
ချဲလ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့
ကန်တီက အေဘရာမိုဗစ်ချ်ရဲ့လုံးဝမထင်ထားတဲ့အသင်းကိုရောင်းချမယ့်
ဆုံးဖြတ်ချက်ကြောင့် သူတို့တစ်သင်းသားလုံး
အံ့သြတုန်လှုပ်သွားခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။
၂၀၀၃ ကတည်းက ချဲလ်ဆီးပိုင်ရှင်ဖြစ်လာတဲ့ မိုဗစ်ချ်ဟာ
သူပိုင်ဆိုင်ခဲ့တဲ့ ၁၉ နှစ်တာအချိန်အများစုမှာ အသင်းကို ရောင်းဖို့ အသံမထွက်ခဲ့သူပါ။
ဒါပေမဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှုပေါ်ပေါက်ခဲ့ပြီးကတည်းက
ရုရှားဘီလျံနာတစ်ယောက်ဖြစ်တဲ့ မိုဗစ်ချ်အပေါ် ဖိအားတွေရှိလာခဲ့ပါတယ်။
ဒါကြောင့်လည်း ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကို မထိခိုက်ဖို့အတွက်
သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို အသင်းဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးခဲ့တာပါ။
ဒါပေမဲ့လည်း ဗြိတိန်က ပါလီမန်အမတ်တွေဟာ မိုဗစ်ချ်ကို
ပိတ်ပင်မှုလုပ်ဖို့ တောင်းဆိုမှုတွေပိုလုပ်လာတဲ့အတွက်
အဲဒီချဲလ်ဆီးပိုင်ရှင်ဟာလည်း နောက်တင့်တက်ပြီး
အသင်းကိုရောင်းချဖို့ အမြန်စီစဉ်ရပါတော့တယ်။
အခြေအနေက လျင်လျင်မြန်မြန်ကို ပြောင်းလဲသွားတာဖြစ်လို့
သူတို့ကစားသမားတွေအနေနဲ့ ဒီလိုဖြစ်မယ်လို့
မမျှော်လင့်ထားကြောင်း ကန်တီက ဆိုခဲ့တာပါ။
”ကျွန်တော်တို့မမျှော်လင့်ထားတဲ့ တစ်စုံတစ်ခုပါပဲ။
အရမ်းကို လျင်လျင်မြန်မြန်ဖြစ်သွားတာပါ”လို့ ကန်တီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ကန်တီက အသင်းနောက်ကွယ်က အကြောင်းအရာတွေကို
စိုးရိမ်နေဖို့ထက် ကွင်းထဲက စွမ်းဆောင်မှုကိုသာ အာရုံစိုက်ကြဖို့
သူ့အသင်းဖော်တွေကို တိုက်တွန်းထားပါတယ်။
အေဘရာမိုဗစ်ချ်ရဲ့ထွက်ခွာမှုကြောင့် လာမယ့်လတွေမှာ
အသင်းရဲ့အဓိကကစားသမားတွေထွက်ခွာသွားမှာကိုလည်း
ချဲလ်ဆီးပရိသတ်အချို့က စိုးရိမ်နေကြတာပါ။
ဒါပေမဲ့ ကန်တီကတော့ အနောက်လန်ဒန်မှာပဲ သူဆက်ရှိချင်တယ်လို့
အခိုင်အမာအရိပ်အမြွက်ပြောသွားပါတယ်။
zawgyi
မိုဗစ္ခ်္ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ သူတို႔တစ္သင္းသားလုံး အံ့ၾသတုန္လႈပ္သြားခဲ့ေၾကာင္း ကန္တီဝန္ခံ
ခ်ဲလ္ဆီးအသင္းရဲ႕ၾကယ္ပြင့္ကစားသမားတစ္ေယာက္ျဖစ္တဲ့
ကန္တီက ေအဘရာမိုဗစ္ခ်္ရဲ႕လုံးဝမထင္ထားတဲ့အသင္းကိုေရာင္းခ်မယ့္
ဆုံးျဖတ္ခ်က္ေၾကာင့္ သူတို႔တစ္သင္းသားလုံး
အံ့ၾသတုန္လႈပ္သြားခဲ့ေၾကာင္း ဝန္ခံလိုက္ပါတယ္။
၂၀၀၃ ကတည္းက ခ်ဲလ္ဆီးပိုင္ရွင္ျဖစ္လာတဲ့ မိုဗစ္ခ်္ဟာ
သူပိုင္ဆိုင္ခဲ့တဲ့ ၁၉ ႏွစ္တာအခ်ိန္အမ်ားစုမွာ အသင္းကို ေရာင္းဖို႔ အသံမထြက္ခဲ့သူပါ။
ဒါေပမဲ့ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္မႈေပၚေပါက္ခဲ့ၿပီးကတည္းက
႐ုရွားဘီလ်ံနာတစ္ေယာက္ျဖစ္တဲ့ မိုဗစ္ခ်္အေပၚ ဖိအားေတြရွိလာခဲ့ပါတယ္။
ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးကို မထိခိုက္ဖို႔အတြက္
သူ႔ရဲ႕လုပ္ပိုင္ခြင့္ေတြကို အသင္းေဖာင္ေဒးရွင္းထံ လႊဲေျပာင္းေပးခဲ့တာပါ။
ဒါေပမဲ့လည္း ၿဗိတိန္က ပါလီမန္အမတ္ေတြဟာ မိုဗစ္ခ်္ကို
ပိတ္ပင္မႈလုပ္ဖို႔ ေတာင္းဆိုမႈေတြပိုလုပ္လာတဲ့အတြက္
အဲဒီခ်ဲလ္ဆီးပိုင္ရွင္ဟာလည္း ေနာက္တင့္တက္ၿပီး
အသင္းကိုေရာင္းခ်ဖို႔ အျမန္စီစဥ္ရပါေတာ့တယ္။
အေျခအေနက လ်င္လ်င္ျမန္ျမန္ကို ေျပာင္းလဲသြားတာျဖစ္လို႔
သူတို႔ကစားသမားေတြအေနနဲ႔ ဒီလိုျဖစ္မယ္လို႔
မေမွ်ာ္လင့္ထားေၾကာင္း ကန္တီက ဆိုခဲ့တာပါ။
”ကြၽန္ေတာ္တို႔မေမွ်ာ္လင့္ထားတဲ့ တစ္စုံတစ္ခုပါပဲ။
အရမ္းကို လ်င္လ်င္ျမန္ျမန္ျဖစ္သြားတာပါ”လို႔ ကန္တီက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
အခုေတာ့ ကန္တီက အသင္းေနာက္ကြယ္က အေၾကာင္းအရာေတြကို
စိုးရိမ္ေနဖို႔ထက္ ကြင္းထဲက စြမ္းေဆာင္မႈကိုသာ အာ႐ုံစိုက္ၾကဖို႔
သူ႔အသင္းေဖာ္ေတြကို တိုက္တြန္းထားပါတယ္။
ေအဘရာမိုဗစ္ခ်္ရဲ႕ထြက္ခြာမႈေၾကာင့္ လာမယ့္လေတြမွာ
အသင္းရဲ႕အဓိကကစားသမားေတြထြက္ခြာသြားမွာကိုလည္း
ခ်ဲလ္ဆီးပရိသတ္အခ်ိဳ႕က စိုးရိမ္ေနၾကတာပါ။
ဒါေပမဲ့ ကန္တီကေတာ့ အေနာက္လန္ဒန္မွာပဲ သူဆက္ရွိခ်င္တယ္လို႔
အခိုင္အမာအရိပ္အႁမြက္ေျပာသြားပါတယ္။