မိုနာကိုနဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ လေဗာကူဆင်ဂိုးသမားရဲ့ဖြစ်စဉ်က ပြစ်ဒဏ်ဘောသာဖြစ်တယ်လို့ ပရိသတ်တွေ ယူဆ

ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲမှာ ထူးထူးခြားခြားကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တာကို

တွေ့လိုက်ရတဲ့နောက် ပရိသတ်တွေအံ့အားသင့်နေကြတယ်လို့ The Sun သတင်းစာက

ဖော်ပြလိုက်ပါတယ်။ လေဗာကူဆင်ဂိုးသမား ဟာရာဒက်ကီအနေနဲ့ သူ့ဂိုးထဲသူ

ပြန်သွင်းမိတဲ့အပေါ်အတော်လေးခက်ခက်ခဲခဲခံစားနေရမှာပါ။ ပွဲချိန် ၉ မိနစ်မှာ

လေဗာကူဆင်နောက်ခံလူက ဂိုးသမားဆီဘောလုံးပြန်ပေးခဲ့ရာမှာ ဟာရာဒက်ကီက

ရှေ့ကိုကန်ထုတ်ဖို့နှေးကွေးနေခဲ့ပြီး ဘောလုံးကိုဂိုးပေါက်နားပြန်သယ်သွားချိန်မှာ

ပြိုင်ဘက်တိုက်စစ်မှူး အမ်ဘိုလိုက သူ့နားလာပြီးလုံးထွေးခဲ့တဲ့နောက်

ဘောလုံးကဂိုးဝင်သွားခဲ့တာဖြစ်တယ်။ ဖင်လန်ဂိုးသမားဟာ သူ့နားကိုအမ်ဘိုလို

ရောက်လာချိန်မှာ ဘောလုံးကိုမြန်မြန်ဆန်ဆန်မရှင်းထုတ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ကာယကံရှင် ဟာရာဒက်ကီနဲ့ လေဗာကူဆင်နည်းပြအလွန်ဆိုတို့ကတော့

အမ်ဘိုလိုဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ဒေါသထွက်ခဲ့ကြပါတယ်။

ကွင်းလယ်ဒိုင် ဂရင်ဖီးလ်ကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အနေအထားကနေ

ဂိုးအဖြစ်ခွင့်ပြုသွားခဲ့တာဖြစ်တယ်။ အနှေးပြကွက်တွေမှာတော့ အမ်ဘိုလိုဟာ

ဟာရာဒက်ကီနဲ့ဝင်တိုက်မိပြီး ဘောလုံးက ဆွစ်ဇာလန်တိုက်စစ်မှူးနဲ့လုံးဝမထိဘဲဂိုးဝင်သွားခဲ့တာပါ။

“ပထမဆုံးလာထိတာက ဘောလုံးကိုမဟုတ်ပါဘူး၊ ဂိုးသမားကိုပါ။

သေချာတာပေါ့၊ ပြစ်ဒဏ်ဘောပါ” လို့ ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို

ဒုတိယတစ်ယောက်က “ဝိုး…ပြစ်ဒဏ်ဘောဆိုတာရှင်းနေပါတယ်၊

ဘောလုံးရနေတဲ့လူကို အတားအဆီးဖြစ်အောင်လုပ်ခဲ့တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

တတိယတစ်ယောက်ကတော့ “ဂိုးမဟုတ်ပါ။ တိုက်စစ်မှူးက ဘောလုံးနဲ့

မသက်ဆိုင်ဘဲ ဂိုးသမားနဲ့သာထိခဲ့ပါတယ်” လို့ အဆိုပြုခဲ့ပြီး စတုတ္ထတစ်ယောက်က

“ဒါကို ပြစ်ဒဏ်ဘောလို့မခေါ်ရင် ဘာလို့ခေါ်ရမလဲ။ ဂိုးသမားနဲ့ပွတ်တိုက်မိခဲ့ပြီး

ဘောလုံးနဲ့တော့လုံးဝအဆက်အသွယ်မရှိခဲ့ပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

zawgyi

မိုနာကိုနဲ႔ပြဲမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ေလဗာကူဆင္ဂိုးသမားရဲ႕ျဖစ္စဥ္က ျပစ္ဒဏ္ေဘာသာျဖစ္တယ္လို႔ ပရိသတ္ေတြ ယူဆ

ယူ႐ိုပါလိဂ္ပြဲစဥ္တစ္ပြဲမွာ ထူးထူးျခားျခားကိုယ့္ဂိုးကိုယ္ျပန္သြင္းခဲ့တာကို

ေတြ႕လိုက္ရတဲ့ေနာက္ ပရိသတ္ေတြအံ့အားသင့္ေနၾကတယ္လို႔ The Sun သတင္းစာက

ေဖာ္ျပလိုက္ပါတယ္။ ေလဗာကူဆင္ဂိုးသမား ဟာရာဒက္ကီအေနနဲ႔ သူ႔ဂိုးထဲသူ

ျပန္သြင္းမိတဲ့အေပၚအေတာ္ေလးခက္ခက္ခဲခဲခံစားေနရမွာပါ။ ပြဲခ်ိန္ ၉ မိနစ္မွာ

ေလဗာကူဆင္ေနာက္ခံလူက ဂိုးသမားဆီေဘာလုံးျပန္ေပးခဲ့ရာမွာ ဟာရာဒက္ကီက

ေရွ႕ကိုကန္ထုတ္ဖို႔ေႏွးေကြးေနခဲ့ၿပီး ေဘာလုံးကိုဂိုးေပါက္နားျပန္သယ္သြားခ်ိန္မွာ

ၿပိဳင္ဘက္တိုက္စစ္မႉး အမ္ဘိုလိုက သူ႔နားလာၿပီးလုံးေထြးခဲ့တဲ့ေနာက္

ေဘာလုံးကဂိုးဝင္သြားခဲ့တာျဖစ္တယ္။ ဖင္လန္ဂိုးသမားဟာ သူ႔နားကိုအမ္ဘိုလို

ေရာက္လာခ်ိန္မွာ ေဘာလုံးကိုျမန္ျမန္ဆန္ဆန္မရွင္းထုတ္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ ကာယကံရွင္ ဟာရာဒက္ကီနဲ႔ ေလဗာကူဆင္နည္းျပအလြန္ဆိုတို႔ကေတာ့

အမ္ဘိုလိုဟာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး ေဒါသထြက္ခဲ့ၾကပါတယ္။

ကြင္းလယ္ဒိုင္ ဂရင္ဖီးလ္ကေတာ့ သူတို႔နဲ႔ဆန႔္က်င္ဘက္အေနအထားကေန

ဂိုးအျဖစ္ခြင့္ျပဳသြားခဲ့တာျဖစ္တယ္။ အေႏွးျပကြက္ေတြမွာေတာ့ အမ္ဘိုလိုဟာ

ဟာရာဒက္ကီနဲ႔ဝင္တိုက္မိၿပီး ေဘာလုံးက ဆြစ္ဇာလန္တိုက္စစ္မႉးနဲ႔လုံးဝမထိဘဲဂိုးဝင္သြားခဲ့တာပါ။

“ပထမဆုံးလာထိတာက ေဘာလုံးကိုမဟုတ္ပါဘူး၊ ဂိုးသမားကိုပါ။

ေသခ်ာတာေပါ့၊ ျပစ္ဒဏ္ေဘာပါ” လို႔ ပရိသတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို

ဒုတိယတစ္ေယာက္က “ဝိုး…ျပစ္ဒဏ္ေဘာဆိုတာရွင္းေနပါတယ္၊

ေဘာလုံးရေနတဲ့လူကို အတားအဆီးျဖစ္ေအာင္လုပ္ခဲ့တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

တတိယတစ္ေယာက္ကေတာ့ “ဂိုးမဟုတ္ပါ။ တိုက္စစ္မႉးက ေဘာလုံးနဲ႔

မသက္ဆိုင္ဘဲ ဂိုးသမားနဲ႔သာထိခဲ့ပါတယ္” လို႔ အဆိုျပဳခဲ့ၿပီး စတုတၳတစ္ေယာက္က

“ဒါကို ျပစ္ဒဏ္ေဘာလို႔မေခၚရင္ ဘာလို႔ေခၚရမလဲ။ ဂိုးသမားနဲ႔ပြတ္တိုက္မိခဲ့ၿပီး

ေဘာလုံးနဲ႔ေတာ့လုံးဝအဆက္အသြယ္မရွိခဲ့ပါဘူး” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။