မာရှယ်ကို ပြင်သစ်လူစာရင်းမှာ မရွေးခဲ့လို့ မန်ယူပရိသတ်တွေ နည်းပြဒက်စ်ချမ့်ကို ရစရာမရှိအောင် ပြောနေ

မန်ယူတိုက်အသင်းရဲ့ အဓိက အရေးပါတဲ့ တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ မာရှယ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ထိုက်တဲ့ ကစားသမား ဖြစ်ပြီး အန်ကွန်ကူ

ဒဏ်ရာရသွားချိန်မှာတောင် သူတို့အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ကို မခေါ်ခဲ့လို့ မန်ယူပရိသတ်တွေရော ပြင်သစ်လက်ရွေးစင် ပရိသတ် တွေပါ နည်းပြ ဒက်စ်ချမ့်ကို ပဲ့ကျအောင်

ပြောနေကြပါပြီ။ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးတဲ့နောက် ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရတဲ့ ကာလမျိုးတွေ ရှိပေမဲ့ မာရှယ်ဟာ အဆင့်မီ တိုက်စစ်မှူးတစ်ယောက်ရဲ့ ခြေစွမ်းကို ပိုင်ဆိုင်

နေဆဲဖြစ်ပြီး လက်ရှိရာသီမှာလည်း မန်ချက်စတာ ကလပ်နဲ့အတူ ထိုက်သင့် တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ တန်ဟတ်ဟာ ရာသီကြို ခရီးစဉ်မှာလည်း

မာရှယ်ကို တစ်ပါတည်း ခေါ်သွားခဲ့တာဖြစ်ပြီး အခွင့်အရေးရလာတဲ့အခါမှာ အသုံးချဖို့ ဆုံးဖြတ်ထား တာလည်း ရှိပါတယ်။ ဒါကြောင့် အခုကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာ

မာရှယ်တစ်ယောက် ပြင်သစ်နဲ့အတူ ပါဝင်လာတော့မှာ ဖြစ်တယ်လို့ သရဲနီ ပရိသတ်တွေရော ပြင်သစ် ပရိသတ်တွေကပါ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒက်စ်ချမ့်ရဲ့ အပြီးသတ်လူစာရင်း

ထုတ်ပြန်မှုမှာတော့ မာရှယ် မပါဝင် ခဲ့ပါဘူး။ ဒါ့အပြင် မနေ့တုန်းက လေ့ကျင့်ရေးအစီအစဉ်မှာ တိုက်စစ်မှူး အန်ကွန်ကူ ပြင်းထန်တဲ့ ဒဏ်ရာရသွားတာကြောင့် အသင်းနဲ့အတူ ပါဝင်နိုင်မှာ

မဟုတ်တော့တဲ့အတွက် မာရှယ်ကို ခေါ်ယူတော့မယ်လို့ ထင်ခဲ့ကြပေမဲ့လည်း ဒက်စ်ချမ့်ကတော့ ဖရန့်ဖတ်တိုက်စစ်မှူး ကိုလိုမူအာနီကို အစားထိုးခေါ်ယူခဲ့ ပါတယ်။ ဒါကြောင့် ပြင်သစ်ပရိသတ်တွေ

ကျွဲမြီးတိုခဲ့ကြပြီး အထူးသဖြင့် မန်ယူပရိသတ်တွေက လိုင်းပေါ်တက်ပြီး ပေါက်ကွဲခဲ့ကြပါတယ်။ ‘’မာရှယ်ကို ကျော်ပြီး ဘွန်ဒက်စ်လီဂါက တစ်ယောက်ကို ခေါ်သွားတာလားဟ’’ လို့

ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိယတစ်ယောက် ကတော့ ‘’မာရှယ်ကို အစားထိုးခေါ်ဖို့အတွက် ဆန္ဒရှိခဲ့တာလေကွာ’’ လို့ ရေး သားခဲ့ပါတယ်။

တတိယတစ်ယောက်ကတော့ ‘’ကမ္ဘာ့ဖလားကို မာရှယ်လိုလူမျိုး လွဲတယ်ဆိုတာ မဖြစ်နိုင်ပါဘူးကွာ’’ လို့ ရေးသားခဲ့ပါတယ်။ နောက်ဆုံး တစ်ယောက်ကတော့ ‘’ပြင်သစ်နဲ့အတူ

ကစားခွင့် မရသေးတဲ့ ငါ့ကောင်အတွက် ပင်ပန်းလှပြီကွာ’’ လို့ ရေးသားခဲ့ကြပါတယ်။

(Zawgyi)

မာရွယ္ကို ျပင္သစ္လူစာရင္းမွာ မေ႐ြးခဲ့လို႔ မန္ယူပရိသတ္ေတြ နည္းျပဒက္စ္ခ်မ့္ကို ရစရာမရွိေအာင္ ေျပာေန

မန္ယူတိုက္အသင္းရဲ႕ အဓိက အေရးပါတဲ့ တိုက္စစ္မႉး တစ္ေယာက္ျဖစ္တဲ့ မာရွယ္ဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ထိုက္တဲ့ ကစားသမား ျဖစ္ၿပီး အန္ကြန္ကူ ဒဏ္ရာရသြားခ်ိန္မွာေတာင္ သူတို႔

အသင္းရဲ႕ တိုက္စစ္မႉး မာရွယ္ကို မေခၚခဲ့လို႔ မန္ယူပရိသတ္ေတြေရာ ျပင္သစ္ လက္ေ႐ြးစင္ ပရိသတ္ ေတြပါ နည္းျပ ဒက္စ္ခ်မ့္ကို ပဲ့က်ေအာင္ ေျပာေနၾကပါၿပီ။ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာၿပီးတဲ့ေနာက္

ဒဏ္ရာျပႆနာေတြနဲ႔ လုံးပန္းခဲ့ရတဲ့ ကာလမ်ိဳးေတြ ရွိေပမဲ့ မာရွယ္ဟာ အဆင့္မီ တိုက္စစ္မႉးတစ္ေယာက္ရဲ႕ ေျခစြမ္းကို ပိုင္ဆိုင္ ေနဆဲျဖစ္ၿပီး လက္ရွိရာသီမွာလည္း မန္ခ်က္စတာ

ကလပ္နဲ႔အတူ ထိုက္သင့္ တဲ့ ေျခစြမ္းကို ျပသႏိုင္ခဲ့သလို ဂိုးေတြလည္း သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ နည္းျပ တန္ဟတ္ဟာ ရာသီႀကိဳ ခရီးစဥ္မွာလည္း

မာရွယ္ကို တစ္ပါတည္း ေခၚသြားခဲ့တာျဖစ္ၿပီး အခြင့္အေရးရလာတဲ့အခါမွာ အသုံးခ်ဖို႔ ဆုံးျဖတ္ထား တာလည္း ရွိပါတယ္။ ဒါေၾကာင့္ အခုက်င္းပေတာ့မယ့္

ကာတာကမာၻ႔ဖလား ၿပိဳင္ပြဲမွာ မာရွယ္တစ္ေယာက္ ျပင္သစ္နဲ႔အတူ ပါဝင္လာေတာ့မွာ ျဖစ္တယ္လို႔ သရဲနီ ပရိသတ္ေတြေရာ ျပင္သစ္ ပရိသတ္ေတြကပါ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

ဒါေပမဲ့ ဒက္စ္ခ်မ့္ရဲ႕ အၿပီးသတ္လူစာရင္း ထုတ္ျပန္မႈမွာေတာ့ မာရွယ္ မပါဝင္ ခဲ့ပါဘူး။ ဒါ့အျပင္ မေန႔တုန္းက ေလ့က်င့္ေရးအစီအစဥ္မွာ တိုက္စစ္မႉး အန္ကြန္ကူ ျပင္းထန္တဲ့

ဒဏ္ရာရသြားတာေၾကာင့္ အသင္းနဲ႔အတူ ပါဝင္ႏိုင္မွာ မ ဟုတ္ေတာ့တဲ့အတြက္ မာရွယ္ကို ေခၚယူေတာ့မယ္လို႔ ထင္ခဲ့ၾကေပမဲ့လည္း ဒက္စ္ခ်မ့္ကေတာ့ ဖရန႔္ဖတ္တိုက္စစ္မႉး

ကိုလိုမူအာနီကို အစားထိုးေခၚယူခဲ့ ပါတယ္။ ဒါေၾကာင့္ ျပင္သစ္ပရိသတ္ေတြ ကြၽဲၿမီးတိုခဲ့ၾကၿပီး အထူးသျဖင့္ မန္ယူပရိသတ္ေတြက လိုင္းေပၚတက္ၿပီး ေပါက္ကြဲခဲ့ၾကပါတယ္။

‘’မာရွယ္ကို ေက်ာ္ၿပီး ဘြန္ဒက္စ္လီဂါက တစ္ေယာက္ကို ေခၚသြားတာလားဟ’’ လို႔ ပရိ သတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ ကေတာ့ ‘’မာရွယ္ကို

အစားထိုးေခၚဖို႔အတြက္ ဆႏၵရွိခဲ့တာေလကြာ’’ လို႔ ေရး သားခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ ‘’ကမာၻ႔ဖလားကို မာရွယ္လိုလူ မ်ိဳး လြဲတယ္ဆိုတာ

မျဖစ္ႏိုင္ပါဘူးကြာ’’ လို႔ ေရးသားခဲ့ပါတယ္။ ေနာက္ဆုံး တစ္ေယာက္ကေတာ့ ‘’ျပင္သစ္နဲ႔အတူ ကစားခြင့္ မရေသးတဲ့ ငါ့ေကာင္အ တြက္ ပင္ပန္းလွၿပီကြာ’’ လို႔ ေရးသားခဲ့ၾကပါတယ္။