလက္စြမ္းျပခဲ့ၿပီး
သူ႔ရဲ႕ေကာင္းမြန္တဲ့ကာကြယ္ခ်က္အခ်ိဳ႕ေၾကာင့္သာ
အင္တာ ကေနာက္ထပ္ဦးေဆာင္ဂိုးေတြမရခဲ့တာျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဂီေရာ့ဒ္ဟာ ကစားေဖာ္အီဘရာဟီမိုဗစ္
ဒဏ္ရာရလို႔သာ ပြဲထြက္ကစားခဲ့ရတာျဖစ္ၿပီး
သူကအခုလိုစြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔
ဘယ္သူကမွထင္မွတ္ထားတာမဟုတ္ ပါဘူး။
ဒါေၾကာင့္လည္း အီတလီမီဒီယာေတြက သူ႔ကိုခ်ီးက်ဴးေနၾကၿပီး
အသိအမွတ္အျပဳမခံရတဲ့ သူရဲေကာင္း(unsung hero) အျဖစ္
ဂုဏ္ျပဳခဲ့သလို ေရာက္ေလရာအသင္းတိုင္းမွာ
ဘယ္သူကမွအားကိုးတႀကီးထည့္တြက္ျခင္းမခံခဲ့ရတဲ့
ဂီေရာ့ဒ္ ဟာ သူ႔ရဲ႕အေတြ႕အႀကဳံေတြကိုအသုံးခ်ၿပီး
ႀကီးက်ယ္ခမ္းနားတဲ့ဂိုးေတြကိုသြင္းႏိုင္ေသး သူလို႔လည္းခ်ီးက်ဴးၾကပါတယ္။
ပြဲအၿပီးမွာ ဂီေရာ့ဒ္က” ပထမပိုင္းမွာေတာ့စိတ္ပ်က္စရာျဖစ္ခဲ့ေသးတာေပါ့ဗ်ာ။
ကစားပုံကလည္းသိပ္မွမေကာင္းခဲ့တာ။
ဒုတိယပိုင္းမွာေတာ့ကြၽန္ေတာ္တို႔ ျပန္လာႏိုင္ခဲ့ၿပီး
အသင္းႏိုင္မယ့္ဂိုးေတြလည္းသြင္းေပးႏိုင္ခဲ့လို႔
အရမ္းကိုေက်နပ္ပါတယ္” လို႔ေျပာသြားပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ေအစီမီလန္ဟာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့
အင္တာနဲ႔ တစ္မွတ္သာကြာေတာ့ၿပီး ၅၂ မွတ္နဲ႔
ဒုတိယေနရာကေနဖိအားဆက္ေပးႏိုင္ခဲ့ပါတယ္။