
ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့
မန်ယူဂန္ထဝင်နောက်ခံလူဟောင်းရီယိုဖာဒီနန်ဟာ
မာရှယ်ရဲ့ဆီဗီလာအငှားသွားမှုအပေါ် သူ့ရဲ့အမြင်ကို
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီပြင်သစ်သားဟာ ဆီဗီလာကို ရာသီကုန်ချိန်အထိ
အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မနေ့ညကပဲ
သူ့အပြောင်းအရွှေ့က official ဖြစ်ခဲ့တာပါ။
ဆီဗီလာဟာ မာရှယ်ရဲ့လုပ်ခလစာပေးချေဖို့ သဘောတူညီခဲ့ပြီး
စာချုပ်ထဲ ရာသီကုန်မှာ အပြီးသတ်ဝယ်နိုင်မယ့်အချက်တော့ မပါဝင်ပါဘူး။
ဒီအပြောင်းအရွှေ့ဟာ ကစားသမားအတွက်ရော မန်ယူအတွက်ပါ
သင့်လျော်တယ်လို့ ဖာဒီနန်က သူ့ရဲ့ You Tube ချန်နယ်မှာ ပြောခဲ့တာပါ။
”အန်သိုနီမာရှယ်ဟာ ဒါကို လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။
သူ ပုံမှန်ကစားခွင့်ရဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒါမှမဟုတ်
အဲဒီထက်တောင်ကြာနိုင်တယ် သူပုံမှန်ကစားခွင့်မရခဲ့ဘူး။
ဒါကြောင့် သူဟာ ဒီအပြောင်းအရွှေ့လိုအပ်ခဲ့တာပါ။
တခြားသူတွေထဲကဆို ဗန်ဒီဘိခ်ဘယ်ရောက်မလဲဆိုတာကိုလည်း
စိတ်ဝင်စားပါတယ်။ လင်ဂတ်လည်း အဲဒီအတိုင်းပါပဲ”လု့ိ ဖာဒီနန်က ပြောခဲ့တာပါ။
မာရှယ်ဟာ သူ့ရဲ့မန်ယူပွဲဦးထွက်မှာ လီဗာပူးဘက်ကို ဂိုးသွင်းခဲ့တော့
သူ့အပေါ် အတော်လေးကို မျှော်လင့်ချက်ကြီးမားခဲ့ကြပါတယ်။
ဒါပေမဲ့ မန်ယူအတွက် ၂၆၉ ပွဲကစားပြီးချိန်မှာ ၇၉ ဂိုးသာသွင်းနိုင်ခဲ့ပြီး
မကြာသေးခင်ကပဲ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။
အဲဒါနဲ့ပတ်သက်လို့ ဖာဒီနန်က”သူဟာ မန်ယူကစားသမားဘဝမှာ
တောက်ပမှုကို ပြနိုင်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်။
ဒါပေမဲ့ ခြေစွမ်းပုံမှန်အောက်ရောက်ခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တာပါ။
အငှားသွားချိန်မှာ သူတိုးတက်ဖို့တော့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖာဒီနန်က မာရှယ်ရဲ့ခြေစွမ်းမတည်ငြိမ်မှုကို ထောက်ပြခဲ့ပြီး
အနိုင်ရတဲ့အသင်းတွေမှာ ဒီလိုကစားသမားမျိုးရှိလို့ မရနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
zawgyi
မာရွယ္ရဲ႕ဆီဗီလာအငွားသြားမႈအေပၚ သူ႔ရဲ႕အျမင္ကို ထုတ္ေဖာ္ေျပာၾကားလာတဲ့ ရီယိုဖာဒီနန္
ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့
မန္ယူဂႏၴဝင္ေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ဟာ
မာရွယ္ရဲ႕ဆီဗီလာအငွားသြားမႈအေပၚ သူ႔ရဲ႕အျမင္ကို
ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အဲဒီျပင္သစ္သားဟာ ဆီဗီလာကို ရာသီကုန္ခ်ိန္အထိ
အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး မေန႔ညကပဲ
သူ႔အေျပာင္းအေ႐ႊ႕က official ျဖစ္ခဲ့တာပါ။
ဆီဗီလာဟာ မာရွယ္ရဲ႕လုပ္ခလစာေပးေခ်ဖို႔ သေဘာတူညီခဲ့ၿပီး
စာခ်ဳပ္ထဲ ရာသီကုန္မွာ အၿပီးသတ္ဝယ္ႏိုင္မယ့္အခ်က္ေတာ့ မပါဝင္ပါဘူး။
ဒီအေျပာင္းအေ႐ႊ႕ဟာ ကစားသမားအတြက္ေရာ မန္ယူအတြက္ပါ
သင့္ေလ်ာ္တယ္လို႔ ဖာဒီနန္က သူ႔ရဲ႕ You Tube ခ်န္နယ္မွာ ေျပာခဲ့တာပါ။
”အန္သိုနီမာရွယ္ဟာ ဒါကို လိုအပ္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
သူ ပုံမွန္ကစားခြင့္ရဖို႔ လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒါမွမဟုတ္
အဲဒီထက္ေတာင္ၾကာႏိုင္တယ္ သူပုံမွန္ကစားခြင့္မရခဲ့ဘူး။
ဒါေၾကာင့္ သူဟာ ဒီအေျပာင္းအေ႐ႊ႕လိုအပ္ခဲ့တာပါ။
တျခားသူေတြထဲကဆို ဗန္ဒီဘိခ္ဘယ္ေရာက္မလဲဆိုတာကိုလည္း
စိတ္ဝင္စားပါတယ္။ လင္ဂတ္လည္း အဲဒီအတိုင္းပါပဲ”လု႔ိ ဖာဒီနန္က ေျပာခဲ့တာပါ။
မာရွယ္ဟာ သူ႔ရဲ႕မန္ယူပြဲဦးထြက္မွာ လီဗာပူးဘက္ကို ဂိုးသြင္းခဲ့ေတာ့
သူ႔အေပၚ အေတာ္ေလးကို ေမွ်ာ္လင့္ခ်က္ႀကီးမားခဲ့ၾကပါတယ္။
ဒါေပမဲ့ မန္ယူအတြက္ ၂၆၉ ပြဲကစားၿပီးခ်ိန္မွာ ၇၉ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး
မၾကာေသးခင္ကပဲ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရတာပါ။
အဲဒါနဲ႔ပတ္သက္လို႔ ဖာဒီနန္က”သူဟာ မန္ယူကစားသမားဘဝမွာ
ေတာက္ပမႈကို ျပႏိုင္ခဲ့တဲ့အခ်ိန္ေတြရွိခဲ့တယ္။
ဒါေပမဲ့ ေျခစြမ္းပုံမွန္ေအာက္ေရာက္ခဲ့တဲ့အခ်ိန္ေတြလည္း ရွိခဲ့တာပါ။
အငွားသြားခ်ိန္မွာ သူတိုးတက္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဖာဒီနန္က မာရွယ္ရဲ႕ေျခစြမ္းမတည္ၿငိမ္မႈကို ေထာက္ျပခဲ့ၿပီး
အႏိုင္ရတဲ့အသင္းေတြမွာ ဒီလိုကစားသမားမ်ိဳးရွိလို႔ မရႏိုင္ဘူးလို႔ ဆိုခဲ့ပါတယ္။