မိုက်ဒင်းရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဒေါသထွက်နေတဲ့ တူချယ်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာ ဘရိုက်တန်နဲ့သရေပွဲက

ကွင်းလယ်ဒိုင်မိုက်ဒင်းရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့

အတော်လေးကို ဒေါသထွက်နေပါတယ်။

အဲဒီပွဲမှာ ချဲလ်ဆီးဟာ နာကျင်အချိန်ပို ၉၁ မိနစ်ရောက်မှ

ချေပဂိုးပေးလိုက်ရတာဖြစ်လို့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းသရေပွဲဆက်ခဲ့ပြီး

ထိပ်ဆုံးက မန်စီးတီးနဲ့ ၈ မှတ်ကွာသွားပါတယ်။

ဒုတိယပိုင်းမှာ ပူလီဆစ်ဟာ ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း

သေချာပေါက်ပြစ်ဒဏ်ကျူးလွန်ခံရတာလို့ တူချယ်က ယုံကြည်နေတာပါ။

ဒ့ါအပြင် ချေပဂိုးမပေးရခင် မေဆန်မောင့်ဂိုးသွင်းလိုက်ပေမယ့်

foul လုပ်ခဲ့တယ်ဆိုပြီး ဂိုးအဖြစ်ငြင်းခဲ့တာကိုလည်း တူချယ်က ပြောဆိုခဲ့ပါတယ်။

”ပူလီဆစ်ကို လုပ်တာက ရာနှုန်းပြည့်ပင်နယ်တီပါ။ သူတို့ရဲ့ချေပဂိုးမတိုင်ခင်

မေဆန်မောင့်ဖြစ်ရပ်ကတော့ ၅၀-၅၀ ပါ။ ဘောလုံးက ဂိုးစည်းပေါ်တောင်

မကျော်သေးပဲနဲ့ သူဘာကြောင့် ဝီစီမှုတ်ခဲ့တာလဲ။ VAR နဲ့ ပြန်ကြည့်လို့ ရတာပဲဟာ။

သူအရမ်းသေချာနေလို့လား ဒါမှမဟုတ် အားပြိုင်မှုမြင့်တက်အောင် လုပ်ချင်တာလား။

ပင်နယ်တီကိစ္စကတော့ ရယ်စရာပါဗျာ။ ရိုးရိုးသားသားပြောရရင် VAR နဲ့ မကြည့်တာ

ရယ်စရာကောင်းတယ်။ ဒိုင်ကြီးဆီက ဆိုးရွားတဲ့ဆုံးဖြတ်ချက်တစ်ခုကို

ကျွန်တော်တို့ရခဲ့တာပါ။ လုံးဝကို အရှင်းပင်နယ်တီကြီးပါ။

အဲဒါ ပြန်တောင် စစ်ဆေးမှုမလုပ်သလို ကျွန်တော်တို့နဲ့ပတ်သက်ပြီး

အရာအားလုံး ဆန့်ကျင်ဆုံးဖြတ်သွားပါတယ်”လို့ တူချယ်က ပြောခဲ့တာပါ။

သရေပွဲက မှန်ကန်ရဲ့လားလို့ မေးမြန်းတော့ ဒေါသထွက်နေတဲ့ တူချယ်က

”လုံးဝမဟုတ်ရပါ။ ကျွန်တော်တို့အခွင့်အလမ်းကောင်းတွေပိုရပြီး

ရှင်းလင်းတဲ့ပင်နယ်တီတစ်ခုလည်းရသင့်တာပါ။ အရမ်းကိုစိတ်ပျက်စရာပါပဲ”လို့

ပြန်လည်ဖြေကြားခဲ့ပါတယ်။

တူချယ်ရဲ့အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာတော့

လီဗာပူး၊ မန်စီးတီးတု့ိနဲ့ ဆက်တိုက်ရင်ဆိုင်ရတော့မှာပါ။

zawgyi

မိုက္ဒင္းရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ေဒါသထြက္ေနတဲ့ တူခ်ယ္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာ ဘ႐ိုက္တန္နဲ႔သေရပြဲက

ကြင္းလယ္ဒိုင္မိုက္ဒင္းရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔

အေတာ္ေလးကို ေဒါသထြက္ေနပါတယ္။

အဲဒီပြဲမွာ ခ်ဲလ္ဆီးဟာ နာက်င္အခ်ိန္ပို ၉၁ မိနစ္ေရာက္မွ

ေခ်ပဂိုးေပးလိုက္ရတာျဖစ္လို႔ ပရီးမီးယားလိဂ္မွာ အိမ္ကြင္းသေရပြဲဆက္ခဲ့ၿပီး

ထိပ္ဆုံးက မန္စီးတီးနဲ႔ ၈ မွတ္ကြာသြားပါတယ္။

ဒုတိယပိုင္းမွာ ပူလီဆစ္ဟာ ၿပိဳင္ဘက္ပင္နယ္တီဧရိယာအတြင္း

ေသခ်ာေပါက္ျပစ္ဒဏ္က်ဴးလြန္ခံရတာလို႔ တူခ်ယ္က ယုံၾကည္ေနတာပါ။

ဒ့ါအျပင္ ေခ်ပဂိုးမေပးရခင္ ေမဆန္ေမာင့္ဂိုးသြင္းလိုက္ေပမယ့္

foul လုပ္ခဲ့တယ္ဆိုၿပီး ဂိုးအျဖစ္ျငင္းခဲ့တာကိုလည္း တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။

”ပူလီဆစ္ကို လုပ္တာက ရာႏႈန္းျပည့္ပင္နယ္တီပါ။ သူတို႔ရဲ႕ေခ်ပဂိုးမတိုင္ခင္

ေမဆန္ေမာင့္ျဖစ္ရပ္ကေတာ့ ၅၀-၅၀ ပါ။ ေဘာလုံးက ဂိုးစည္းေပၚေတာင္

မေက်ာ္ေသးပဲနဲ႔ သူဘာေၾကာင့္ ဝီစီမႈတ္ခဲ့တာလဲ။ VAR နဲ႔ ျပန္ၾကည့္လို႔ ရတာပဲဟာ။

သူအရမ္းေသခ်ာေနလို႔လား ဒါမွမဟုတ္ အားၿပိဳင္မႈျမင့္တက္ေအာင္ လုပ္ခ်င္တာလား။

ပင္နယ္တီကိစၥကေတာ့ ရယ္စရာပါဗ်ာ။ ႐ိုး႐ိုးသားသားေျပာရရင္ VAR နဲ႔ မၾကည့္တာ

ရယ္စရာေကာင္းတယ္။ ဒိုင္ႀကီးဆီက ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို

ကြၽန္ေတာ္တို႔ရခဲ့တာပါ။ လုံးဝကို အရွင္းပင္နယ္တီႀကီးပါ။

အဲဒါ ျပန္ေတာင္ စစ္ေဆးမႈမလုပ္သလို ကြၽန္ေတာ္တို႔နဲ႔ပတ္သက္ၿပီး

အရာအားလုံး ဆန႔္က်င္ဆုံးျဖတ္သြားပါတယ္”လို႔ တူခ်ယ္က ေျပာခဲ့တာပါ။

သေရပြဲက မွန္ကန္ရဲ႕လားလို႔ ေမးျမန္းေတာ့ ေဒါသထြက္ေနတဲ့ တူခ်ယ္က

”လုံးဝမဟုတ္ရပါ။ ကြၽန္ေတာ္တို႔အခြင့္အလမ္းေကာင္းေတြပိုရၿပီး

ရွင္းလင္းတဲ့ပင္နယ္တီတစ္ခုလည္းရသင့္တာပါ။ အရမ္းကိုစိတ္ပ်က္စရာပါပဲ”လို႔

ျပန္လည္ေျဖၾကားခဲ့ပါတယ္။

တူခ်ယ္ရဲ႕အသင္းဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲေတြမွာေတာ့

လီဗာပူး၊ မန္စီးတီးတု႔ိနဲ႔ ဆက္တိုက္ရင္ဆိုင္ရေတာ့မွာပါ။