
အာဂျင်တီးနား ဘောလုံးဂန္ဓဝင် မာရာဒိုနာကွယ်လွန်ပြီး ၁ နှစ်ကျော် အကြာမှာပဲ
သူရဲ့ ညီအငယ်ဆုံးဖြစ်သူ ဟူဂိုမာရာဒိုနာလည်း နှလုံးရောဂါကြောင့်
ကွယ်လွန်သွားခဲ့ပါတယ်။ ဟူဂိုမာရာဒိုနာဟာ အသက် ၅၂ နှစ်ရှိပြီဖြစ်ပြီး
ဒီယေယဂိုမာရာဒိုနာ၊ ရာအူးလ်မာရာဒိုနာတို့ရဲ့ ညီအစ်ငယ်ဆုံးဖြစ်ကာ
အီတလီနိုင်ငံ၊ နေပယ်မြို့က Monte di Procida မှာရှိတဲ့
သူ့ရဲ့ မိသားစုနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။
အဂင်္ါနေ့ ဒေသစံတော်ချိန် ၁၁း၅၂ နာရီအချိန်မှာ နေအိမ်အတွင်းသေဆုံးနေတဲ့
ဟူဂိုကို တွေရှိခဲ့ပြီး နှလုံးရောဂါကြောင့် သေဆုံခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဟူဂိုဟာ ဒီယေဂိုမာရာဒိုနာလိုပဲ တိုက်စစ်ကွင်းလယ်ကစားသမားအဖြစ်
ဘောလုံးကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝက တာကို(The Turk)လို့
အမည်ပြောင်ရခဲ့သူပါ။ အာဂျင်တီနို့စ်ဂျူနီယာလူငယ်အသင်းမှာ
ကစားသမားဘဝစတင်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ်၊ ၁၉၈၇ မှာ
နာပိုလီသို့ပြောင်းရွေ့ခဲ့ပါတယ်။ နာပိုလီကနေ အက်စ်ကိုလီသို့
အငှားချခံခဲ့ရပြီးနောက် သူ့အစ်ကိုမာရာဒိုနာပါဝင်တဲ့နာပိုလီကိုလည်း
၁၉၈၇ စက်တင်ဘာအတွင်းမှာ ပြိုင်ဘက်အဖြစ်ကစားခဲ့ရပါသေးတယ်။
ဟူဂိုဟာ နောက်ပိုင်းမှာတော့ ဗယ်လီကာနိုအပါအဝင် အသင်းများစွာမှာ
ကစားခဲ့ပြီး ဗယ်လီကာနိုကလည်း ဝမ်းနည်းကြောင်း
ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မာရာဒိုနာတို့ရဲ့ဖခင်ဖြစ်သူ
ချီတိုရိုဟာ ဓါတုစက်ရုံလုပ်သားတစ်ဦးဖြစ်ပြီး စပိန်သွေးနှောသူပါ။
မိခင်ဖြစ်သူ ဒိုနာတိုတာကတော့ အီတလီသွေးပါသူဖြစ်ပြီး
ညီအစ်ကို ၃ ဦးလုံး မျိုးရိုးမရှိဘဲ ဘောလုံးသမားတွေ ဖြစ်လာခဲ့တာပါ။
အခုချိန်မှာတော့ အလတ်ဖြစ်တဲ့ ရာအူးလ်မာရာဒိုနာသာ
အသက်ရှင်ကျန်ပါတော့တယ်။ ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ ရာအူးကလည်း
ဂရန်နာဒါအပါအဝင် ကလပ်ပေါင်းစုံမှာ တိုက်စစ်မှုးအဖြစ် ကစားခဲ့ပါတယ်။
zawgyi
မာရာဒိုနာ ကြယ္လြန္ၿပီး ၁ ႏွစ္ေက်ာ္အၾကာမွာ သူရဲ႕ ညီအငယ္ဆုံးလည္း ကြယ္လြန္သြား
အာဂ်င္တီးနား ေဘာလုံးဂႏၶဝင္ မာရာဒိုနာကြယ္လြန္ၿပီး ၁ ႏွစ္ေက်ာ္ အၾကာမွာပဲ
သူရဲ႕ ညီအငယ္ဆုံးျဖစ္သူ ဟူဂိုမာရာဒိုနာလည္း ႏွလုံးေရာဂါေၾကာင့္
ကြယ္လြန္သြားခဲ့ပါတယ္။ ဟူဂိုမာရာဒိုနာဟာ အသက္ ၅၂ ႏွစ္ရွိၿပီျဖစ္ၿပီး
ဒီေယယဂိုမာရာဒိုနာ၊ ရာအူးလ္မာရာဒိုနာတို႔ရဲ႕ ညီအစ္ငယ္ဆုံးျဖစ္ကာ
အီတလီႏိုင္ငံ၊ ေနပယ္ၿမိဳ႕က Monte di Procida မွာရွိတဲ့
သူ႔ရဲ႕ မိသားစုေနအိမ္မွာပဲ ကြယ္လြန္သြားခဲ့တာပါ။
အဂၤါေန႔ ေဒသစံေတာ္ခ်ိန္ ၁၁း၅၂ နာရီအခ်ိန္မွာ ေနအိမ္အတြင္းေသဆုံးေနတဲ့
ဟူဂိုကို ေတြရွိခဲ့ၿပီး ႏွလုံးေရာဂါေၾကာင့္ ေသဆုံခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။
ဟူဂိုဟာ ဒီေယဂိုမာရာဒိုနာလိုပဲ တိုက္စစ္ကြင္းလယ္ကစားသမားအျဖစ္
ေဘာလုံးကစားခဲ့သူျဖစ္ၿပီး ကစားသမားဘဝက တာကို(The Turk)လို႔
အမည္ေျပာင္ရခဲ့သူပါ။ အာဂ်င္တီႏို႔စ္ဂ်ဴနီယာလူငယ္အသင္းမွာ
ကစားသမားဘဝစတင္ခဲ့ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္၊ ၁၉၈၇ မွာ
နာပိုလီသို႔ေျပာင္းေ႐ြ႕ခဲ့ပါတယ္။ နာပိုလီကေန အက္စ္ကိုလီသို႔
အငွားခ်ခံခဲ့ရၿပီးေနာက္ သူ႔အစ္ကိုမာရာဒိုနာပါဝင္တဲ့နာပိုလီကိုလည္း
၁၉၈၇ စက္တင္ဘာအတြင္းမွာ ၿပိဳင္ဘက္အျဖစ္ကစားခဲ့ရပါေသးတယ္။
ဟူဂိုဟာ ေနာက္ပိုင္းမွာေတာ့ ဗယ္လီကာႏိုအပါအဝင္ အသင္းမ်ားစြာမွာ
ကစားခဲ့ၿပီး ဗယ္လီကာႏိုကလည္း ဝမ္းနည္းေၾကာင္း
ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ မာရာဒိုနာတို႔ရဲ႕ဖခင္ျဖစ္သူ
ခ်ီတို႐ိုဟာ ဓါတုစက္႐ုံလုပ္သားတစ္ဦးျဖစ္ၿပီး စပိန္ေသြးေႏွာသူပါ။
မိခင္ျဖစ္သူ ဒိုနာတိုတာကေတာ့ အီတလီေသြးပါသူျဖစ္ၿပီး
ညီအစ္ကို ၃ ဦးလုံး မ်ိဳး႐ိုးမရွိဘဲ ေဘာလုံးသမားေတြ ျဖစ္လာခဲ့တာပါ။
အခုခ်ိန္မွာေတာ့ အလတ္ျဖစ္တဲ့ ရာအူးလ္မာရာဒိုနာသာ
အသက္ရွင္က်န္ပါေတာ့တယ္။ ၅၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ ရာအူးကလည္း
ဂရန္နာဒါအပါအဝင္ ကလပ္ေပါင္းစုံမွာ တိုက္စစ္မႈးအျဖစ္ ကစားခဲ့ပါတယ္။