မိုနာကိုနဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီရသွားတဲ့ ဂိုးပေါက်အလွဲဆုံးဆု

ပီအက်စ်ဂျီနဲ့ မိုနာကိုတို့ ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပီဟာ အမြင့်မားဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဆုတစ်ခု ရသွားခဲ့ပါတယ်။ ဒီဆုကိုတော့ ဘယ်အဖွဲ့အစည်းကပေးတာမှ မဟုတ်သလို ပရိသတ်တွေကလည်း ပေးတာမျိုးမဟုတ်ဘဲ လူမှုကွန်ရက်တွေပေါ်မှာ

လူအများက ဝေဖန် ပြောဆိုရင်းနဲ့ ဆုပေးခဲ့တာမျိုးပဲ ဖြစ်ပါတယ်။ ပဲရစ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး အမ်ဘာပီဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ၆ ကိုက်စည်းအတွင်းကနေ ဘောလုံးကန်သွင်းတာ ဂိုးမဝင်ခဲ့ပါဘူး။ အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီဟာ

မိနစ် ၂၀ မှာကတည်းက ဗိုလန်ရဲ့ သွင်းဂိုးကြောင့် နောက်ကနေပြီး လိုက်ကစားခဲ့ရတာပါ။ ဒါပေမဲ့ ပွဲချိန် ၄၅ မိနစ်မှာတော့ အကောင်းဆုံး အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ မက်ဆီနဲ့ အမ်ဘာပီတို့ အတွဲအဖက်မိမိ ထိုး ဖောက်လာပြီး အားပါတဲ့ မက်ဆီရဲ့ ကန်ချက်ဟာ

ဂိုးတိုင်ထိပြီး ပြန်ထွက်လာချိန်မှာ အမ်ဘာပီဆီကို တည့်တည့်ရောက်သွားခဲ့တယ်။ အဲဒီအချိန် အမ်ဘာပီရဲ့ရှေ့မှာ ဂိုးသမားလည်း မရှိတော့သလို နောက်ခံလူတွေလည်းမရှိ တော့ဘဲ ဂိုးပေါက်ကြီးက ဟာလာဟင်းလင်းဖြစ်နေတာပါ။ ဒါပေမဲ့ ဒီဘောလုံး ကို ပြင်သစ်သားကန်လိုက်တဲ့

ကန်ချက်က ဂိုးတိုင်ထိပြီး ပြန်ထွက်လာတာ ကြောင့် မိုနာကိုအသင်းက ရှင်းထုတ်ပစ်နိုင်ခဲ့ပါတယ်။ အခုလိုမျိုး ရှင်းရှင်း လင်းလင်းသွင်းယူရတဲ့ ဂိုးပေါက်ကြီးကို လွဲချော်ခဲ့လေတော့ အမ်ဘာပီဟာ အခုဘောလုံးရာသီအတွက် ဂိုးပေါက်အလွဲဆုံးဆုကို ရသွားပြီဖြစ်တယ်လို့

တွစ်တာပေါ်မှာ လှောင်ပြောင်ခံနေရပြီဖြစ်ပါတယ်။ ဒါ့အပြင် လှောင်ပြောင်မှု အမြင့်မားဆုံးဆုကို ရသွားတာဖြစ်တယ်လို့ ပြောနေကြသူတွေလည်း ရှိနေပါပြီ။ အမ်ဘာပီရဲ့ လွဲချော်မှုကနေ သင်ခန်းစာယူလို့ရနိုင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့

အရာတွေအားလုံးဟာလည်း လွဲမှားမှုတွေ ရှိနိုင်တယ်ဆို တဲ့အချက်ကို ပြသနေတယ်လို့ Sport Bible ရဲ့ သတင်းရေးသားမှုမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဘုန်းမောက်ကို ၉-၀ နဲ့ ဂိုးမိုးရွာခဲ့တဲ့ ပွဲစဉ်မှာလည်း လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်ဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို

ဘောလုံးပိတ်သွင်းရာမှာ ထိချက်လွဲသွားတာကြောင့် သွင်းဂိုးအဖြစ် မပြောင်း လဲနိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီဟာ မိနစ် ၇၀ မှာရရှိခဲ့တဲ့ နေမာရဲ့ ပင်နယ်တီသွင်း ဂိုးကြောင့်သာ သရေရလဒ်ရရှိခဲ့တာဖြစ်ပြီး ဒီရာသီ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီနဲ႔ မိုနာကိုတို႔ ၁-၁ ဂိုးနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ျပင္သစ္တိုက္စစ္မႉး အမ္ဘာပီဟာ အျမင့္မားဆုံးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ဆုတစ္ခု ရသြားခဲ့ပါတယ္။ ဒီဆုကိုေတာ့ ဘယ္အဖြဲ႕အစည္းကေပးတာမွ မဟုတ္သလို ပရိသတ္ေတြကလည္း ေပးတာမ်ိဳးမဟုတ္ဘဲ လူမႈကြန္ရက္ေတြေပၚမွာ

လူအမ်ားက ေဝဖန္ ေျပာဆိုရင္းနဲ႔ ဆုေပးခဲ့တာမ်ိဳးပဲ ျဖစ္ပါတယ္။ ပဲရစ္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာ တိုက္စစ္မႉး အမ္ဘာပီဟာ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို ၆ ကိုက္စည္းအတြင္းကေန ေဘာလုံးကန္သြင္းတာ ဂိုးမဝင္ခဲ့ပါဘူး။ အဲဒီပြဲစဥ္မွာ ပီအက္စ္ဂ်ီဟာ မိနစ္ ၂၀ မွာ

ကတည္းက ဗိုလန္ရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ကေနၿပီး လိုက္ကစားခဲ့ရတာပါ။ ဒါေပမဲ့ ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အေကာင္းဆုံး အခြင့္အေရးတစ္ခု ရခဲ့ပါတယ္။ မက္ဆီနဲ႔ အမ္ဘာပီတို႔ အတြဲအဖက္မိမိ ထိုး ေဖာက္လာၿပီး အားပါတဲ့ မက္ဆီရဲ႕ ကန္ခ်က္ဟာ ဂိုးတိုင္ထိၿပီး ျပန္ထြက္လာခ်ိန္မွာ

အမ္ဘာပီဆီကို တည့္တည့္ေရာက္သြားခဲ့တယ္။ အဲဒီအခ်ိန္ အမ္ဘာပီရဲ႕ေရွ႕မွာ ဂိုးသမားလည္း မရွိေတာ့သလို ေနာက္ခံလူေတြလည္းမရွိ ေတာ့ဘဲ ဂိုးေပါက္ႀကီးက ဟာလာဟင္းလင္းျဖစ္ေနတာပါ။ ဒါေပမဲ့ ဒီေဘာလုံး ကို ျပင္သစ္သားကန္လိုက္တဲ့ ကန္ခ်က္က ဂိုးတိုင္ထိၿပီး

ျပန္ထြက္လာတာ ေၾကာင့္ မိုနာကိုအသင္းက ရွင္းထုတ္ပစ္ႏိုင္ခဲ့ပါတယ္။ အခုလိုမ်ိဳး ရွင္းရွင္း လင္းလင္းသြင္းယူရတဲ့ ဂိုးေပါက္ႀကီးကို လြဲေခ်ာ္ခဲ့ေလေတာ့ အမ္ဘာပီဟာ အခုေဘာလုံးရာသီအတြက္ ဂိုးေပါက္အလြဲဆုံးဆုကို ရသြားၿပီျဖစ္တယ္လို႔ တြစ္တာေပၚမွာ

ေလွာင္ေျပာင္ခံေနရၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ေလွာင္ေျပာင္မႈ အျမင့္မားဆုံးဆုကို ရသြားတာျဖစ္တယ္လို႔ ေျပာေနၾကသူေတြလည္း ရွိေနပါၿပီ။ အမ္ဘာပီရဲ႕ လြဲေခ်ာ္မႈကေန သင္ခန္းစာယူလို႔ရႏိုင္တဲ့ အေၾကာင္းအရာကေတာ့ ကမာၻေပၚမွာ

အေကာင္းဆုံးဆိုတဲ့ အရာေတြအားလုံးဟာလည္း လြဲမွားမႈေတြ ရွိႏိုင္တယ္ဆို တဲ့အခ်က္ကို ျပသေနတယ္လို႔ Sport Bible ရဲ႕ သတင္းေရးသားမႈမွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဘုန္းေမာက္ကို ၉-၀ နဲ႔ ဂိုးမိုး႐ြာခဲ့တဲ့ ပြဲစဥ္မွာလည္း လီဗာပူးတိုက္စစ္မႉး ဆာလက္ရွ္ဟာ

ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို ေဘာလုံးပိတ္သြင္းရာမွာ ထိခ်က္လြဲသြားတာေၾကာင့္ သြင္းဂိုးအျဖစ္ မေျပာင္း လဲႏိုင္ခဲ့ပါဘူး။ ပီအက္စ္ဂ်ီဟာ မိနစ္ ၇၀ မွာရရွိခဲ့တဲ့ ေနမာရဲ႕ ပင္နယ္တီသြင္း ဂိုးေၾကာင့္သာ သေရရလဒ္ရရွိခဲ့တာျဖစ္ၿပီး ဒီရာသီ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။