
ဒီရာသီချန်ပီယံလိဂ်မှာ လီဗာပူးဗိုလ်စွဲနိုင်တယ်လို့ သူတို့ရဲ့ကစားသမားဟောင်း
မိုက်ကယ်အိုဝင်က ထောက်ခံလိုက်ပြီး ပရီးမီးယားလိဂ်ဟာ ဥရောပမှာ
အတောင့်တင်းဆုံးလိဂ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
လီဗာပူးဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ
အက်သလက်တီကိုကို သက်သောင့်သက်သာအနိုင်ရခဲ့အတွက်
ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အုပ်စုပွဲတွေမပြီးခင် ၂ ပွဲအလိုမှာပဲ အုပ်စုဗိုလ်နေရာ
သေချာသွားခဲ့ပါတယ်။ နည်းပြကလော့ပ်ရဲ့အသင်းဟာ
အေစီမီလန်နဲ့ပေါ်တိုတို့လည်း ပါဝင်တဲ့ မရဏအုပ်စုမှာ အမှတ်အပြတ်အသတ်နဲ့
နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ ဒ့ါအပြင် အသင်းတိုက်စစ်မှုးဟောင်းအိုဝင်ကလည်း
အိမ်ကွင်းအန်ဖီးလ်မှာ ကစားရတာက ဗိုလ်စွဲစေဖို့အတွက် လီဗာပူးကို
အားသာချက်ကြီးတစ်ခုဖြစ်စေတယ်လို့ ယုံကြည်နေပါတယ်။
နောက်ပြီး အိုဝင်က ဂျာဂင်ကလော့ပ်ရဲ့အသင်းကို ဟန့်တားနိုင်တာဆိုလို့
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနဲ့လက်ရှိချန်ပီယံလိဂ်ချန်ပီယံမန်စီးတီးတို့သာ
ရှိကြောင်း ဆိုလိုက်ပါတယ်။ လက်ရှိမှာလည်း လီဗာပူးဟာ နောက်ဆုံး ၄ ရာသီအတွင်း
ချန်ပီယံလိဂ်မှာ ဒုတိယအကြိမ်မြောက်ဗိုလ်စွဲနိုင်ဖို့ မျှော်မှန်းနေပါတယ်။
”လီဗာပူးရဲ့အကြီးမားဆုံးအန္တရာယ်တွေက မန်စီးတီးနဲ့ချဲလ်ဆီးတို့ ဖြစ်ဖို့များပါတယ်။
အန်းဖီးလ်အားသာချက်ကလည်း ကျွန်တော့်ခေါင်းထဲက ထုတ်လို့မရနိုင်ပါဘူး။
ဒုတိယအကျော့အတွက် အန်ဖီးလ်ကိုသွားရမယ်ဆိုရင် ကံကောင်းပါစေလို့သာ
ဆုတောင်းထားတော့။ သူတို့ဟာ အန်ဖီးလ်မှာ အနိုင်ယူမခံရအောင်
စွမ်းဆောင်နိုင်စွမ်းရှိတယ်။ လီဗာပူးက ဖေးဘရိတ်အသင်းလို့ ပြောလို့ရပါတယ်”လို့
အိုဝင်က BT Sport ရုပ်သံမှာ ပြောကြားခဲ့တာပါ။
လက်ရှိအခြေအနေအရဆိုရင်တော့ ပရီးမီးယားလိဂ်ကိုယ်စားပြု ၄ သင်းစလုံးဟာ
ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပါတယ်။
လီဗာပူးက အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်တက်သွားပြီဖြစ်သလို
မန်ယူနဲ့မန်စီးတီးတို့ကလည်း သူတို့အုပ်စုမှာ ဦးဆောင်နေကြပြီး
ချဲလ်ဆီးကလည်း အနည်းဆုံးအုပ်စုဒုတိယနေရာနဲ့ အလွယ်တကူ
နောက်တစ်ဆင့်တက်နိုင်ဖို့ များနေပါတယ်။
zawgyi
မိုက္ကယ္အိုဝင္က လီဗာပူးဟာ ခ်န္ပီယံလိဂ္ရဲ႕ေဖးဘရိတ္အသင္းလို႔ အခိုင္အမာဆို
ဒီရာသီခ်န္ပီယံလိဂ္မွာ လီဗာပူးဗိုလ္စြဲႏိုင္တယ္လို႔ သူတို႔ရဲ႕ကစားသမားေဟာင္း
မိုက္ကယ္အိုဝင္က ေထာက္ခံလိုက္ၿပီး ပရီးမီးယားလိဂ္ဟာ ဥေရာပမွာ
အေတာင့္တင္းဆုံးလိဂ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။
လီဗာပူးဟာ ဗုဒၶဟူးညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ
အက္သလက္တီကိုကို သက္ေသာင့္သက္သာအႏိုင္ရခဲ့အတြက္
ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ အုပ္စုပြဲေတြမၿပီးခင္ ၂ ပြဲအလိုမွာပဲ အုပ္စုဗိုလ္ေနရာ
ေသခ်ာသြားခဲ့ပါတယ္။ နည္းျပကေလာ့ပ္ရဲ႕အသင္းဟာ
ေအစီမီလန္နဲ႔ေပၚတိုတို႔လည္း ပါဝင္တဲ့ မရဏအုပ္စုမွာ အမွတ္အျပတ္အသတ္နဲ႔
ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာပါ။ ဒ့ါအျပင္ အသင္းတိုက္စစ္မႈးေဟာင္းအိုဝင္ကလည္း
အိမ္ကြင္းအန္ဖီးလ္မွာ ကစားရတာက ဗိုလ္စြဲေစဖို႔အတြက္ လီဗာပူးကို
အားသာခ်က္ႀကီးတစ္ခုျဖစ္ေစတယ္လို႔ ယုံၾကည္ေနပါတယ္။
ေနာက္ၿပီး အိုဝင္က ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းကို ဟန႔္တားႏိုင္တာဆိုလို႔
လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးနဲ႔လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံမန္စီးတီးတို႔သာ
ရွိေၾကာင္း ဆိုလိုက္ပါတယ္။ လက္ရွိမွာလည္း လီဗာပူးဟာ ေနာက္ဆုံး ၄ ရာသီအတြင္း
ခ်န္ပီယံလိဂ္မွာ ဒုတိယအႀကိမ္ေျမာက္ဗိုလ္စြဲႏိုင္ဖို႔ ေမွ်ာ္မွန္းေနပါတယ္။
”လီဗာပူးရဲ႕အႀကီးမားဆုံးအႏၲရာယ္ေတြက မန္စီးတီးနဲ႔ခ်ဲလ္ဆီးတို႔ ျဖစ္ဖို႔မ်ားပါတယ္။
အန္းဖီးလ္အားသာခ်က္ကလည္း ကြၽန္ေတာ့္ေခါင္းထဲက ထုတ္လို႔မရႏိုင္ပါဘူး။
ဒုတိယအေက်ာ့အတြက္ အန္ဖီးလ္ကိုသြားရမယ္ဆိုရင္ ကံေကာင္းပါေစလို႔သာ
ဆုေတာင္းထားေတာ့။ သူတို႔ဟာ အန္ဖီးလ္မွာ အႏိုင္ယူမခံရေအာင္
စြမ္းေဆာင္ႏိုင္စြမ္းရွိတယ္။ လီဗာပူးက ေဖးဘရိတ္အသင္းလို႔ ေျပာလို႔ရပါတယ္”လို႔
အိုဝင္က BT Sport ႐ုပ္သံမွာ ေျပာၾကားခဲ့တာပါ။
လက္ရွိအေျခအေနအရဆိုရင္ေတာ့ ပရီးမီးယားလိဂ္ကိုယ္စားျပဳ ၄ သင္းစလုံးဟာ
ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းေနပါတယ္။
လီဗာပူးက အုပ္စုဗိုလ္နဲ႔ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္သလို
မန္ယူနဲ႔မန္စီးတီးတို႔ကလည္း သူတို႔အုပ္စုမွာ ဦးေဆာင္ေနၾကၿပီး
ခ်ဲလ္ဆီးကလည္း အနည္းဆုံးအုပ္စုဒုတိယေနရာနဲ႔ အလြယ္တကူ
ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ မ်ားေနပါတယ္။