မိုဗစ်က ဂတ်တူဆိုကို တစ်ကိုယ်လုံး မ ပြီး အမှိုက်ပုံးထဲ ပစ်ချလိုက်တာဗျ။  – သီယာဂိုဆေးလ်ဗား

လက်ရှိအချိန်မှာ နည်းပြတစ်ယောက်ဖြစ်နေတဲ့ အေစီမီလန်ကွင်းလယ်လူဟောင်း

ဂတ်တူဆိုဟာ ကစားသမားဘဝတုန်းက ကြမ်းကြမ်းတမ်းတမ်းကစားတတ်၊

ဒေါသကြီးတတ်သူလို့ နာမည်ကြီးပါတယ်။ အဲဒီအချိန်က ကစားသမားအတော်များများဟာ

ဂတ်တူဆိုနဲ့တွေ့တာနဲ့ ဖြုံသွားတတ်ပါတယ်။

အေစီမီလန်မှာ တစ်ကျော့ပြန်ကစားနေတဲ့အီဘရာဟီမိုဗစ်ဆိုတာကလည်း

ကွင်းထဲမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့ကိုယ်သူ ဘုရင်လို့ သတ်မှတ်ထားတဲ့သူပါ။

လက်ရှိချဲလ်ဆီးကြယ်ပွင့်သီယာဂိုဆေးလ်ဗားဟာ အဲဒီဆွီဒင်သားတိုက်စစ်မှုးနဲ့

ပီအက်စ်ဂျီမှာ အတူကစားခဲ့ဖူးသလို မိုဗစ်၊ဂတ်တူဆိုတို့နှစ်ယောက်နဲ့လည်း

အေစီမီလန်မှာ အတူကစားခဲ့ဖူးပါတယ်။အဲဒီမှာ ၄၀ အရွယ် မိုဗစ်က

သူ့ထက်စီနီယာကျတဲ့ ဂတ်ဆူဆိုကို အေစီမှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ

သီယာဂိုဆေးလ်ဗားက အင်တာဗျူးတစ်ခုမှာ အခုလိုဖွင့်ဟခဲ့ပါတယ်။

”ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကတော့ အီဘရာဟီမိုဗစ်ပါ။ တစ်ရက်တော့

လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ဂတ်တူဆိုက မိုဗစ်ကို တစ်မနက်လုံးလိုက်ပြီး

ရန်စနေပါတယ်။ မိုဗစ်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။

တကယ်တော့ သိပ်မကြာခင်မှာပဲ သူ့ရဲ့လက်စားချေတာ လာပါလိမ့်မယ်။

လေ့ကျင့်ရေးအပြီး အဝတ်အစားလဲခန်းထဲမှာ သူတို့နှစ်ယောက်ပြန်တွေ့ကြတယ်ပေါ့လေ။

အဲဒီမှာ မိုဗစ်က ဂတ်တူဆိုကို တစ်ကိုယ်လုံး မ ပြီး အမှိုက်ပုံးထဲ ပစ်ချလိုက်တာဗျ။

လုံးဝမယုံနိုင်ဖြစ်သွားတယ်။ ဂတ်တူဆိုရဲ့မျက်နှာကို တွေးမိတာနဲ့ ကျွန်တော်တို့အားလုံး

စရယ်ကြတာပေါ့။ ကျွန်တော်ဆို တစ်ပတ်လောက် အရယ်ရပ်မရဘူးဆိုတာ

ကျိန်ပြောရဲတယ်”လို့ သီယာဂိုဆေးလ်ဗားက ဖွင့်ဟခဲ့တာပါ။

အခုတော့ မိုဗစ်ဟာ တစ်ကျော့ပြန်အေစီမီလန်ကစားသမားဘဝမှာလည်း

ဂိုးသွင်းခြေစွမ်းပြနိုင်နေပြီး အသင်းရဲ့အရေးပါသူဖြစ်နေဆဲပါပဲ။

ဂတ်တူဆိုကတော့ နည်းပြဘဝမှာ သူ့အအသင်းဟောင်းအေစီမီလန်နဲ့

နာပိုလီတို့ကို ကိုယ်တွယ်ခဲ့ကာ လက်ရှိမှာတော့ ကလပ်လက်မဲ့ဖြစ်နေတာပါ။

zawgyi

မိုဗစ္က ဂတ္တူဆိုကို တစ္ကိုယ္လုံး မ ၿပီး အမႈိက္ပုံးထဲ ပစ္ခ်လိုက္တာဗ်။  – သီယာဂိုေဆးလ္ဗား

လက္ရွိအခ်ိန္မွာ နည္းျပတစ္ေယာက္ျဖစ္ေနတဲ့ ေအစီမီလန္ကြင္းလယ္လူေဟာင္း

ဂတ္တူဆိုဟာ ကစားသမားဘဝတုန္းက ၾကမ္းၾကမ္းတမ္းတမ္းကစားတတ္၊

ေဒါသႀကီးတတ္သူလို႔ နာမည္ႀကီးပါတယ္။ အဲဒီအခ်ိန္က ကစားသမားအေတာ္မ်ားမ်ားဟာ

ဂတ္တူဆိုနဲ႔ေတြ႕တာနဲ႔ ၿဖဳံသြားတတ္ပါတယ္။

ေအစီမီလန္မွာ တစ္ေက်ာ့ျပန္ကစားေနတဲ့အီဘရာဟီမိုဗစ္ဆိုတာကလည္း

ကြင္းထဲမွာ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘဲ သူ႔ကိုယ္သူ ဘုရင္လို႔ သတ္မွတ္ထားတဲ့သူပါ။

လက္ရွိခ်ဲလ္ဆီးၾကယ္ပြင့္သီယာဂိုေဆးလ္ဗားဟာ အဲဒီဆြီဒင္သားတိုက္စစ္မႈးနဲ႔

ပီအက္စ္ဂ်ီမွာ အတူကစားခဲ့ဖူးသလို မိုဗစ္၊ဂတ္တူဆိုတို႔ႏွစ္ေယာက္နဲ႔လည္း

ေအစီမီလန္မွာ အတူကစားခဲ့ဖူးပါတယ္။အဲဒီမွာ ၄၀ အ႐ြယ္ မိုဗစ္က

သူ႔ထက္စီနီယာက်တဲ့ ဂတ္ဆူဆိုကို ေအစီမွာ ဘယ္လိုလုပ္ခဲ့သလဲဆိုတာ

သီယာဂိုေဆးလ္ဗားက အင္တာဗ်ဴးတစ္ခုမွာ အခုလိုဖြင့္ဟခဲ့ပါတယ္။

”ဒီဇာတ္လမ္းရဲ႕ဇာတ္လိုက္ကေတာ့ အီဘရာဟီမိုဗစ္ပါ။ တစ္ရက္ေတာ့

ေလ့က်င့္ေရးအစီအစဥ္တစ္ခုမွာ ဂတ္တူဆိုက မိုဗစ္ကို တစ္မနက္လုံးလိုက္ၿပီး

ရန္စေနပါတယ္။ မိုဗစ္ကေတာ့ ဘာတစ္ခြန္းမွ ျပန္မေျပာခဲ့ပါဘူး။

တကယ္ေတာ့ သိပ္မၾကာခင္မွာပဲ သူ႔ရဲ႕လက္စားေခ်တာ လာပါလိမ့္မယ္။

ေလ့က်င့္ေရးအၿပီး အဝတ္အစားလဲခန္းထဲမွာ သူတို႔ႏွစ္ေယာက္ျပန္ေတြ႕ၾကတယ္ေပါ့ေလ။

အဲဒီမွာ မိုဗစ္က ဂတ္တူဆိုကို တစ္ကိုယ္လုံး မ ၿပီး အမႈိက္ပုံးထဲ ပစ္ခ်လိုက္တာဗ်။

လုံးဝမယုံႏိုင္ျဖစ္သြားတယ္။ ဂတ္တူဆိုရဲ႕မ်က္ႏွာကို ေတြးမိတာနဲ႔ ကြၽန္ေတာ္တို႔အားလုံး

စရယ္ၾကတာေပါ့။ ကြၽန္ေတာ္ဆို တစ္ပတ္ေလာက္ အရယ္ရပ္မရဘူးဆိုတာ

က်ိန္ေျပာရဲတယ္”လို႔ သီယာဂိုေဆးလ္ဗားက ဖြင့္ဟခဲ့တာပါ။

အခုေတာ့ မိုဗစ္ဟာ တစ္ေက်ာ့ျပန္ေအစီမီလန္ကစားသမားဘဝမွာလည္း

ဂိုးသြင္းေျခစြမ္းျပႏိုင္ေနၿပီး အသင္းရဲ႕အေရးပါသူျဖစ္ေနဆဲပါပဲ။

ဂတ္တူဆိုကေတာ့ နည္းျပဘဝမွာ သူ႔အအသင္းေဟာင္းေအစီမီလန္နဲ႔

နာပိုလီတို႔ကို ကိုယ္တြယ္ခဲ့ကာ လက္ရွိမွာေတာ့ ကလပ္လက္မဲ့ျဖစ္ေနတာပါ။