မိနစ် ၇၀ ကျော်မှ နိုင်နေရာကနေ ရှုံးနိမ့်သွားလို့ ဒေါသထွက်နေတဲ့ ကွန်တီ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးည ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို

နိုင်နေရာကနေ ရှုံးနိမ့်သွားခဲ့လို့

စပါးနည်းပြကွန်တီတစ်ယောက်ဒေါသထွက်နေပြီး

စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့ သူ့အသင်းကို တိုက်တွန်းလိုက်ပါတယ်။

အဲဒီပွဲမှာ စပါးဟာ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့်

ချက်ချင်းပဲ ပြန်လည်ချေပခံခဲ့ရပြီး ပထမပိုင်းမှာ

ဧည့်သည်ကတောင် ပိုကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းပြန်စတော့ စပါးရဲ့ကစားပုံတိုးတက်လာပြီး

ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ ဆွန်ဟောင်မင်က ၂-၁ နဲ့

ဦးဆောင်နိုင်စေမယ့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စပါဟာ ၇၉ နဲ့ ၈၂ ဆိုတဲ့ ၃ မိနစ်တာအတွင်းမှာ

၂ ဂိုးဆက်တိုက်ပေးလိုက်ရပါတယ်။

နာကျင်အချိန်ပို ၉၃ မိနစ်အရောက်မှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့်

VAR နဲ့ ပယ်ဖျက်ခံလိုက်ရလို့ နောက်ဆုံးမှာ ၃-၂ နဲ့ ရှုံးသွားခဲ့ပါတယ်။

ဒီရလဒ်က ကွန်တီလက်ထက် ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲဖြစ်ပြီး

သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။

ဒါကြောင့် ကွန်တီက သူ့အသင်းဟာ မကြာသေးခင်ပွဲတွေမှာ

တိုးတက်လာပေမယ့် ပွဲတိုင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရဆဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

”အသင်းရဲ့အခြေအနေကို ကျွန်တော်ကောင်းကောင်းသိပါတယ်။

ထပ်ပြောချင်တာက ဒီရာသီမှာ ကျွန်တော်တို့ဟာ ၃ မှတ်ရဖို့ ရုန်းကန်ရမှာပါ။

အရင်က အဲဒီလိုပြောခဲ့သလို ကျွန်တော့်ဆက်ပြီးတော့ ထပ်ပြောနေမှာပါ။

ကျွန်တော်တို့ဟာ ဘက်ပေါင်းစုံမှာ တိုးတက်လာပေမယ့်

အရမ်းကိုစိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်ဆဲပါ။

လက်စတာနဲ့ပွဲတုန်းက ကျွန်တော်တို့ရှုံးနေရာက ၃-၂ နဲ့နိုင်ခဲ့ပေမယ့်

ဒီနေ့မှာတော့ ၂-၁ နဲ့ နိုင်နေရာကနေ ၃-၂ နဲ့ ရှုံးသွားပါတယ်။

အသင်းတစ်တစ်သင်းအနေနဲ့ ပြိုင်ဆိုင်နိုင်ချင်တယ်၊

ရင့်ကျက်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက တည်ငြိမ်မှုတိုးတက်အောင်ပါ။

အတက်အကျ၊ အတက်အကျဖြစ်နေလို့ မရပါဘူး။

ဒါဟာ ကျွန်တော်တို့တိုးတက်ရမယ့်အခြေအနေတစ်ခုပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

zawgyi

မိနစ္ ၇၀ ေက်ာ္မွ ႏိုင္ေနရာကေန ရႈံးနိမ့္သြားလို႔ ေဒါသထြက္ေနတဲ့ ကြန္တီ

ၿပီးခဲ့တဲ့ဗုဒၶဟူးည ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေဆာက္သမ္တန္ကို

ႏိုင္ေနရာကေန ရႈံးနိမ့္သြားခဲ့လို႔

စပါးနည္းျပကြန္တီတစ္ေယာက္ေဒါသထြက္ေနၿပီး

စိတ္ပိုင္းဆိုင္ရာတိုးတက္ဖို႔ သူ႔အသင္းကို တိုက္တြန္းလိုက္ပါတယ္။

အဲဒီပြဲမွာ စပါးဟာ စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္

ခ်က္ခ်င္းပဲ ျပန္လည္ေခ်ပခံခဲ့ရၿပီး ပထမပိုင္းမွာ

ဧည့္သည္ကေတာင္ ပိုေကာင္းခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယပိုင္းျပန္စေတာ့ စပါးရဲ႕ကစားပုံတိုးတက္လာၿပီး

ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုမွာ ဆြန္ေဟာင္မင္က ၂-၁ နဲ႔

ဦးေဆာင္ႏိုင္ေစမယ့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း စပါဟာ ၇၉ နဲ႔ ၈၂ ဆိုတဲ့ ၃ မိနစ္တာအတြင္းမွာ

၂ ဂိုးဆက္တိုက္ေပးလိုက္ရပါတယ္။

နာက်င္အခ်ိန္ပို ၉၃ မိနစ္အေရာက္မွာ ျပန္လည္ေခ်ပႏိုင္ခဲ့ေပမယ့္

VAR နဲ႔ ပယ္ဖ်က္ခံလိုက္ရလို႔ ေနာက္ဆုံးမွာ ၃-၂ နဲ႔ ရႈံးသြားခဲ့ပါတယ္။

ဒီရလဒ္က ကြန္တီလက္ထက္ ပထမဆုံးပရီးမီးယားလိဂ္အိမ္ကြင္းရႈံးပြဲျဖစ္ၿပီး

သူတို႔ရဲ႕ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကိုလည္း ထိခိုက္ေစခဲ့ပါတယ္။

ဒါေၾကာင့္ ကြန္တီက သူ႔အသင္းဟာ မၾကာေသးခင္ပြဲေတြမွာ

တိုးတက္လာေပမယ့္ ပြဲတိုင္းမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

”အသင္းရဲ႕အေျခအေနကို ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္။

ထပ္ေျပာခ်င္တာက ဒီရာသီမွာ ကြၽန္ေတာ္တို႔ဟာ ၃ မွတ္ရဖို႔ ႐ုန္းကန္ရမွာပါ။

အရင္က အဲဒီလိုေျပာခဲ့သလို ကြၽန္ေတာ့္ဆက္ၿပီးေတာ့ ထပ္ေျပာေနမွာပါ။

ကြၽန္ေတာ္တို႔ဟာ ဘက္ေပါင္းစုံမွာ တိုးတက္လာေပမယ့္

အရမ္းကိုစိတ္ပိုင္းဆိုင္ရာထိခိုက္လြယ္ဆဲပါ။

လက္စတာနဲ႔ပြဲတုန္းက ကြၽန္ေတာ္တို႔ရႈံးေနရာက ၃-၂ နဲ႔ႏိုင္ခဲ့ေပမယ့္

ဒီေန႔မွာေတာ့ ၂-၁ နဲ႔ ႏိုင္ေနရာကေန ၃-၂ နဲ႔ ရႈံးသြားပါတယ္။

အသင္းတစ္တစ္သင္းအေနနဲ႔ ၿပိဳင္ဆိုင္ႏိုင္ခ်င္တယ္၊

ရင့္က်က္ခ်င္တယ္ဆိုရင္ ပထမဆုံးလုပ္ရမွာက တည္ၿငိမ္မႈတိုးတက္ေအာင္ပါ။

အတက္အက်၊ အတက္အက်ျဖစ္ေနလို႔ မရပါဘူး။

ဒါဟာ ကြၽန္ေတာ္တို႔တိုးတက္ရမယ့္အေျခအေနတစ္ခုပါ”လို႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။