မိုဒရစ်ကို အဂ်လန်ကို အချိုအချောင်နဲ့ ခေါ်ယူဖို့ကြံနေတဲ့ ဂွာဒီယိုလာ

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကွင်းလယ်လူ မိုဒရစ် တို့အကြားစာချုပ်ကိစ္စ

လိပ်ခဲတည်းလည်း ဖြစ်နေမှုကို မန်စီးတီးအသင်းက စောင့်ကြည့်နေပြီး

အခွင့်အရေးရရင် ခေါ်ယူဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

နည်းပြ ဂွာဒီယိုလာ ကလည်းမိုဒရစ်ကို အကြိုက်တွေ့နေပြီး ခေါ်ယူလို့ရရင်

ခေါ်ဖို့ကလပ်ကိုတွန်းအားပေးထားတယ်လို့လည်းဆိုပါတယ်။

၂၀၁၈ က Ballon d’Or ဆုရရှိခဲ့တဲ့ မိုဒရစ် ဟာအသက် ၃၆ နှစ်ရှိနေပေမယ့်

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေဆဲပါ ဘဲ။

သူ့ရဲ့လက်ရှိစာချုပ်ဟာ ရာသီကုန်ရင်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

ရီးရဲလ်ဘက်ကလည်း စာချုပ်သစ်ကမ်းလှမ်းထားပါ တယ်။

ဒါပေမယ့် ဥက္ကဌ ပီရက်ဇ်ဘက်က ကမ်းလှမ်းထားတဲ့အချက်တွေကို

မိုဒရစ်ကသဘောမကျဘဲ သူ့ကိုအလေးမထားတော့ ဘူးလို့

ယုံကြည်နေတာကြောင့် စာချုပ်သစ်ချုပ်ဖို့ အဆင်မပြေသေးပါဘူး။

မိုဒရစ်ဟာ လက်ရှိခြေစွမ်းပြနိုင်သေးတဲ့အပြင် ပြီးခဲ့ တဲ့နှစ်ကလည်း

အင်တာမီလန်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သေးတာကြောင့်

သူ့ရဲ့သစ္စာရှိမှုကိုအလေးထားသင့်ပြီး ၂ နှစ်စာချုပ်

ကမ်းလှမ်းသင့်တယ်လို့ ခံယူထားသူပါ။

သူ့အနေနဲ့ ၂ နှစ်စာချုပ်ဆိုရင် လစာလျှော့ယူဖို့ပါဆုံးဖြတ်ထားတယ်လို့လည်း

စပိန်သ တင်စာ El Nacional ကဖော်ပြခဲ့ပါတယ်။

မိုဒရစ် ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအတွက်ကစားပေးလိုသူဖြစ်လို့

ထိပ်တန်းအသင်းတစ်ခုမှာဆက်ကစားပေးချင်နေ တာပါ။

ဒါကြောင့်လည်း မန်စီးတီးကအခြေအနေစောင့်ကြည့်နေပြီး

သူ့စာချုပ်သစ်အဆင်မပြေရင်ခေါ်ယူဖို့စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

မိုဒရစ်ဟာအသက် ၃၆ နှစ်ရှိနေပေမယ့် စပါးမှာကစားပြီး

သူ့နာမည်ကိုထူထောင်သွားသူဖြစ်လို့ ပရီးမီးယားလိဂ် နဲ့

အဆင်ပြေဦးမယ်လို့ လည်းဂွာဒီယိုလာကယုံကြည်နေတာပါ။

လောလောဆယ်မှာတော့ မိုဒရစ်ဟာ ကလပ်ဥက္ကဌ ပီရက်ဇ် ဘက်က

နောက်ထပ် ကမ်းလှမ်းမှုအသစ်ပြုလုပ်လာမလားဆိုတာကို စောင့်ကြည့်နေပါတယ်။

သူဟာရီးရဲလ်အတွက် ၄၁၁ ပွဲက စားခဲ့ပြီး ၂၈ ဂိုးသွင်းထားပါတယ်။

မကြာသေးခင်နှစ်တွေက ရီးရဲလ်အသင်းချန်ပီယံလိဂ် ၃ ကြိမ်ဆက်ရရှိခဲ့ရာမှာ

မိုဒရစ်ဟာ ဂျာမနီကွင်းလယ်လူ တိုနီခရူးစ် နဲ့အတူအရေးပါခဲ့သူဖြစ်ပါတယ်။

zawgyi

မိုဒရစ္ကို အဂ္လန္ကို အခ်ိဳအေခ်ာင္နဲ႔ ေခၚယူဖို႔ႀကံေနတဲ့ ဂြာဒီယိုလာ

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကြင္းလယ္လူ မိုဒရစ္ တို႔အၾကားစာခ်ဳပ္ကိစၥ

လိပ္ခဲတည္းလည္း ျဖစ္ေနမႈကို မန္စီးတီးအသင္းက ေစာင့္ၾကည့္ေနၿပီး

အခြင့္အေရးရရင္ ေခၚယူဖို႔ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

နည္းျပ ဂြာဒီယိုလာ ကလည္းမိုဒရစ္ကို အႀကိဳက္ေတြ႕ေနၿပီး ေခၚယူလို႔ရရင္

ေခၚဖို႔ကလပ္ကိုတြန္းအားေပးထားတယ္လို႔လည္းဆိုပါတယ္။

၂၀၁၈ က Ballon d’Or ဆုရရွိခဲ့တဲ့ မိုဒရစ္ ဟာအသက္ ၃၆ ႏွစ္ရွိေနေပမယ့္

ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေနဆဲပါ ဘဲ။

သူ႔ရဲ႕လက္ရွိစာခ်ဳပ္ဟာ ရာသီကုန္ရင္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး

ရီးရဲလ္ဘက္ကလည္း စာခ်ဳပ္သစ္ကမ္းလွမ္းထားပါ တယ္။

ဒါေပမယ့္ ဥကၠဌ ပီရက္ဇ္ဘက္က ကမ္းလွမ္းထားတဲ့အခ်က္ေတြကို

မိုဒရစ္ကသေဘာမက်ဘဲ သူ႔ကိုအေလးမထားေတာ့ ဘူးလို႔

ယုံၾကည္ေနတာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အဆင္မေျပေသးပါဘူး။

မိုဒရစ္ဟာ လက္ရွိေျခစြမ္းျပႏိုင္ေသးတဲ့အျပင္ ၿပီးခဲ့ တဲ့ႏွစ္ကလည္း

အင္တာမီလန္ရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေသးတာေၾကာင့္

သူ႔ရဲ႕သစၥာရွိမႈကိုအေလးထားသင့္ၿပီး ၂ ႏွစ္စာခ်ဳပ္

ကမ္းလွမ္းသင့္တယ္လို႔ ခံယူထားသူပါ။

သူ႔အေနနဲ႔ ၂ ႏွစ္စာခ်ဳပ္ဆိုရင္ လစာေလွ်ာ့ယူဖို႔ပါဆုံးျဖတ္ထားတယ္လို႔လည္း

စပိန္သ တင္စာ El Nacional ကေဖာ္ျပခဲ့ပါတယ္။

မိုဒရစ္ ဟာ ၂၀၂၂ ကမာၻ႔ဖလားမွာ ခ႐ိုေအးရွားအတြက္ကစားေပးလိုသူျဖစ္လို႔

ထိပ္တန္းအသင္းတစ္ခုမွာဆက္ကစားေပးခ်င္ေန တာပါ။

ဒါေၾကာင့္လည္း မန္စီးတီးကအေျခအေနေစာင့္ၾကည့္ေနၿပီး

သူ႔စာခ်ဳပ္သစ္အဆင္မေျပရင္ေခၚယူဖို႔ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

မိုဒရစ္ဟာအသက္ ၃၆ ႏွစ္ရွိေနေပမယ့္ စပါးမွာကစားၿပီး

သူ႔နာမည္ကိုထူေထာင္သြားသူျဖစ္လို႔ ပရီးမီးယားလိဂ္ နဲ႔

အဆင္ေျပဦးမယ္လို႔ လည္းဂြာဒီယိုလာကယုံၾကည္ေနတာပါ။

ေလာေလာဆယ္မွာေတာ့ မိုဒရစ္ဟာ ကလပ္ဥကၠဌ ပီရက္ဇ္ ဘက္က

ေနာက္ထပ္ ကမ္းလွမ္းမႈအသစ္ျပဳလုပ္လာမလားဆိုတာကို ေစာင့္ၾကည့္ေနပါတယ္။

သူဟာရီးရဲလ္အတြက္ ၄၁၁ ပြဲက စားခဲ့ၿပီး ၂၈ ဂိုးသြင္းထားပါတယ္။

မၾကာေသးခင္ႏွစ္ေတြက ရီးရဲလ္အသင္းခ်န္ပီယံလိဂ္ ၃ ႀကိမ္ဆက္ရရွိခဲ့ရာမွာ

မိုဒရစ္ဟာ ဂ်ာမနီကြင္းလယ္လူ တိုနီခ႐ူးစ္ နဲ႔အတူအေရးပါခဲ့သူျဖစ္ပါတယ္။