မိုင်ယာမီဥက္ကဋ္ဌကတော့ မက်ဆီကို မီးစိမ်းပြတဲ့ သဘောမျိုးတွေ ပြောနေပြီ

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့ ပတ်သက်ပြီး လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာ အင်တာမိုင်ယာမီအသင်း ဥက္ကဋ္ဌ ဟန်ဒါဆန်က အသံတိတ်မနေတော့ဘဲ

ထုတ်ပြောလာပြီဖြစ်ပါတယ်။ မန်ယူနဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အမေရိကန် ကလပ်ဟာ မက်ဆီကို

ခေါ်ယူဖို့အတွက် လုံးပန်းနေတဲ့အသင်းဖြစ်ပြီး မဝေး တော့တဲ့ အနာဂတ်မှာ ခေါ်ယူနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာကနေပြီး

ပီအက်စ်ဂျီကို ရောက် လာခဲ့တဲ့ အာဂျင်တီးနားသားဟာ လက်ရှိမှာတော့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံး ၁၂ လ အတွင်းကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာ မက်ဆီကို

စာချုပ်သက်တမ်း တိုးဖို့အတွက် ပီအက်စ်ဂျီဟာ ဘယ်လမ်းကို ရွေးရမလဲဆိုတာ ကြံရာမရ ဖြစ်နေတာကြောင့် ဒီအာဂျင်တီးနား အသင်းခေါင်းဆောင်ကို

မျက်စိကျနေတဲ့ အသင်းတွေ များပြားလာနေပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ အသင်းဟောင်း ဘာစီလိုနာလည်း ပါဝင်နေပြီး မက်ဆီဟာ

အသင်းဟောင်းနဲ့အတူ ပြန်ပေါင်းထုပ်ဖို့ အလားအလာမျိုးတွေလည်း ရှိနေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ မက်ဆီကို စိတ်ဝင်စားမှုရေချိန် အမြင့်ဆုံးက အင်တာမိုင်ယာမီဖြစ်နေပြီး ကမ္ဘာ့ဖလားပြိုင် ပွဲပြီးဆုံးတာနဲ့ စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာ

ဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် မက်ထရို သတင်းစာက ရေးသားဖော်ပြပါတယ်။ လက်ရှိ မှာလည်း မက်ဆီနဲ့ ပတ်သက်ပြီး မိုင်ယာမီ ဥက္ကဋ္ဌ ဟန်ဒါဆန်က အခုလို ပြောထားပါတယ်။

‘’အံ့အားသင့်စရာ ကောင်းလွန်းတဲ့ ကစားသမားနဲ့ ချိတ် ဆက်ဖို့ဆိုတာက တကယ့်ကို ဆုလာဘ်တစ်ခုပါ။ ကျွန်တော်တို့ အသင်း အ မည်စာရင်းမှာ ရှိမနေသေးတဲ့

လူတစ်ယောက်အတွက်တော့ မှတ်ချက်မပေးလိုပါဘူး’’ လို့ ဟန်ဆန်ဆန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့

ဂျော့နဲ့ ဂျို့စ်မက်စ် ညီအစ်အကို နှစ်ယောက်ဟာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့မက်ဆီနဲ့ စကားပြောဆိုမှုတွ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အပြောင်းအရွှေ့ ကိစ္စတွေကိုတော့ လာမယ့်နှစ် ဇန်နဝါရီလလောက်မှပဲ အကြေအလည် ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

(Zawgyi)

မိုင္ယာမီဥကၠ႒ကေတာ့ မက္ဆီကို မီးစိမ္းျပတဲ့ သေဘာမ်ိဳးေတြ ေျပာေနၿပီ

ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီနဲ႔ ပတ္သက္ၿပီး လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအေပၚမွာ အင္တာမိုင္ယာမီအသင္း ဥကၠ႒ ဟန္ဒါဆန္က အသံ တိတ္မေနေတာ့ဘဲ

ထုတ္ေျပာလာၿပီျဖစ္ပါတယ္။ မန္ယူနဲ႔ အဂၤလန္ လက္ေ႐ြး စင္ ကစားသမားေဟာင္း ေဒးဗစ္ဘက္ဟမ္း ပူးတြဲပိုင္ဆိုင္ထားတဲ့ အေမရိကန္ ကလပ္ဟာ

မက္ဆီကို ေခၚယူဖို႔အတြက္ လုံးပန္းေနတဲ့အသင္းျဖစ္ၿပီး မေဝး ေတာ့တဲ့ အနာဂတ္မွာ ေခၚယူႏိုင္မယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ ဘာစီလိုနာကေနၿပီး ပီအက္စ္ဂ်ီကို ေရာက္ လာခဲ့တဲ့ အာဂ်င္တီးနားသားဟာ လက္ရွိမွာေတာ့ စာခ်ဳပ္သက္တမ္းရဲ႕ ေနာက္ဆုံး ၁၂ လ အတြင္းကို ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

တစ္ဖက္မွာ မက္ ဆီကို စာခ်ဳပ္သက္တမ္း တိုးဖို႔အတြက္ ပီအက္စ္ဂ်ီဟာ ဘယ္လမ္းကို ေ႐ြးရ မလဲဆိုတာ ႀကံရာမရ ျဖစ္ေနတာေၾကာင့္ ဒီ အာဂ်င္တီးနားအသင္းေခါင္း ေဆာင္ကို မ်က္စိက်ေနတဲ့

အသင္းေတြ မ်ားျပားလာေနၿပီျဖစ္ပါတယ္။ အဲဒီ အထဲမွာ အသင္းေဟာင္း ဘာစီလိုနာလည္း ပါဝင္ေနၿပီး မက္ဆီဟာ အသင္း ေဟာင္းနဲ႔အတူ ျပန္ေပါင္းထုပ္ဖို႔

အလားအလာမ်ိဳးေတြလည္း ရွိေနႏိုင္တယ္ လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ မက္ဆီကို စိတ္ဝင္စားမႈေရခ်ိန္ အျမင့္ဆုံးက အင္တာမိုင္ယာမီျဖစ္ေနၿပီး

ကမာၻ႔ဖလားၿပိဳင္ ပြဲၿပီးဆုံးတာနဲ႔ စကားေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ေတာ့မွာ ျဖစ္တယ္လို႔ အဂၤလန္အေျခစိုက္ မက္ထ႐ို သတင္းစာက ေရးသားေဖာ္ျပပါတယ္။

လက္ရွိ မွာလည္း မက္ဆီနဲ႔ ပတ္သက္ၿပီး မိုင္ယာမီ ဥကၠ႒ ဟန္ဒါဆန္က အခုလို ေျပာထားပါတယ္။ ‘’အံ့အားသင့္စရာ ေကာင္းလြန္းတဲ့ ကစားသမားနဲ႔ ခ်ိတ္ ဆက္ဖို႔ဆိုတာက တကယ့္ကို

ဆုလာဘ္တစ္ခုပါ။ ကြၽန္ေတာ္တို႔ အသင္း အ မည္စာရင္းမွာ ရွိမေနေသးတဲ့ လူတစ္ေယာက္အတြက္ေတာ့ မွတ္ခ်က္ မေပး လိုပါဘူး’’ လို႔ ဟန္ဆန္ဆန္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီ အသင္းကို ပူးတြဲပိုင္ဆိုင္ထားတဲ့ ေဂ်ာ့နဲ႔ ဂ်ိဳ႕စ္မက္စ္ ညီအစ္အကို ႏွစ္ေယာက္ဟာ မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့မက္ဆီနဲ႔ စကားေျပာဆိုမႈတြ

အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အေျပာင္းအေ႐ႊ႕ ကိစၥေတြကိုေတာ့ လာမယ့္ႏွစ္ ဇန္နဝါရီလ ေလာက္မွပဲ အေၾကအလည္ ေဆြး ေႏြးဖို႔ ရွိေနတယ္လို႔ သိရပါတယ္။