
အမ်ဘာပီကတော့ သူ့ရဲ့မိုနာကိုအသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့





ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူပေးဖို့ ပီအက်စ်ဂျီအသင်းထံကို
အပူကပ်နေပြန်တယ်လို့ The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။





ပေါ်တူဂီလက်ရွေးစင်ဟာ လာမယ့်နွေရာသီမှာ အနာဂတ်နဲ့
ပက်သတ်လို့ မန်စီးတီးအသင်းနဲ့တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးသွားဖို့
ရှိနေသူဖြစ်တယ်။ တနည်းအားဖြင့်တော့ မန်စီးတီးဘက်က





ဘာနာဒိုကိုဆက်ထိန်းဖို့ရုန်းကန်နေရချိန်မှာ အမ်ဘာပီက
ခေါ်ယူပေးဖို့အတွက် တောင်းဆိုနေတာပါ။ ဘာနာဒိုဆေးလ်ဗားဟာ





လွန်ခဲ့တဲ့ ၂ရာသီအတွင်းမှာ သူ့အတွက်ကမ်းလှမ်းမှုတွေကို
နားထောင်ပေးဖို့ မန်စီးတီးအသင်းထံကိုတောင်းဆိုထားသူဖြစ်ပါတယ်။
တရားဝင်ကမ်းလှမ်းမှုတွေမရှိခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းဟာ





ပေါ်တူဂီကြယ်ပွင့်ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုအရှိဆုံး
တစ်သင်းဖြစ်ခဲ့တာပါ။ ရီးရဲလ်ကိုငြင်းဆန်ပြီး ပီအက်စ်ဂျီနဲ့





စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့နောက် ပါရီကလပ်မှာ အမ်ဘာပီရဲ့
သြဇာအာဏာကပိုပြီးကြီးမားလာခဲ့တာဖြစ်တယ်။
ဒီလိုအနေအထားမှာ သူကိုယ်တိုင် ပီအက်စ်ဂျီမှာဆက်နေဖို့အတွက်





ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူပေးဖို့အလိုရှိလာတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ မိုနာကိုရှိစဉ်ကတည်းကအတွဲညီခဲ့သူတွေ





ဖြစ်တာကြောင့် အမ်ဘာပီဘက်ကတကျော့ပြန်လက်တွဲဖို့
ဆန္ဒရှိနေတာဖြစ်တယ်။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးနဲ့
၂၀၂၅ အထိစာချုပ်သက်တမ်းရှိသူဖြစ်တာကြောင့်





ပီအက်စ်ဂျီအနေနဲ့ သူ့ကိုအီတီဟတ်က ချက်ချင်းဆွဲထုတ်ဖို့အတွက်
မြင့်မားတဲ့ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ရဖို့ရှိနေပါတယ်။





zawgyi
မိုနာကိုလက္တြဲေဖာ္ေဟာင္း ဘာနာဒိုေဆးလ္ဗားကိုေခၚယူေပးဖို႔ ပီအက္စ္ဂ်ီအသင္းထံ အမ္ဘာပီ ေနာက္တစ္ႀကိမ္ေတာင္းဆိုလာျပန္
အမ္ဘာပီကေတာ့ သူ႔ရဲ႕မိုနာကိုအသင္းေဖာ္ေဟာင္းျဖစ္ခဲ့ဖူးတဲ့





ဘာနာဒိုေဆးလ္ဗားကိုေခၚယူေပးဖို႔ ပီအက္စ္ဂ်ီအသင္းထံကို
အပူကပ္ေနျပန္တယ္လို႔ The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။





ေပၚတူဂီလက္ေ႐ြးစင္ဟာ လာမယ့္ေႏြရာသီမွာ အနာဂတ္နဲ႔
ပက္သတ္လို႔ မန္စီးတီးအသင္းနဲ႔ေတ့ေတ့ဆိုင္ဆိုင္ေဆြးေႏြးသြားဖို႔
ရွိေနသူျဖစ္တယ္။ တနည္းအားျဖင့္ေတာ့ မန္စီးတီးဘက္က





ဘာနာဒိုကိုဆက္ထိန္းဖို႔႐ုန္းကန္ေနရခ်ိန္မွာ အမ္ဘာပီက
ေခၚယူေပးဖို႔အတြက္ ေတာင္းဆိုေနတာပါ။ ဘာနာဒိုေဆးလ္ဗားဟာ





လြန္ခဲ့တဲ့ ၂ရာသီအတြင္းမွာ သူ႔အတြက္ကမ္းလွမ္းမႈေတြကို
နားေထာင္ေပးဖို႔ မန္စီးတီးအသင္းထံကိုေတာင္းဆိုထားသူျဖစ္ပါတယ္။
တရားဝင္ကမ္းလွမ္းမႈေတြမရွိခဲ့ေပမဲ့ ပီအက္စ္ဂ်ီအသင္းဟာ





ေပၚတူဂီၾကယ္ပြင့္ကိုေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈအရွိဆုံး
တစ္သင္းျဖစ္ခဲ့တာပါ။ ရီးရဲလ္ကိုျငင္းဆန္ၿပီး ပီအက္စ္ဂ်ီနဲ႔





စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ေနာက္ ပါရီကလပ္မွာ အမ္ဘာပီရဲ႕
ၾသဇာအာဏာကပိုၿပီးႀကီးမားလာခဲ့တာျဖစ္တယ္။
ဒီလိုအေနအထားမွာ သူကိုယ္တိုင္ ပီအက္စ္ဂ်ီမွာဆက္ေနဖို႔အတြက္





ဘာနာဒိုေဆးလ္ဗားကိုေခၚယူေပးဖို႔အလိုရွိလာတာျဖစ္ပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ မိုနာကိုရွိစဥ္ကတည္းကအတြဲညီခဲ့သူေတြ





ျဖစ္တာေၾကာင့္ အမ္ဘာပီဘက္ကတေက်ာ့ျပန္လက္တြဲဖို႔
ဆႏၵရွိေနတာျဖစ္တယ္။ ဘာနာဒိုေဆးလ္ဗားဟာ မန္စီးတီးနဲ႔
၂၀၂၅ အထိစာခ်ဳပ္သက္တမ္းရွိသူျဖစ္တာေၾကာင့္





ပီအက္စ္ဂ်ီအေနနဲ႔ သူ႔ကိုအီတီဟတ္က ခ်က္ခ်င္းဆြဲထုတ္ဖို႔အတြက္
ျမင့္မားတဲ့ကမ္းလွမ္းမႈတစ္ရပ္ျပဳလုပ္ရဖို႔ရွိေနပါတယ္။