
ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး ယာမိုလန်ကို ဟာသူ့မိသားစုကိုကယ်တင်ဖို့အတွက်
ယူကရိန်းနယ်စပ်ကို သွားရောက်နေပြီလို့သိရပါတယ်။
ရုရှားရဲ့ကျူးကျော်မှုကိုခံခဲ့ရပြီးနောက် ယာမိုလန်ကို ရဲ့မိန်းမနဲ့ကလေးတွေ ဟာ
ပိုလန်ကိုသွားဖို့အတွက် ယူကရိန်းနိုင်ငံထဲကနေထွက်ပြေးခဲ့ကြရတယ်လို့
ယူကရိန်းအသင်းနည်းပြ ရှက် ချန်ကို ကအတည်ပြုခဲ့ပါတယ်။
ဗလာဒီမီယာပူတင် ဟာသူ့တပ်တွေကို
ယူကရိန်းဆီကျူးကျော်ဖို့အမိန့်ပေး ခဲ့ပြီးနောက် မြို့ကြီးတွေကို
အမြှောက်တွေနဲ့ တရစပ်ပစ်ခတ်နေတဲ့အပြင် ဒုံးကျည်တွေနဲ့လည်းပစ်နေတာ ကြောင့်
အရပ်သား ၂၀၀၀ အထိသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်လူပေါင်း ၅ သိန်းလောက် ဟာလည်း
ယူကရိန်းကနေထွက်ပြေးနေကြရတယ်လို့ UN ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းအသင်းရဲ့တတိယမြောက်ပွဲအများဆုံးကစားသူဖြစ်တဲ့
ယာမိုလန်ကို ဟာသူ့ကလပ်ရဲ့ခွင့်ပြုချက်နဲ့ အတူ တနင်္ဂနွေနေ့ကတည်းက
ခွင့်ရခဲ့သူဖြစ်လို့ ဝုဗ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသူမပါနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ဝက်စ်ဟမ်းအသင်းဖော်တွေက
သူ့နာမည်ပါဝင်တဲ့အင်္ကျီတွေကိုဝတ်ဆင်ကာ
အားပေးထောက်ခံကြောင်းပြသ ခဲ့ကြပါတယ်။
ယာမိုလန်ကိုရဲ့မိသားစုဟာ ယူကရိန်းနယ်စပ်ကိုဖြတ်ပြီး
ပိုလန်နိုင်ငံထဲရောက်ရှိနေပြီလို့လည်း သိရပါတယ်။
ရှက်ချန်ကိုက” အားကစားက ကမ္ဘာကိုပြောင်းလဲစေနိုင်တဲ့
မယုံနိုင်စရာကောင်းတဲ့ စွမ်းအားရှိ ပါတယ်။
အဲဗာတန်က မိုင်ကိုလန်ကို၊ မန်စီးတီးက ဇင်ချန်ကို တို့ကို
အားပေးထောက်ခံကြတာဟာ တကယ့်ကို မယုံနိုင်စရာပါဘဲ။
ယာမိုလန်ကလည်း ဒီအခြေအနေအတိုင်းကြုံနေရပါတယ်။
သူ့မိန်းမနဲ့ သူ့ကလေးတွေ ထဲကတစ်ယောက်ဟာ
ယူကရိန်းမှာကျန်ခဲ့ပေမယ့် အခုဆိုရင်နိုင်ငံထဲကနေထွက်ပြီး
နယ်စပ်ကိုဖြတ်ကာပို လန်ကိုရောက်သွားပါပြီ။
လက်ရှိအခြေအနေဟာသူ့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာကို
နားလည်ပါ တယ်” လို့ပြောသွားပါတယ်။
ရှက်ချန်ကို ရဲ့အမေနဲ့ ညီမ တို့ဟာယူကရိန်းမှာဘဲကျန်ရစ်နေပြီး
သူတို့ကိုနိုင်ငံတွင်းကနေထွက်ဖို့ ပြောခဲ့ ပေမယ့် ငြင်းပယ်ပြီး
ဆက်နေကြတယ်လို့လည်းသိရပါတယ်။
သူက” ယူကရိန်းသားဖြစ်ရတာ ဂုဏ်ယူပါတယ်။ လက်ရှိအခြေအနေဟာ
ကျွန်တော့်မိသားစုအတွက်ရော နိုင်ငံနဲ့ ပြည်သူတွေအတွက်ပါ
ခက်ခဲနေတဲ့အချိန်ပါ။ အမေနဲ့ ညီမ တို့ကလည်း
ကိဗ်မြို့မှာဘဲဆက်ရှိနေကြပါတယ်။ အဲဒီမှာကြောက်စရာကောင်းတာတွေက
ဆက် တိုက်ဖြစ်နေပေမယ့် သူတို့ကဆက်နေဖို့ဆုံးဖြတ်ထားတာပါ။
လူတွေလည်းသေနေ၊ ကလေးတွေလည်းသေနေ ကြပြီး ဒုံးကျည်တွေကလည်း
ကျွန်တော်တို့ရဲ့အိမ်တွေကို ပစ်မှတ်ထားနေတာပါ” လို့ဆိုခဲ့ပါတယ်။
zawgyi
မိသားစုကိုကယ္တင္ဖို႔အတြက္ ယူကရိန္းနယ္စပ္ကို သြားတဲ့ ယာမိုလန္ကို
ဝက္စ္ဟမ္းအသင္းတိုက္စစ္မႉး ယာမိုလန္ကို ဟာသူ႔မိသားစုကိုကယ္တင္ဖို႔အတြက္
ယူကရိန္းနယ္စပ္ကို သြားေရာက္ေနၿပီလို႔သိရပါတယ္။
႐ုရွားရဲ႕က်ဴးေက်ာ္မႈကိုခံခဲ့ရၿပီးေနာက္ ယာမိုလန္ကို ရဲ႕မိန္းမနဲ႔ကေလးေတြ ဟာ
ပိုလန္ကိုသြားဖို႔အတြက္ ယူကရိန္းႏိုင္ငံထဲကေနထြက္ေျပးခဲ့ၾကရတယ္လို႔
ယူကရိန္းအသင္းနည္းျပ ရွက္ ခ်န္ကို ကအတည္ျပဳခဲ့ပါတယ္။
ဗလာဒီမီယာပူတင္ ဟာသူ႔တပ္ေတြကို
ယူကရိန္းဆီက်ဴးေက်ာ္ဖို႔အမိန႔္ေပး ခဲ့ၿပီးေနာက္ ၿမိဳ႕ႀကီးေတြကို
အေျမႇာက္ေတြနဲ႔ တရစပ္ပစ္ခတ္ေနတဲ့အျပင္ ဒုံးက်ည္ေတြနဲ႔လည္းပစ္ေနတာ ေၾကာင့္
အရပ္သား ၂၀၀၀ အထိေသဆုံးခဲ့ရၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့အျပင္လူေပါင္း ၅ သိန္းေလာက္ ဟာလည္း
ယူကရိန္းကေနထြက္ေျပးေနၾကရတယ္လို႔ UN ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းအသင္းရဲ႕တတိယေျမာက္ပြဲအမ်ားဆုံးကစားသူျဖစ္တဲ့
ယာမိုလန္ကို ဟာသူ႔ကလပ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ အတူ တနဂၤေႏြေန႔ကတည္းက
ခြင့္ရခဲ့သူျဖစ္လို႔ ဝုဗ္ကိုအႏိုင္ရခဲ့တဲ့ပြဲမွာသူမပါႏိုင္ခဲ့ပါဘူး။
ဒါေပမယ့္ ဝက္စ္ဟမ္းအသင္းေဖာ္ေတြက
သူ႔နာမည္ပါဝင္တဲ့အက်ႌေတြကိုဝတ္ဆင္ကာ
အားေပးေထာက္ခံေၾကာင္းျပသ ခဲ့ၾကပါတယ္။
ယာမိုလန္ကိုရဲ႕မိသားစုဟာ ယူကရိန္းနယ္စပ္ကိုျဖတ္ၿပီး
ပိုလန္ႏိုင္ငံထဲေရာက္ရွိေနၿပီလို႔လည္း သိရပါတယ္။
ရွက္ခ်န္ကိုက” အားကစားက ကမာၻကိုေျပာင္းလဲေစႏိုင္တဲ့
မယုံႏိုင္စရာေကာင္းတဲ့ စြမ္းအားရွိ ပါတယ္။
အဲဗာတန္က မိုင္ကိုလန္ကို၊ မန္စီးတီးက ဇင္ခ်န္ကို တို႔ကို
အားေပးေထာက္ခံၾကတာဟာ တကယ့္ကို မယုံႏိုင္စရာပါဘဲ။
ယာမိုလန္ကလည္း ဒီအေျခအေနအတိုင္းႀကဳံေနရပါတယ္။
သူ႔မိန္းမနဲ႔ သူ႔ကေလးေတြ ထဲကတစ္ေယာက္ဟာ
ယူကရိန္းမွာက်န္ခဲ့ေပမယ့္ အခုဆိုရင္ႏိုင္ငံထဲကေနထြက္ၿပီး
နယ္စပ္ကိုျဖတ္ကာပို လန္ကိုေရာက္သြားပါၿပီ။
လက္ရွိအေျခအေနဟာသူ႔အတြက္ ဘယ္ေလာက္ခက္ခဲမလဲဆိုတာကို
နားလည္ပါ တယ္” လို႔ေျပာသြားပါတယ္။
ရွက္ခ်န္ကို ရဲ႕အေမနဲ႔ ညီမ တို႔ဟာယူကရိန္းမွာဘဲက်န္ရစ္ေနၿပီး
သူတို႔ကိုႏိုင္ငံတြင္းကေနထြက္ဖို႔ ေျပာခဲ့ ေပမယ့္ ျငင္းပယ္ၿပီး
ဆက္ေနၾကတယ္လို႔လည္းသိရပါတယ္။
သူက” ယူကရိန္းသားျဖစ္ရတာ ဂုဏ္ယူပါတယ္။ လက္ရွိအေျခအေနဟာ
ကြၽန္ေတာ့္မိသားစုအတြက္ေရာ ႏိုင္ငံနဲ႔ ျပည္သူေတြအတြက္ပါ
ခက္ခဲေနတဲ့အခ်ိန္ပါ။ အေမနဲ႔ ညီမ တို႔ကလည္း
ကိဗ္ၿမိဳ႕မွာဘဲဆက္ရွိေနၾကပါတယ္။ အဲဒီမွာေၾကာက္စရာေကာင္းတာေတြက
ဆက္ တိုက္ျဖစ္ေနေပမယ့္ သူတို႔ကဆက္ေနဖို႔ဆုံးျဖတ္ထားတာပါ။
လူေတြလည္းေသေန၊ ကေလးေတြလည္းေသေန ၾကၿပီး ဒုံးက်ည္ေတြကလည္း
ကြၽန္ေတာ္တို႔ရဲ႕အိမ္ေတြကို ပစ္မွတ္ထားေနတာပါ” လို႔ဆိုခဲ့ပါတယ္။