မိုဒရစ်ရဲ့ဂိုးကို ပြိုင်ဘက် ဆယ်တာပရိသတ်တွေတောင် လက်ခုပ်တီးဂုဏ်ပြုခဲ့ကြ

ဘောလုံးပြိုင်ပွဲမှာ ကစားသမားတစ်ယောက် ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ အားပေးချီးမြှောက်မှုကိုခံရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့လက်ခုပ်သံတွေကို တစ်ကြိမ်မကရဖူးတဲ့ ကစားသမားတစ်ယောက်တော့ရှိပါတယ်။

အဲဒီကစားသမားကတော့ လူကာမိုဒရစ်ပါ။ ပြီးခဲ့တဲ့ ဆယ်တာဗီဂိုနဲ့ပွဲမှာ ရီးရဲလ်အတွက်အကောင်းဆုံးခြေစွမ်းပြသွားသလို လှပတဲ့အနိုင်ဂိုးတစ်ဂိုးကိုလည်း ကိုယ်တိုင်သွင်းယူပြသွားတဲ့ မိုဒရစ်ကို ပြိုင်ဘက်အသင်းပရိသတ်တွေက

တစ်ခဲနက်အားပေးချီးမြှောက်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလမှာ ၃၇နှစ်ပြည့်တော့မှာဖြစ်ပေမယ့် မိုဒရစ်ကတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူရီးရဲလ်အတွက် ပေးဆပ်လို့ကောင်းနေတုန်းလို့ဆိုရမှာပါ။

အဲဒီပွဲစဉ်မှာ ပင်နယ်တီဂိုးတွေနဲ့အကြိတ်အနယ် ဖြစ်နေချိန် ပွဲချိန်(၄၂)မိနစ်အရောက်မှာ ၂၅ကိုက်အကွာကနေ မိုဒရစ်က လှပတဲ့အဝေးကန်ချက်နဲ့ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကိုပြန်လည်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းအသာစီးရသွားရတဲ့ ရီးရဲလ်ကအနိုင်ဂိုး တွေကိုဆက်တိုက်သွင်းယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီဂိုးဟာ မိုဒရစ်အတွက် လာလီဂါသွင်းဂိုး ၃၃ဂိုး မြောက်လည်းဖြစ်ခဲ့တာပါ။

ရီးရဲလ်အတွက် မိုဒရစ် သွင်းယူပေးခဲ့တဲ့ လာလီဂါသွင်းဂိုးတွေထဲမှာ ၁၈ဂိုးဟာ ဂိုးဧရိ ယာအပြင်ဘက်ကနေသွင်းနိုင်ခဲ့တဲ့ ဂိုးတွေလည်းဖြစ်ပါတယ်။ ဆယ်တာဗီဂိုပရိသတ်တွေဟာ ပွဲချိန်(၇၇)မိနစ် အရောက် လူစားလဲဖို့ ကွင်းအတွင်းကနေ မိုဒရစ်ထွက်လာချိန်မှာ မတ်တက်ထရပ်ပြီး လက်ခုပ်တွေတီးကာ တခဲနက်အားပေးချီးမြှောက်ခဲ့ကြတာဖြစ်ပါတယ်။

မိုဒရစ်အနေနဲ့ အခုလိုပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လက်ခုပ်တီးပြီး အားပေးမှုခံရတာဟာ ၅ကြိမ်မြောက်လည်းဖြစ်ပါတယ်။ ဆယ်တာဗီဂိုပရိသတ်တွေမတိုင်ခင်မှာ အက်သလက်တီကို၊ လီဗန်တေး၊ အလာဗက်စ်နဲ့ ဆိုစီဒက်အသင်းပရိသတ်တွေရဲ့ အခုလိုအသိအမှတ်ပြုမှုမျိုးကို

ခံထားခဲ့ရတာလည်းဖြစ်ပါတယ်။ အခုလိုပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လက်ခုပ်တီးပြီး အားပေးမှုကိုခံရတာ ဟာ တကယ့်ကိုကြည်နူးစရာကောင်းပြီး အဲဒီအတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မိုဒရစ်က ပြောသွားခဲ့ပါတယ်။

(zawgyi)

ေဘာလုံးၿပိဳင္ပြဲမွာ ကစားသမားတစ္ေယာက္ ၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ အားေပးခ်ီးေျမႇာက္မႈကိုခံရဖို႔ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕လက္ခုပ္သံေတြကို တစ္ႀကိမ္မကရဖူးတဲ့ ကစားသမားတစ္ေယာက္ေတာ့ရွိပါတယ္။

အဲဒီကစားသမားကေတာ့ လူကာမိုဒရစ္ပါ။ ၿပီးခဲ့တဲ့ ဆယ္တာဗီဂိုနဲ႔ပြဲမွာ ရီးရဲလ္အတြက္အေကာင္းဆုံးေျခစြမ္းျပသြားသလို လွပတဲ့အႏိုင္ဂိုးတစ္ဂိုးကိုလည္း ကိုယ္တိုင္သြင္းယူျပသြားတဲ့ မိုဒရစ္ကို ၿပိဳင္ဘက္အသင္းပရိသတ္ေတြက တစ္ခဲနက္အားေပးခ်ီးေျမႇာက္မႈေတြျပဳလုပ္ခဲ့ၾက

တာျဖစ္ပါတယ္။ လာမယ့္စက္တင္ဘာလမွာ ၃၇ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္ မိုဒရစ္ကေတာ့ သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းေတြနဲ႔ အတူရီးရဲလ္အတြက္ ေပးဆပ္လို႔ေကာင္းေနတုန္းလို႔ဆိုရမွာပါ။ အဲဒီပြဲစဥ္မွာ ပင္နယ္တီဂိုးေတြနဲ႔အႀကိတ္အနယ္ ျဖစ္ေနခ်ိန္ ပြဲခ်ိန္(၄၂)မိန

စ္အေရာက္မွာ ၂၅ကိုက္အကြာကေန မိုဒရစ္က လွပတဲ့အေဝးကန္ခ်က္နဲ႔ ရီးရဲလ္အတြက္ ဦးေဆာင္ဂိုးကိုျပန္လည္သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းအသာစီးရသြားရတဲ့ ရီးရဲလ္ကအႏိုင္ဂိုး ေတြကိုဆက္တိုက္သြင္းယူသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီဂိုးဟာ မိုဒရစ္အတြက္ လာလီဂါသြင္းဂိုး ၃၃ဂိုး ေျမာက္လည္းျဖစ္ခဲ့တာပါ။ ရီးရဲလ္အတြက္ မိုဒရစ္ သြင္းယူေပးခဲ့တဲ့ လာလီဂါသြင္းဂိုးေတြထဲမွာ ၁၈ဂိုးဟာ ဂိုးဧရိ ယာ

အျပင္ဘက္ကေနသြင္းႏိုင္ခဲ့တဲ့ ဂိုးေတြလည္းျဖစ္ပါတယ္။ ဆယ္တာဗီဂိုပရိသတ္ေတြဟာ ပြဲခ်ိန္(၇၇)မိနစ္ အေရာက္ လူစားလဲဖို႔ ကြင္းအတြင္းကေန မိုဒရစ္ထြက္လာခ်ိန္မွာ မတ္တက္ထရပ္ၿပီး လက္ခုပ္ေတြတီးကာ တခဲနက္အားေပးခ်ီးေျမႇာက္ခဲ့ၾကတာျဖစ္ပါတယ္။

မိုဒရစ္အေနနဲ႔ အခုလိုၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ လက္ခုပ္တီးၿပီး အားေပးမႈခံရတာဟာ ၅ႀကိမ္ေျမာက္လည္းျဖစ္ပါတယ္။ ဆယ္တာဗီဂိုပရိသတ္ေတြမတိုင္ခင္မွာ အက္သလက္တီကို၊ လီဗန္ေတး၊ အလာဗက္စ္နဲ႔ ဆိုစီဒက္အသင္းပရိသတ္ေတြရဲ႕ အခုလိုအသိအမွတ္ျပဳမႈမ်ိဳးကို

ခံထားခဲ့ရတာလည္းျဖစ္ပါတယ္။ အခုလိုၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ လက္ခုပ္တီးၿပီး အားေပးမႈကိုခံရတာ ဟာ တကယ့္ကိုၾကည္ႏူးစရာေကာင္းၿပီး အဲဒီအတြက္လည္း ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း မိုဒရစ္က ေျပာသြားခဲ့ပါတယ္။