ယာယီနည်းပြ ရန်းနစ်ခ်က မာရှယ်နဲ့ ဗန်ဒီဘိခ်တို့
အငှားနဲ့ ထွက်သွားခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ စိတ်ပိုင်းဆိုင်ရာက
တိုးတက်လာခဲ့ကြောင်း ပြောပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့အတွင်း မာရှယ်က ဆီဗီလာ၊ ဗန်ဒီဘိခ်က
အဲဗာတန်တို့ထံ ရာသီကုန်ထိ အငှားနဲ့
အသီးသီးပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။
မာရှယ်ကတော့ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆီဗီလာအတွက်
ပထမဆုံးသွင်းဂိုး သွင်းယူပေးခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ
သရဲနီပရိသတ်တွေကတောင် မာရှယ်ကို တမ်းတနေကြပါတယ်။
အလားတူ ဗန်ဒီဘိခ်ကလည်း အဲဗာတန်မှာ ကစားသမားသစ်တွေ၊
နည်းပြသစ်နဲ့အတူ စာမျက်နှာသစ်တစ်ခု စတင်နိုင်ခဲ့ပါပြီ။
ဗန်ဒီဘိခ်ဟာ ဝက်ဖို့ဒ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့ပါတယ်။
သရဲနီဂျာစီ ချွတ်ခဲ့တဲ့ မာရှယ်နဲ့ ဗန်ဒီဘိခ်ကတော့
အခွင့်အလမ်းအသစ်တွေ ရရှိပြီး ကျေနပ်နေကြတာပါ။
အသင်းက ထွက်ချင်တဲ့ ကစားသမားတွေ မရှိတော့တာကြောင့်
ယူနိုက်တက် ကစားသမားတွေကြား စိတ်ပိုင်းဆိုင်ရာ
တိုးတက်လာကြောင်း ရန်းနစ်ခ်က အခုလို ပြောပါတယ်။
ရန်းနစ်ခ်က “ကစားသမားတွေက မပျော်မရွှင် ဖြစ်နေပြီး
အသင်းလူစာရင်းက အရမ်းများနေပါတယ်။ ကစားသမားတွေက
သူတို့ မကစားရဘူးဆိုတာ သတိပြုမိပြီး အခုတော့ ထွက်တဲ့ သူက
ထွက်သွားတာကြောင့်အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာက
ပြီးခဲ့တဲ့အပတ်တွေကထက် တိုးတက်လာပါပြီ။
အခုတော့ ကျွန်တော်တို့ ကွင်းထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာကို
စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ ပြသရမှာ ဖြစ်သလို
နိုင်ပွဲတွေနဲ့ ကျွန်တော်တို့ စိုးမိုးနိုင်တယ်ဆိုတာ ပြသရမှာပါ”လို့ ပြောခဲ့ပါတယ်။
zawgyi
မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ ထွက်သွားခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ စိတ်ပိုင်းဆိုင်ရာကတိုးတက်လာခဲ့ကြောင်း ပြောကြားလာတဲံ ရန်းနစ်ခ်