
ယူကရိန်းအလှမယ်ဟောင်း အန်နာစတေရှာလန်နာဟာ
မိခင်နိုင်ငံကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့
ရုရှားတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် အပျော်တမ်းတပ်ဖွဲ့ဝင်အဖြစ်
ယူကရိန်းစစ်တပ်ထဲဝင်ရောက်သွားခဲ့ပါတယ်။
2015 Miss Grand International အလှမယ်ပြိုင်ပွဲမှာ
ယူကရိန်းကိုယ်စားပြုဝင်ရောက်ယှဉ်ပြိူင်ခဲ့တဲ့
လန်နာဟာ မိခင်နိုင်ငံကိုကာကွယ်ဖို့အတွက် အလှမယ်ပြိုင်ပွဲတွေမှာ
စီးရတဲ့ ဒေါက်မြင့်ဖိနပ်တွေကိုစွန့်လွှတ်ပြီး
တိုက်ခိုက်ရေးဖိနပ်တွေပြောင်းလဲဝတ်ဆင်ခဲ့တာပါ။
လန်နာဟာ ပြီးခဲ့တဲ့စနေနေ့ကမှ သူမရဲ့အင်စတာဂရမ်အကောင့်မှာ
” နယ်စပ်ကိုဖြတ်ကျော်ပြီး ယူကရိန်းနိုင်ငံထဲ
ဝင်ရောက်ကျူးကျော်သူတိုင်း အသတ်ခံရမယ် ” ဆိုတဲ့
ပို့စ်ကို အင်္ဂလိပ်ဘာသာနဲ့တင်ခဲ့ပါတယ်။ အဲဒီသတိပေးစာနဲ့အတူ
လမ်းတစ်ခုကိုပိတ်ထားတဲ့လက်နက်ကိုင်စစ်သားတွေရဲ့ပုံကိုလည်း တွဲတင်ခဲ့ပါတယ်။
အခြားပို့စ်တစ်ခုမှာလည်း ” ကျွန်မတို့စစ်တပ်က
သူရဲကောင်းပီသစွာ အပြင်းအထန်တိုက်ခိုက်နေတာမို့
နေတိုးတပ်ဖွဲ့ဝင်တွေတောင်မှ ယူကရိန်းထဲဝင်မယ်ဆိုရင်
ကြိုခွင့်တောင်းသင့်တယ် ” လို့ နေတိုးအဖွဲ့ကြီးရဲ့ စောင့်ကြည့်နေမှုကို
လန်နာက မထိတထိရေးတင်ခဲ့ပါသေးတယ်။
လန်နာဟာ followers ၇၅,၀၀၀ ရှိတဲ့ သူမရဲ့အင်စတာဂရမ်အကောင့်မှာ
ယူကရိန်းသမ္မတဇလန်းစကီးနဲ့ ယူကရိန်းစစ်သားတွေ
အတူတွဲလမ်းလျှောက်နေတဲ့ပုံကိုမျှဝေခဲ့သလို သမ္မတ ဇလန်းစကီးကိုလည်း
စိတ်ဓာတ်ကြံ့ခိုင်ပြီး ခေါင်းဆောင်ကောင်းပီသသူလို့ ချီးကျူးခဲ့ပါတယ်။
လန်နာဟာ ရုရှားက ကြည်း၊ ရေ၊ လေ တပ်ဖွဲ့စုံသုံးပြီး
ကျူး ကျော်စစ်စတင်ခဲ့ကတည်းက ယူကရိန်းစစ်တပ်ကိုထောက်ခံဖို့နဲ့
လိုအပ်တဲ့ကူညီလှူဒါန်းမှုတွေပြုလုပ်ဖို့ တောက်လျှောက်နှိုးဆော်ခဲ့တာပါ။
ကိယက်ဗ်မြို့တော်၊ Slavistik တက္ကသိုလ်ကနေ ဈေးကွက်နဲ့
စီမံခန့်ခွဲမှုပညာရပ်နဲ့ ဘွဲ့ရထားတဲ့လန်နာဟာ
အခုလိုစစ်တပ်ထဲမဝင်ခင်မှာ ချေမှုန်းရေးရိုင်ဖယ်ကိုင်ထားတဲ့ပုံကိုလည်း
အင်စတာဂရမ်မှာတင်ခဲ့ပါသေးတယ်။
၂၀၁၅ ယူကရိန်းအလှမယ်အဖြစ် ရွေးချယ်ခံရစဉ်က
အသက် ၂၄နှစ်သာရှိသေးတဲ့လန်နာဟာ
လက်ရှိမှာတော့ အသက် ၃၁နှစ်ရှိနေပြီဖြစ်သလို အင်အားထောင်ပေါင်းများစွာရှိတဲ့
ယူကရိန်းအမျိုးသမီးတပ်ဖွဲ့ရဲ့ စစ်သည်တော်တစ်ဦးလည်းဖြစ်လာပါပြီ။
ဒါပေမဲ့ တိုက်ခိုက်ရေးဘက်မှာ တာဝန်ပေးခံရမလားဆိုတာကိုတော့
ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လန်နာဟာ သေနတ်တွေနဲ့ စိမ်းတဲ့သူတစ်ဦးတော့မဟုတ်ဘဲ
ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လေသေနတ်ကိုင် ထားတဲ့ပုံတွေ၊
သေနတ်ပစ်လေ့ကျင့်နေတဲ့ပုံတွေကို အင်စတာဂရမ်မှာ မကြာခဏတင်လာခဲ့တာပါ။
လက်ရှိမှာ လေသေနတ်ကနေ တကယ့်သေနတ်ကိုင်ရမှာဖြစ်ပေမယ့်
ဘယ်လိုပစ်ရမလဲဆိုတာကိုတော့ ကောင်းကောင်းသိမယ့်ပုံရှိပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ စစ်တပ်တွေအနက် အမျိုးသမီးတပ်ဖွဲ့ဝင်အင်အားအများဆုံးပိုင်ဆိုင်ထားတာက
ယူကရိန်းစစ်တပ်ဖြစ်ပြီး အင်အား ၃၆,၀၀၀ ရှိရာမှာ
အားလုံးဟာ လေ့ကျင့်သားပြည့်ဝနေသူတွေဖြစ်ပါတယ်။
မော်ဒယ်အဖြစ်သာမက တူရကီမှာ လူထုဆက်ဆံရေးမန်နေဂျာအဖြစ်ပါ
လုပ်ကိုင်ခဲ့ဖူးတဲ့လန်နာဟာ ဘာသာစကား ၅မျိုးကျွမ်းကျင်သလို
ဘာသာပြန်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။
လန်နာဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းတွေဖြစ်တဲ့
ကလစ်ရှ်ကိုညီအစ်ကိုနဲ့ ဒိုင်နမိုကိဗ်အသင်းကကစားသမားတွေလိုပဲ
မိခင်နိုင်ငံကိုကာကွယ်ဖို့အတွက် အသက်ကိုပဓာနမထားဘဲ
ရဲဝံ့စွန့်စားမှုအပြည့်ရှိသူဖြစ်ပါတယ်။
နုနုရွရွအလှမယ်အဖြစ်ကနေ ကြမ်းကြမ်းရမ်းရမ်းစစ်သမီးဖြစ်လာတဲ့
လန်နာကို ဘေးရန်ကင်းစေဖို့ဆုတောင်းပေးရုံမှတစ်ပါး ….
zawgyi
မိခင္ႏိုင္ငံကိုကာကြယ္ဖို႔ ေဒါက္ျမင့္ဖိနပ္ေတြကိုစြန႔္လႊတ္ၿပီးတိုက္ခိုက္ေရးဖိနပ္ေတြေျပာင္းလဲဝတ္ဆင္လိုက္တဲ့ ယူကရိန္းအလွမယ္ေဟာင္း
ယူကရိန္းအလွမယ္ေဟာင္း အန္နာစေတရွာလန္နာဟာ
မိခင္ႏိုင္ငံကိုက်ဴးေက်ာ္စစ္ဆင္ႏႊဲေနတဲ့
႐ုရွားတပ္ေတြကို ရင္ဆိုင္တိုက္ခိုက္ဖို႔အတြက္ အေပ်ာ္တမ္းတပ္ဖြဲ႕ဝင္အျဖစ္
ယူကရိန္းစစ္တပ္ထဲဝင္ေရာက္သြားခဲ့ပါတယ္။
2015 Miss Grand International အလွမယ္ၿပိဳင္ပြဲမွာ
ယူကရိန္းကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဴင္ခဲ့တဲ့
လန္နာဟာ မိခင္ႏိုင္ငံကိုကာကြယ္ဖို႔အတြက္ အလွမယ္ၿပိဳင္ပြဲေတြမွာ
စီးရတဲ့ ေဒါက္ျမင့္ဖိနပ္ေတြကိုစြန႔္လႊတ္ၿပီး
တိုက္ခိုက္ေရးဖိနပ္ေတြေျပာင္းလဲဝတ္ဆင္ခဲ့တာပါ။
လန္နာဟာ ၿပီးခဲ့တဲ့စေနေန႔ကမွ သူမရဲ႕အင္စတာဂရမ္အေကာင့္မွာ
” နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး ယူကရိန္းႏိုင္ငံထဲ
ဝင္ေရာက္က်ဴးေက်ာ္သူတိုင္း အသတ္ခံရမယ္ ” ဆိုတဲ့
ပို႔စ္ကို အဂၤလိပ္ဘာသာနဲ႔တင္ခဲ့ပါတယ္။ အဲဒီသတိေပးစာနဲ႔အတူ
လမ္းတစ္ခုကိုပိတ္ထားတဲ့လက္နက္ကိုင္စစ္သားေတြရဲ႕ပုံကိုလည္း တြဲတင္ခဲ့ပါတယ္။
အျခားပို႔စ္တစ္ခုမွာလည္း ” ကြၽန္မတို႔စစ္တပ္က
သူရဲေကာင္းပီသစြာ အျပင္းအထန္တိုက္ခိုက္ေနတာမို႔
ေနတိုးတပ္ဖြဲ႕ဝင္ေတြေတာင္မွ ယူကရိန္းထဲဝင္မယ္ဆိုရင္
ႀကိဳခြင့္ေတာင္းသင့္တယ္ ” လို႔ ေနတိုးအဖြဲ႕ႀကီးရဲ႕ ေစာင့္ၾကည့္ေနမႈကို
လန္နာက မထိတထိေရးတင္ခဲ့ပါေသးတယ္။
လန္နာဟာ followers ၇၅,၀၀၀ ရွိတဲ့ သူမရဲ႕အင္စတာဂရမ္အေကာင့္မွာ
ယူကရိန္းသမၼတဇလန္းစကီးနဲ႔ ယူကရိန္းစစ္သားေတြ
အတူတြဲလမ္းေလွ်ာက္ေနတဲ့ပုံကိုမွ်ေဝခဲ့သလို သမၼတ ဇလန္းစကီးကိုလည္း
စိတ္ဓာတ္ႀကံ့ခိုင္ၿပီး ေခါင္းေဆာင္ေကာင္းပီသသူလို႔ ခ်ီးက်ဴးခဲ့ပါတယ္။
လန္နာဟာ ႐ုရွားက ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕စုံသုံးၿပီး
က်ဴး ေက်ာ္စစ္စတင္ခဲ့ကတည္းက ယူကရိန္းစစ္တပ္ကိုေထာက္ခံဖို႔နဲ႔
လိုအပ္တဲ့ကူညီလႉဒါန္းမႈေတြျပဳလုပ္ဖို႔ ေတာက္ေလွ်ာက္ႏႈိးေဆာ္ခဲ့တာပါ။
ကိယက္ဗ္ၿမိဳ႕ေတာ္၊ Slavistik တကၠသိုလ္ကေန ေဈးကြက္နဲ႔
စီမံခန႔္ခြဲမႈပညာရပ္နဲ႔ ဘြဲ႕ရထားတဲ့လန္နာဟာ
အခုလိုစစ္တပ္ထဲမဝင္ခင္မွာ ေခ်မႈန္းေရး႐ိုင္ဖယ္ကိုင္ထားတဲ့ပုံကိုလည္း
အင္စတာဂရမ္မွာတင္ခဲ့ပါေသးတယ္။
၂၀၁၅ ယူကရိန္းအလွမယ္အျဖစ္ ေ႐ြးခ်ယ္ခံရစဥ္က
အသက္ ၂၄ႏွစ္သာရွိေသးတဲ့လန္နာဟာ
လက္ရွိမွာေတာ့ အသက္ ၃၁ႏွစ္ရွိေနၿပီျဖစ္သလို အင္အားေထာင္ေပါင္းမ်ားစြာရွိတဲ့
ယူကရိန္းအမ်ိဳးသမီးတပ္ဖြဲ႕ရဲ႕ စစ္သည္ေတာ္တစ္ဦးလည္းျဖစ္လာပါၿပီ။
ဒါေပမဲ့ တိုက္ခိုက္ေရးဘက္မွာ တာဝန္ေပးခံရမလားဆိုတာကိုေတာ့
ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။
လန္နာဟာ ေသနတ္ေတြနဲ႔ စိမ္းတဲ့သူတစ္ဦးေတာ့မဟုတ္ဘဲ
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက ေလေသနတ္ကိုင္ ထားတဲ့ပုံေတြ၊
ေသနတ္ပစ္ေလ့က်င့္ေနတဲ့ပုံေတြကို အင္စတာဂရမ္မွာ မၾကာခဏတင္လာခဲ့တာပါ။
လက္ရွိမွာ ေလေသနတ္ကေန တကယ့္ေသနတ္ကိုင္ရမွာျဖစ္ေပမယ့္
ဘယ္လိုပစ္ရမလဲဆိုတာကိုေတာ့ ေကာင္းေကာင္းသိမယ့္ပုံရွိပါတယ္။
ကမာၻေပၚမွာရွိတဲ့ စစ္တပ္ေတြအနက္ အမ်ိဳးသမီးတပ္ဖြဲ႕ဝင္အင္အားအမ်ားဆုံးပိုင္ဆိုင္ထားတာက
ယူကရိန္းစစ္တပ္ျဖစ္ၿပီး အင္အား ၃၆,၀၀၀ ရွိရာမွာ
အားလုံးဟာ ေလ့က်င့္သားျပည့္ဝေနသူေတြျဖစ္ပါတယ္။
ေမာ္ဒယ္အျဖစ္သာမက တူရကီမွာ လူထုဆက္ဆံေရးမန္ေနဂ်ာအျဖစ္ပါ
လုပ္ကိုင္ခဲ့ဖူးတဲ့လန္နာဟာ ဘာသာစကား ၅မ်ိဳးကြၽမ္းက်င္သလို
ဘာသာျပန္တစ္ဦးအျဖစ္လည္း ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ပါတယ္။
လန္နာဟာ ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္းေတြျဖစ္တဲ့
ကလစ္ရွ္ကိုညီအစ္ကိုနဲ႔ ဒိုင္နမိုကိဗ္အသင္းကကစားသမားေတြလိုပဲ
မိခင္ႏိုင္ငံကိုကာကြယ္ဖို႔အတြက္ အသက္ကိုပဓာနမထားဘဲ ရဲဝံ့စြန႔္စားမႈအျပည့္ရွိသူျဖစ္ပါတယ္။
ႏုႏု႐ြ႐ြအလွမယ္အျဖစ္ကေန ၾကမ္းၾကမ္းရမ္းရမ္းစစ္သမီးျဖစ္လာတဲ့
လန္နာကို ေဘးရန္ကင္းေစဖို႔ဆုေတာင္းေပး႐ုံမွတစ္ပါး ….