
ဒီဒီယာဒရော့ဘာဟာဘောလုံးသမားတစ်ဦးအဖြစ်အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပြီး
စတမ်းဖို့ဒ်ဘရစ်ချ်တွင်ဂန္တဝင်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
ဒီဒီယာဒရော့ဘာဟာကစားသမားဘဝတုန်းကအောင်မြင်မှုများစွာရယူနိုင်ခဲ့မှုနဲ့အတူ
လူပေါင်းများစွာအပေါ်မှာဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို
မိခင်နိုင်ငံ အိုင်ဗရီကိုစ့်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကိုလည်း ငြိမ်းအေးစေဖို့
တတ်နိုင်သလောက် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
အိုင်ဗရီကိုစ့်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့ပြီး
အဲဒီလိုအနေအထားမှာ ဒရော့ဘာက ကြားခံအနေနဲ့
တောင်နဲ့ မြောက်အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ဖူးသူဖြစ်ပါတယ်။
၂၀၀၅ခုနှစ်၊အောက်တိုဘာလ၈ရက်နေ့တုန်းကဒရော့ဘာရဲ့
အိုင်ဗရီကို့စ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ဆူဒန်နှင့်ကစားရပါတယ်။
ပွဲအပြီးမှာဒီဒီယာဒရော့ဘာက “အိုင်ဗရီကို့စ်ကအမျိုးသား၊အမျိုးသမီးအပေါင်းတို့ခင်ဗျ။
မြောက်ပိုင်း၊တောင်ပိုင်း၊ဗဟိုနဲ့အနောက်ပိုင်းကလူတွေ။
ကနေ့မှာကျွန်တော်တို့ အိုင်ဗရီကို့စ်ဟာငြိမ်းချမ်းစွာလက်တွဲပြီးအတူတွဲကစားရင်
ရည်မှန်းချက်ဖြစ်တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုကိုရယူနိုင်တယ်ဆိုတာပြသနိုင်ခဲ့ပါတယ်။
ဒီအောင်ပွဲခံမှုကအားလုံးကိုစုစည်းစေမယ်လို့ကတိပေးပါတယ်။
ဒီကနေ့မှာဒူးထောင်ပြီးတော့လည်းတောင်းပန်ပါတယ်။
ကစားသမားတွေဒူးထောက်တောင်းပန်ပါတယ်။
ချမ်းသာကြွယ်ဝမှုအများကြီးရှိတဲ့အာဖရိကနိုင်ငံတစ်နိုင်ငံအနေနဲ့စစ်ပွဲမရှိသင့်ပါဘူး။
ကျေးဇူးပြုပြီးလက်နက်တွေချပြီးရွေးကောက်ပွဲလုပ်ကြပါ”လို့ပြောကြားခဲ့ပါတယ်။
ဒရော့ဘာဟာ အလှူအတန်းတွေကိုလည်း အားတက်သရော လုပ်ဆောင်ခဲ့ပြီး
နိုင်ငံအတွင်းမှာ အဓိကလိုအပ်ချက်တွေဖြစ်တဲ့
ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သူဖြစ်ပါတယ်။
ဒရော့ဘာဟာ မတ်လ ၁၁ ရက်နေ့မှာတော့ အသက် ၄၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
zawgyi
မိခင္ႏိုင္ငံ အိုင္ဗရီကိုစ့္မွာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ကို ၿငိမ္းေအးေစဖို႔ တတ္ႏိုင္သေလာက္ ပါဝင္လုပ္ကိုင္ခဲ့သူ ဒေရာ့ဘာ
ဒီဒီယာဒေရာ့ဘာဟာေဘာလုံးသမားတစ္ဦးအျဖစ္ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ၿပီး
စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဂႏၲဝင္ကစားသမားတစ္ဦးအျဖစ္သတ္မွတ္ခံထားရသူျဖစ္ပါတယ္။
ဒီဒီယာဒေရာ့ဘာဟာကစားသမားဘဝတုန္းကေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့မႈနဲ႔အတူ
လူေပါင္းမ်ားစြာအေပၚမွာဩဇာလႊမ္းမိုးႏိုင္စြမ္းရွိသူလည္းျဖစ္ပါတယ္။
သူဟာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ေအာင္ျမင္မႈမ်ားစြာ ရယူႏိုင္ခဲ့သလို
မိခင္ႏိုင္ငံ အိုင္ဗရီကိုစ့္မွာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ကိုလည္း ၿငိမ္းေအးေစဖို႔
တတ္ႏိုင္သေလာက္ ပါဝင္လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။
အိုင္ဗရီကိုစ့္ႏိုင္ငံဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုက ျပည္တြင္းစစ္ျဖစ္ပြားေနခဲ့ၿပီး
အဲဒီလိုအေနအထားမွာ ဒေရာ့ဘာက ၾကားခံအေနနဲ႔
ေတာင္နဲ႔ ေျမာက္အဖြဲ႕ေခါင္းေဆာင္ေတြကို ဖိတ္ၾကားၿပီး
ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးခဲ့ဖူးသူျဖစ္ပါတယ္။
၂၀၀၅ခုႏွစ္၊ေအာက္တိုဘာလ၈ရက္ေန႔တုန္းကဒေရာ့ဘာရဲ႕
အိုင္ဗရီကို႔စ္ဟာ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ဆူဒန္ႏွင့္ကစားရပါတယ္။
ပြဲအၿပီးမွာဒီဒီယာဒေရာ့ဘာက “အိုင္ဗရီကို႔စ္ကအမ်ိဳးသား၊အမ်ိဳးသမီးအေပါင္းတို႔ခင္ဗ်။
ေျမာက္ပိုင္း၊ေတာင္ပိုင္း၊ဗဟိုနဲ႔အေနာက္ပိုင္းကလူေတြ။
ကေန႔မွာကြၽန္ေတာ္တို႔ အိုင္ဗရီကို႔စ္ဟာၿငိမ္းခ်မ္းစြာလက္တြဲၿပီးအတူတြဲကစားရင္
ရည္မွန္းခ်က္ျဖစ္တဲ့ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မႈကိုရယူႏိုင္တယ္ဆိုတာျပသႏိုင္ခဲ့ပါတယ္။
ဒီေအာင္ပြဲခံမႈကအားလုံးကိုစုစည္းေစမယ္လို႔ကတိေပးပါတယ္။
ဒီကေန႔မွာဒူးေထာင္ၿပီးေတာ့လည္းေတာင္းပန္ပါတယ္။
ကစားသမားေတြဒူးေထာက္ေတာင္းပန္ပါတယ္။
ခ်မ္းသာႂကြယ္ဝမႈအမ်ားႀကီးရွိတဲ့အာဖရိကႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔စစ္ပြဲမရွိသင့္ပါဘူး။
ေက်းဇူးျပဳၿပီးလက္နက္ေတြခ်ၿပီးေ႐ြးေကာက္ပြဲလုပ္ၾကပါ”လို႔ေျပာၾကားခဲ့ပါတယ္။
ဒေရာ့ဘာဟာ အလႉအတန္းေတြကိုလည္း အားတက္သေရာ လုပ္ေဆာင္ခဲ့ၿပီး
ႏိုင္ငံအတြင္းမွာ အဓိကလိုအပ္ခ်က္ေတြျဖစ္တဲ့
ေဆး႐ုံေတြနဲ႔ စာသင္ေက်ာင္းေတြကိုလည္း ေဆာက္လုပ္လႉဒါန္းခဲ့သူျဖစ္ပါတယ္။
ဒေရာ့ဘာဟာ မတ္လ ၁၁ ရက္ေန႔မွာေတာ့ အသက္ ၄၄ ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ပါတယ္။