





ကာတာကမ္ဘာ့ဖလားမှာ ခရိုအေးရှားနဲ့အတူ ညာတောင်ပံတစ်လျှောက်
အတက်အဆင်းမှန်မှန်နဲ့ခြေစွမ်းပြနေတဲ့ ဂျူရာနိုဗစ်ကတော့ မက်ဆီနဲ့





အာဂျင်တီးနားအသင်းကို သတိပေးလိုက်ပါပြီ။ အထူးသဖြင့်တော့
အသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ အာဂျင်တီးနားကွင်းလယ်ကို
အိတ်ကပ်ထဲကောက်ထည့်ထားနိုင်တယ်လို့ ဂျူရာနိုဗစ်ကဆိုခဲ့ပါတယ်။





“မိုဒရစ်လား။ ဘဏ်ထဲပိုက်ဆံသွားထည့်တာထက် သူ့ခြေထောက်ထဲ
ဘောလုံးထည့်ပေးလိုက်တာက ပိုပြီးစိတ်ချရတယ်လို့” ဂျူရာနိုဗစ်က





ချီးကျူးသွားပါတယ်။ ဘရာဇီးကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့ပွဲစဉ်မှာ
အကောင်းဆုံးဆုရခဲ့တဲ့ ဂျူရာနိုဗစ်က ဆဲလ်တစ်မှာကစားနေသူဖြစ်ပြီး
ကမ္ဘာ့ဖလားကာလအတွင်း သူ့ကိုစိတ်ဝင်စားတဲ့ကလပ်တွေများစွာ





ရှိနေပါတယ်။ ဒါပေမဲ့ အနာဂါတ်ကိုဘေးချိတ်ထားပြီး လက်ရွေးစင်
အသင်းနဲ့အတူ ဆုဖလားရဖို့အတွက်ပစ်မှတ်ထားနေတယ်လို့





ဂျူရာနိုဗစ်ကအသိပေးလိုက်ပါတယ်။ “ရိုးရိုးသားသားပြောရရင်
ဒီကိုရောက်ကတည်းက သတင်းတွေမဖတ်တော့ပါဘူး။
ကျွန်တော်တို့လက်ရွေးစင်အသင်းအတွက်အာရုံစိုက်ခဲ့ကြတယ်။





ကျွန်တော့်ဆီဘာမက်ဆေ့ချ်မှလာမပို့နဲ့လို့ အေးဂျင့်ကိုအသိပေးထားတယ်။
ခရိုအေးရှားရဲ့လျှို့ဝှက်ချက်ကတော့ ငါတို့မိသားစုဝင်တွေလိုဖြစ်နေကြတာပါ။





ပထမဆုံးမိနစ်ကနေ နောက်ဆုံးစက္ကန့်အထိတစ်ယောက်နဲ့တစ်ယောက်
အသက်ရှုတာခြင်းထပ်တူကျအောင်လုပ်နိုင်တာက လျှို့ဝှက်ချက်ပါပဲ။
ဘယ်သူ့ကိုမှမကြောက်ပါဘူး။ နည်းပြနဲ့အတူခွဲခြမ်းစိတ်ဖြာပြီး





ဘယ်လိုကစားမလဲဆိုတာဆုံးဖြတ်သွားမှာပါ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ
မသိနိုင်ပေမဲ့ မိုဒရစ်၊ ဘရိုဇိုဗစ်နဲ့ ကိုဗာဆစ်တို့အားလုံးက





တကယ့်ထိပ်တန်းကွင်းလယ်လူတွေပါ။ ဘောလုံးကို သူတို့ဆီ
လွှဲပြောင်းပေးလိုက်တာက ဘဏ်ထဲမှာရှိတဲ့ မင်းပိုက်ဆံတွေထက်
ပိုလုံခြုံပါတယ်။ သူတို့နဲ့ကစားရတဲ့အခါ ပိုပြီးလွယ်ကူသွားပါတယ်” လို့ ဂျူရာနိုဗစ်က ပြောဆိုခဲ့ပါတယ်။





zawgyi





“မိုဒရစ္ဆီကို ေဘာလုံးေပးလိုက္ရတာက ဘဏ္ထဲမွာ ပိုက္ဆံစုတာထက္ ပိုၿပီးစိတ္ခ်ရတယ္…”
ကာတာကမာၻ႔ဖလားမွာ ခ႐ိုေအးရွားနဲ႔အတူ ညာေတာင္ပံတစ္ေလွ်ာက္
အတက္အဆင္းမွန္မွန္နဲ႔ေျခစြမ္းျပေနတဲ့ ဂ်ဴရာႏိုဗစ္ကေတာ့ မက္ဆီနဲ႔





အာဂ်င္တီးနားအသင္းကို သတိေပးလိုက္ပါၿပီ။ အထူးသျဖင့္ေတာ့
အသင္းေခါင္းေဆာင္ လူကာမိုဒရစ္ဟာ အာဂ်င္တီးနားကြင္းလယ္ကို





အိတ္ကပ္ထဲေကာက္ထည့္ထားႏိုင္တယ္လို႔ ဂ်ဴရာႏိုဗစ္ကဆိုခဲ့ပါတယ္။
“မိုဒရစ္လား။ ဘဏ္ထဲပိုက္ဆံသြားထည့္တာထက္ သူ႔ေျခေထာက္ထဲ
ေဘာလုံးထည့္ေပးလိုက္တာက ပိုၿပီးစိတ္ခ်ရတယ္လို႔” ဂ်ဴရာႏိုဗစ္က





ခ်ီးက်ဴးသြားပါတယ္။ ဘရာဇီးကိုအႏိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့ပြဲစဥ္မွာ
အေကာင္းဆုံးဆုရခဲ့တဲ့ ဂ်ဴရာႏိုဗစ္က ဆဲလ္တစ္မွာကစားေနသူျဖစ္ၿပီး





ကမာၻ႔ဖလားကာလအတြင္း သူ႔ကိုစိတ္ဝင္စားတဲ့ကလပ္ေတြမ်ားစြာ
ရွိေနပါတယ္။ ဒါေပမဲ့ အနာဂါတ္ကိုေဘးခ်ိတ္ထားၿပီး လက္ေ႐ြးစင္
အသင္းနဲ႔အတူ ဆုဖလားရဖို႔အတြက္ပစ္မွတ္ထားေနတယ္လို႔





ဂ်ဴရာႏိုဗစ္ကအသိေပးလိုက္ပါတယ္။ “႐ိုး႐ိုးသားသားေျပာရရင္
ဒီကိုေရာက္ကတည္းက သတင္းေတြမဖတ္ေတာ့ပါဘူး။





ကြၽန္ေတာ္တို႔လက္ေ႐ြးစင္အသင္းအတြက္အာ႐ုံစိုက္ခဲ့ၾကတယ္။
ကြၽန္ေတာ့္ဆီဘာမက္ေဆ့ခ်္မွလာမပို႔နဲ႔လို႔ ေအးဂ်င့္ကိုအသိေပးထားတယ္။
ခ႐ိုေအးရွားရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ငါတို႔မိသားစုဝင္ေတြလိုျဖစ္ေနၾကတာပါ။





ပထမဆုံးမိနစ္ကေန ေနာက္ဆုံးစကၠန႔္အထိတစ္ေယာက္နဲ႔တစ္ေယာက္
အသက္ရႈတာျခင္းထပ္တူက်ေအာင္လုပ္ႏိုင္တာက လွ်ိဳ႕ဝွက္ခ်က္ပါပဲ။





ဘယ္သူ႔ကိုမွမေၾကာက္ပါဘူး။ နည္းျပနဲ႔အတူခြဲျခမ္းစိတ္ျဖာၿပီး
ဘယ္လိုကစားမလဲဆိုတာဆုံးျဖတ္သြားမွာပါ။ ဘာေတြဆက္ျဖစ္မယ္ဆိုတာ
မသိႏိုင္ေပမဲ့ မိုဒရစ္၊ ဘ႐ိုဇိုဗစ္နဲ႔ ကိုဗာဆစ္တို႔အားလုံးက





တကယ့္ထိပ္တန္းကြင္းလယ္လူေတြပါ။ ေဘာလုံးကို သူတို႔ဆီ
လႊဲေျပာင္းေပးလိုက္တာက ဘဏ္ထဲမွာရွိတဲ့ မင္းပိုက္ဆံေတြထက္





ပိုလုံၿခဳံပါတယ္။ သူတို႔နဲ႔ကစားရတဲ့အခါ ပိုၿပီးလြယ္ကူသြားပါတယ္” လို႔ ဂ်ဴရာႏိုဗစ္က ေျပာဆိုခဲ့ပါတယ္။