
ချဲလ်ဆီးအသင်းဂိုးသမား အဒူရာဒိုမန်ဒီက မုဒိန်းမှုနဲ့စွဲချက်တင်ခံထားရတဲ့
မန်စီးတီးက ဘင်ဂျမင်မန်ဒီနဲ့ ဓါတ်ပုံမှားယွင်းဖော်ပြခံရမှုအတွက်ဒေါသထွက်နေပြီး
ဒါကိုဖော်ပြခဲ့တဲ့မီဒီယာတွေကို ပြင်းထန်စွာဝေဖန်လိုက်ပါတယ်။ ပြင်သစ်
လက်ရွေးစင်ဖြစ်တဲ့ ဘင်ဂျမင် ဟာ မုဒိန်းမှု ၆ ခု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု
တစ်ခုတို့နဲ့ စွဲချက်တင်ခံထားရပြီးလက်ရှိမှာ လီဗာပူးမြို့မှာရှိတဲ့ထောင်ထဲကနေ
အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒါကိုမီဒီယာအချို့ကသတင်းဖော်ပြခဲ့ရာမှာနောက်ဆုံးနာမည်ချင်းတူနေတဲ့အတွက်
အဒူရာဒိုနဲ့အတူ သူ့နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ ဖာလန်းမန်ဒီ တို့ရဲ့ပုံကို
မှားယွင်းဖော်ပြခဲ့မိတာပါ။ ဖာလန်းဟာ ပြင်သစ်လက်ရွေးစင်ဘယ်နောက်ခံလူ ဖြစ်ပြီး
ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေသူဖြစ်ပါတယ်။ အဒူရာဒိုကတော့
ဆီနီဂေါလက်ရွေးစင်တစ်ဦးဖြစ်ပြီး ဖာလန်းနဲ့ညီအစ်ကို တော်စပ်ပေမယ့်
ပြင်သစ်နိုင်ငံသားခံယူခွင့်ရမှုကို ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။ အဒူရာဒိုက
သူ့ရဲ့ အင်စတာဂရမ်ကနေပြီး ပြင်သစ်လိုရော အင်္ဂလိပ်ဘာသာနဲ့ပါဖော်ပြရာမှာ
” ၂၀၂၁ ထဲမှာမှအခုလိုမြင်ရတာဟာ သိပ်ကိုဝမ်းနည်းစရာကောင်းပါတယ်။
အချို့လူမည်းတွေဟာအမည်ရော ရုပ်အကျပါသိပ်မကွဲလွဲကြပါဘူး။ တန်ဖိုးရှိလှတဲ့
ဘောလုံးဂျာစီတွေမြင်နေရတဲ့အချိန်မှာ အခုလိုမျိုးမျက်နှာမှားယွင်းဖော်ပြမိတာဟာ
သိပ်ကိုရှက်ဖို့ကောင်းလှပါတယ်။ အခုအချိန်က ၂၀၂၁ ဖြစ်နေပါ ပြီ။ ခင်ဗျားတို့ဟာ
လူမည်းတွေကိုအလိုရှိရှိ မရှိရှိ ကျွန်တော်တို့ကိုလေးစားရမှာဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။
ဖာလန်းကလည်း အဒူရာဒို ရဲ့ပို့စ်ကို သူ့အင်စတာဂရမ်မှာကူးယူဖော်ပြခဲ့တာလည်း
တွေ့ရပါတယ်။ ပြင်သစ်ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ RFI ကတော့ အဒူရာဒိုကို
တွစ်တာကနေတစ်ဆင့်တောင်းပန်ခဲ့ပြီး ဓါတ်ပုံမှားယွင်းကြောင်း သိသိချင်းမှာဘဲ
ချက်ချင်းပြန်ဖျက်ပစ်လိုက်ပါပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့
ဘင်ဂျမင်ဟာ မုဒိန်းမှုစွပ်စွဲချက်တွေကြောင့် ပြီးခဲ့တဲဩဂုတ်လကတည်းက
ချုပ်နှောင်ခံထားရတာဖြစ်ပြီး တရားသူ ကြီးကသူ့အတွက် အာမခံပေးဖို့
ပယ်ချထားခဲ့ပါတယ်။ မန်ဒီဟာအခြားသူ ၄ ဦးနဲ့အတူ အမှုတွေအများကြီးတဲ့
စွဲချက်တင်ခံထားရတာဖြစ် ပြီး ထောင်ကျဖို့များနေတယ်လို့လည်း
သုံးသပ်ထားကြပါတယ်။
Zawgyi
မီဒီယာအခ်ိဳ႕ေၾကာင့္ မုဒိန္းသမားျဖစ္သြားတဲ့ ခ်ဲလ္ဆီးဂိုးသမား မန္ဒီ
ခ်ဲလ္ဆီးအသင္းဂိုးသမား အဒူရာဒိုမန္ဒီက မုဒိန္းမႈနဲ႔စြဲခ်က္တင္ခံထားရတဲ့
မန္စီးတီးက ဘင္ဂ်မင္မန္ဒီနဲ႔ ဓါတ္ပုံမွားယြင္းေဖာ္ျပခံရမႈအတြက္ေဒါသထြက္ေနၿပီး
ဒါကိုေဖာ္ျပခဲ့တဲ့မီဒီယာေတြကို ျပင္းထန္စြာေဝဖန္လိုက္ပါတယ္။ ျပင္သစ္
လက္ေ႐ြးစင္ျဖစ္တဲ့ ဘင္ဂ်မင္ ဟာ မုဒိန္းမႈ ၆ ခု၊ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ
တစ္ခုတို႔နဲ႔ စြဲခ်က္တင္ခံထားရၿပီးလက္ရွိမွာ လီဗာပူးၿမိဳ႕မွာရွိတဲ့ေထာင္ထဲကေန
အမႈရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါကိုမီဒီယာအခ်ိဳ႕ကသတင္းေဖာ္ျပခဲ့ရာမွာ
ေနာက္ဆုံးနာမည္ခ်င္းတူေနတဲ့အတြက္ အဒူရာဒိုနဲ႔အတူ သူ႔နဲ႔ ညီအစ္ကိုဝမ္းကြဲ
ေတာ္စပ္တဲ့ ဖာလန္းမန္ဒီ တို႔ရဲ႕ပုံကိုမွားယြင္းေဖာ္ျပခဲ့မိတာပါ။ ဖာလန္းဟာ
ျပင္သစ္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းမွာ
ကစားေနသူျဖစ္ပါတယ္။ အဒူရာဒိုကေတာ့ ဆီနီေဂါလက္ေ႐ြးစင္တစ္ဦးျဖစ္ၿပီး
ဖာလန္းနဲ႔ညီအစ္ကို ေတာ္စပ္ေပမယ့္ ျပင္သစ္ႏိုင္ငံသားခံယူခြင့္ရမႈကို
ျငင္းပယ္ခဲ့သူျဖစ္ပါတယ္။ အဒူရာဒိုကသူ႔ရဲ႕ အင္စတာဂရမ္ကေနၿပီး
ျပင္သစ္လိုေရာ အဂၤလိပ္ဘာသာနဲ႔ပါေဖာ္ျပရာမွာ ” ၂၀၂၁ ထဲမွာမွအခုလို
ျမင္ရတာဟာ သိပ္ကိုဝမ္းနည္းစရာေကာင္းပါတယ္။ အခ်ိဳ႕လူမည္းေတြဟာ
အမည္ေရာ ႐ုပ္အက်ပါသိပ္မကြဲလြဲၾကပါဘူး။ တန္ဖိုးရွိလွတဲ့ ေဘာလုံးဂ်ာစီေတြ
ျမင္ေနရတဲ့အခ်ိန္မွာ အခုလိုမ်ိဳးမ်က္ႏွာမွားယြင္းေဖာ္ျပမိတာဟာ သိပ္ကိုရွက္ဖို႔
ေကာင္းလွပါတယ္။ အခုအခ်ိန္က ၂၀၂၁ ျဖစ္ေနပါ ၿပီ။ ခင္ဗ်ားတို႔ဟာ လူမည္းေတြကို
အလိုရွိရွိ မရွိရွိ ကြၽန္ေတာ္တို႔ကိုေလးစားရမွာျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။
ဖာလန္းကလည္း အဒူရာဒို ရဲ႕ပို႔စ္ကို သူ႔အင္စတာဂရမ္မွာကူးယူေဖာ္ျပခဲ့တာလည္း
ေတြ႕ရပါတယ္။ ျပင္သစ္ေရဒီယိုဌာနတစ္ခုျဖစ္တဲ့ RFI ကေတာ့ အဒူရာဒိုကို
တြစ္တာကေနတစ္ဆင့္ေတာင္းပန္ခဲ့ၿပီး ဓါတ္ပုံမွားယြင္းေၾကာင္း သိသိခ်င္းမွာဘဲ
ခ်က္ခ်င္းျပန္ဖ်က္ပစ္လိုက္ပါၿပီလို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္ရွိတဲ့
ဘင္ဂ်မင္ဟာ မုဒိန္းမႈစြပ္စြဲခ်က္ေတြေၾကာင့္ ၿပီးခဲ့တဲဩဂုတ္လကတည္းက
ခ်ဳပ္ေႏွာင္ခံထားရတာျဖစ္ၿပီး တရားသူ ႀကီးကသူ႔အတြက္ အာမခံေပးဖို႔
ပယ္ခ်ထားခဲ့ပါတယ္။ မန္ဒီဟာအျခားသူ ၄ ဦးနဲ႔အတူ အမႈေတြအမ်ားႀကီးတဲ့
စြဲခ်က္တင္ခံထားရတာျဖစ္ ၿပီး ေထာင္က်ဖို႔မ်ားေနတယ္လို႔လည္း
သုံးသပ္ထားၾကပါတယ္။