မိုနာကိုနောက်ခံလူ အေဇယ်ဒီဆာဆီ ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်း ဆွေးနွေးနေပြီ

ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ ဒီဆာဆီကိုခေါ်ယူဖို့အတွက်

မိုနာကိုအသင်းနဲ့ကနဦးဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ The Mail က

ဖော်ပြလိုက်ပါတယ်။ ကစားသမားကိုယ်တိုင်က မိုနာကိုအသင်းကို

ကျောခိုင်းမယ်လို့ မကြာခင်အချိန်ကထုတ်ဖော်ပြောဆိုထားသလို

အိုးလ်ထရက်ဖို့ဒ်ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းမှုတွေစတင်နေပြီဖြစ်တယ်။

ယူနိုက်တက်ရဲ့ရှုထောင့်ကကြည့်ရင်တော့ အကြောင်းပြချက်

နှစ်ရပ်ကြောင့် ဒီဆာဆီကို နွေရာသီရောက်မှခေါ်ယူဖို့

သဘောတူညီမှုယူထားမယ့်ပုံစံရှိပါတယ်။ ပထမဆုံးအချက်ကတော့

ပိုင်ရှင်သစ်ရောက်လာတာနဲ့အမျှအသုံးစရိတ်ပိုမိုရရှိလာဖို့ရှိတယ်။

ဇန်နဝါရီကာလမှာ ယူနိုက်တက်က ကစားသမားသစ်အတွက်

နည်းပါးတဲ့ငွေကြေးကိုသာအသုံးပြုလာဖို့ရှိနေတာဖြစ်တယ်။

ဒုတိယအချက်ကတော့ မလိုအပ်တဲ့ဗဟိုခံစစ်မှူးတွေ

(မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ တူအန်ဇီဘီ၊ ဖီးဂျုံးစ် စသည်ဖြင့်)ကို

ရှင်းထုတ်ပြီးမှ ခေါ်ယူချင်တာဖြစ်ပြီး ရာသီလယ်မှာ အကုန်လုံး

ရှင်းထုတ်ဖို့အတွက်တော့ အခက်အခဲရှိနေပါတယ်။ ဒီဆာဆီဟာ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းလူစာရင်းထဲ

ပါဝင်ခဲ့သူဖြစ်တယ်။ ဗိုလ်လုပွဲအပါအဝင် ၃ပွဲ မှာလူစားဝင်အဖြစ်

ကစားခွင့်ရခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ

မိုနာကိုနဲ့ ၂၀၂၅ အထိစာချုပ်သက်တမ်းရှိနေပါတယ်။

ကစားသမားဘဝကို Paris FC မှာစတင်ခဲ့ပြီး ရိမ်းစ်ကို

ပြောင်းရွှေ့ခဲ့သလို ၂၀၂၀ မှာတော့ မိုနာကိုအသင်းထံကို

ပေါင် ၁၂ သန်းနဲ့ ရောက်ရှိလာသူဖြစ်တယ်။

ဒီဆာဆီဟာ မိုနာကိုအတွက် ၁၃၄ ပွဲ အထိကစားပေးထားပြီး

၉ ဂိုး သွင်းထားသလို ဒီရာသီမှာ ပြင်သစ်ကလပ်အတွက် ၂၄ပွဲ အထိပွဲထွက်ပါဝင်ထားပါတယ်။

zawgyi

မိုနာကိုေနာက္ခံလူ ေအဇယ္ဒီဆာဆီ ကိုေခၚယူဖို႔အတြက္ ယူႏိုက္တက္အသင္း ေဆြးေႏြးေနၿပီ

ယူႏိုက္တက္အသင္းဟာ ဗဟိုေနာက္ခံလူ ဒီဆာဆီကိုေခၚယူဖို႔အတြက္

မိုနာကိုအသင္းနဲ႔ကနဦးေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ The Mail က

ေဖာ္ျပလိုက္ပါတယ္။ ကစားသမားကိုယ္တိုင္က မိုနာကိုအသင္းကို

ေက်ာခိုင္းမယ္လို႔ မၾကာခင္အခ်ိန္ကထုတ္ေဖာ္ေျပာဆိုထားသလို

အိုးလ္ထရက္ဖို႔ဒ္ေျပာင္းေ႐ႊ႕ဖို႔အတြက္ ညႇိႏႈိင္းမႈေတြစတင္ေနၿပီျဖစ္တယ္။

ယူႏိုက္တက္ရဲ႕ရႈေထာင့္ကၾကည့္ရင္ေတာ့ အေၾကာင္းျပခ်က္

ႏွစ္ရပ္ေၾကာင့္ ဒီဆာဆီကို ေႏြရာသီေရာက္မွေခၚယူဖို႔

သေဘာတူညီမႈယူထားမယ့္ပုံစံရွိပါတယ္။ ပထမဆုံးအခ်က္ကေတာ့

ပိုင္ရွင္သစ္ေရာက္လာတာနဲ႔အမွ်အသုံးစရိတ္ပိုမိုရရွိလာဖို႔ရွိတယ္။

ဇန္နဝါရီကာလမွာ ယူႏိုက္တက္က ကစားသမားသစ္အတြက္

နည္းပါးတဲ့ေငြေၾကးကိုသာအသုံးျပဳလာဖို႔ရွိေနတာျဖစ္တယ္။

ဒုတိယအခ်က္ကေတာ့ မလိုအပ္တဲ့ဗဟိုခံစစ္မႉးေတြ

(မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ တူအန္ဇီဘီ၊ ဖီးဂ်ဳံးစ္ စသည္ျဖင့္)ကို

ရွင္းထုတ္ၿပီးမွ ေခၚယူခ်င္တာျဖစ္ၿပီး ရာသီလယ္မွာ အကုန္လုံး

ရွင္းထုတ္ဖို႔အတြက္ေတာ့ အခက္အခဲရွိေနပါတယ္။ ဒီဆာဆီဟာ

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ျပင္သစ္အသင္းလူစာရင္းထဲ

ပါဝင္ခဲ့သူျဖစ္တယ္။ ဗိုလ္လုပြဲအပါအဝင္ ၃ပြဲ မွာလူစားဝင္အျဖစ္

ကစားခြင့္ရခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားဟာ

မိုနာကိုနဲ႔ ၂၀၂၅ အထိစာခ်ဳပ္သက္တမ္းရွိေနပါတယ္။

ကစားသမားဘဝကို Paris FC မွာစတင္ခဲ့ၿပီး ရိမ္းစ္ကို

ေျပာင္းေ႐ႊ႕ခဲ့သလို ၂၀၂၀ မွာေတာ့ မိုနာကိုအသင္းထံကို

ေပါင္ ၁၂ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္တယ္။

ဒီဆာဆီဟာ မိုနာကိုအတြက္ ၁၃၄ ပြဲ အထိကစားေပးထားၿပီး

၉ ဂိုး သြင္းထားသလို ဒီရာသီမွာ ျပင္သစ္ကလပ္အတြက္ ၂၄ပြဲ အထိပြဲထြက္ပါဝင္ထားပါတယ္။