
အက်စတွန် ဗီလာ အသင်းကို ရောက်ရှိ လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ
အမြန်ဆုံး အသားကျခဲ့တဲ့ ကော်တင်ဟို တစ်ယောက်
လက်ရွေးစင် အသင်းတွက် ပြန်လည် ရွေးချယ် ခံခဲ့ ရပါတယ်။
ပါရာဂွေးနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ကော်တင်ဟိုရဲ့ သွင်းဂိုးဟာ
၂၀၂၀ အောက်တိုဘာလ နောက်ပိုင်း လက်ရွေးစင် အသင်းတွက်
ပထမဆုံး ပြန်လည် သွင်းယူနိုင်တဲ့ ဂိုးဖြစ် ခဲ့ပါတယ်။
ကော်တင်ဟို တစ်ယောက် မိခင် ဘရာဇီး အသင်းအတွက်
ပြိုင်ပွဲစုံ ၆၅ပွဲ ကစားထားပြီး သွင်းဂိုးကတော့ ၁၉ဂိုးမြောက် ဖြစ်ခဲ့ပါတယ်။
” ကျွန်တော် အသင်းမှာ ပွဲထွက်ခွင့် မရတာ တော်တော် ကြာနေပြီ။
ဘာလို့လဲဆိုတော့ အရမ်းကို ရှုပ်ထွေးတဲ့
ဒဏ်ရာတွေနဲ့ ဖြတ်သန်း ခဲ့ရတာကြောင့်ပါ။”
” ပြီးခဲ့တဲ့ ပွဲစဉ် ၂ပွဲမှာ ဘရာဇီး လက်ရွေးစင် အသင်းတွက် ရွေးချယ် ခံခဲ့ရတယ်။
ဒါပေမယ့် ဝင်ရောက် ကစားခွင့် ရမယ့် အခွင့်အရေး မရခဲ့ဖူး။”
” ဒီပွဲစဉ်မှာတော့ သိပ်ကောင်းတဲ့ အခွင့်အရေးသစ် တစ်ခု ရခဲ့တယ်။
ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချ နိုင်ခဲ့တဲ့ အတွက် တော်တော် ကျေနပ် မိပါတယ်။”
” ပြီးတော့ ဘရာဇီး လက်ရွေးစင် အသင်းအတွက်
ဂိုးပြန်သွင်း နိုင်တဲ့ အတွက် အရမ်း ပျော်ရွှင်မိတယ်။
အထူးသဖြင့် ဘရာဇီး ပရိသတ်တွေရဲ့ ရှေ့ အဲဒီကွင်းကြီးထဲမှာ
ဂိုးသွင်း နိုင်တာ ဖြစ်လို့ ပိုပြီး ဝမ်းသာကျေနပ် မိပါတယ်။” လို့
ကော်တင်ဟိုက ပြောဆိုသွား ခဲ့ပါတယ်။
zawgyi
မိခင္ ဘရာဇီး အသင္းအတြက္ ဂိုးျပန္လည္သြင္းႏိုင္လို႔ ဝမ္းသာေနတဲ့ ေကာ္တင္ဟို
အက္စတြန္ ဗီလာ အသင္းကို ေရာက္ရွိ လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ
အျမန္ဆုံး အသားက်ခဲ့တဲ့ ေကာ္တင္ဟို တစ္ေယာက္
လက္ေ႐ြးစင္ အသင္းတြက္ ျပန္လည္ ေ႐ြးခ်ယ္ ခံခဲ့ ရပါတယ္။
ပါရာေဂြးနဲ႔ ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ေကာ္တင္ဟိုရဲ႕ သြင္းဂိုးဟာ
၂၀၂၀ ေအာက္တိုဘာလ ေနာက္ပိုင္း လက္ေ႐ြးစင္ အသင္းတြက္
ပထမဆုံး ျပန္လည္ သြင္းယူႏိုင္တဲ့ ဂိုးျဖစ္ ခဲ့ပါတယ္။
ေကာ္တင္ဟို တစ္ေယာက္ မိခင္ ဘရာဇီး အသင္းအတြက္
ၿပိဳင္ပြဲစုံ ၆၅ပြဲ ကစားထားၿပီး သြင္းဂိုးကေတာ့ ၁၉ဂိုးေျမာက္ ျဖစ္ခဲ့ပါတယ္။
” ကြၽန္ေတာ္ အသင္းမွာ ပြဲထြက္ခြင့္ မရတာ ေတာ္ေတာ္ ၾကာေနၿပီ။
ဘာလို႔လဲဆိုေတာ့ အရမ္းကို ရႈပ္ေထြးတဲ့
ဒဏ္ရာေတြနဲ႔ ျဖတ္သန္း ခဲ့ရတာေၾကာင့္ပါ။”
” ၿပီးခဲ့တဲ့ ပြဲစဥ္ ၂ပြဲမွာ ဘရာဇီး လက္ေ႐ြးစင္ အသင္းတြက္ ေ႐ြးခ်ယ္ ခံခဲ့ရတယ္။
ဒါေပမယ့္ ဝင္ေရာက္ ကစားခြင့္ ရမယ့္ အခြင့္အေရး မရခဲ့ဖူး။”
” ဒီပြဲစဥ္မွာေတာ့ သိပ္ေကာင္းတဲ့ အခြင့္အေရးသစ္ တစ္ခု ရခဲ့တယ္။
ဒီအခြင့္အေရးကို အေကာင္းဆုံး အသုံးခ် ႏိုင္ခဲ့တဲ့ အတြက္ ေတာ္ေတာ္ ေက်နပ္ မိပါတယ္။”
” ၿပီးေတာ့ ဘရာဇီး လက္ေ႐ြးစင္ အသင္းအတြက္
ဂိုးျပန္သြင္း ႏိုင္တဲ့ အတြက္ အရမ္း ေပ်ာ္႐ႊင္မိတယ္။
အထူးသျဖင့္ ဘရာဇီး ပရိသတ္ေတြရဲ႕ ေရွ႕ အဲဒီကြင္းႀကီးထဲမွာ
ဂိုးသြင္း ႏိုင္တာ ျဖစ္လို႔ ပိုၿပီး ဝမ္းသာေက်နပ္ မိပါတယ္။” လို႔
ေကာ္တင္ဟိုက ေျပာဆိုသြား ခဲ့ပါတယ္။