မာရာဒိုနာလက်သစ်အဖြစ် ဟယ်ရီကိန်းကို တင်စားချီးကျူးလိုက်တဲ့ ဂျီနိုလာ

စပါးအသင်းဂန္ထဝင်ကစားသမား ဒေးဗစ်ဂျီနိုလာက နယူးကာဆယ်ကို

၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး
ဟယ်ရီကိန်းကို မာရာဒိုနာလက်သစ်အဖြစ် တင်စားချီးကျူးလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ
အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းကို တစ်ချိန်လုံး
ဖိအားပေးကစားနိုင်ခဲ့ပြီး ဒိုဟာတီရဲ့ခေါင်းတိုက်သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ ဂျီနိုလာက ”စပါးကို ကြည့်ရတာ အရမ်းကိုယုံကြည်မှုရှိနေသလိုပဲ။
စပါးဟာ သူတို့ရဲ့အရည်အချင်းအပေါ် မူတည်နေတာဖြစ်ပြီး
တိုက်စစ်ပိုင်းက အဆုံးသတ်စွမ်းရည်ကလည်း အံ့ဖွယ်ပါပဲ။
စပါးမှာ ကွင်းလယ်ဖန်တီးရှင်အသစ်ကတော့ ဟယ်ရီကိန်းပါပဲ။
ဟယ်ရီကိန်းက မာရာဒိုနာလက်သစ်ပါပဲ။ သူ့ရဲ့အနီးပေး၊

အဝေးပေးပို့မှုတွေက မာရာဒိုနာအတိုင်းပါပဲ”လို့ ပြောပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးကလည်း
”ဟယ်ရီကိန်းရဲ့ဘောလုံးပေးပို့မှု စွမ်းရည်က အံ့အားသင့်စရာပါပဲ။
သူဟာ ပြီးပြည့်စုံတဲ့ကစားသမားတစ်ဦးဖြစ်ပြီး မယုံနိုင်စရာကောင်းတဲ့
စွမ်းဆောင်ရည်ပါပဲ”လို့ ချီးကျူးသွားပါတယ်။

ဂျီနိုလာက စပါးနဲ့ ဟယ်ရီကိန်းတို့ရဲ့စွမ်းဆောင်ရည်တွေအပေါ်
ကျေနပ်အားရနေပေမယ့် ဟယ်ရီကိန်းလိုကစားသမားမျိုးအတွက်
ထိပ်ဆုံး ၄သင်းစာရင်းဝင်ရေးက မလုံလောက်နိုင်ဘူးလို့ သတိပေးပါတယ်။

Zawgyi

မာရာဒိုနာလက္သစ္အျဖစ္ ဟယ္ရီကိန္းကို တင္စားခ်ီးက်ဴးလုိက္တ့ဲ ဂ်ီႏိုလာ
စပါးအသင္းဂႏၳ၀င္ကစားသမား ေဒးဗစ္ဂ်ီႏိုလာက နယူးကာဆယ္ကို
၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ စပါးတုိက္စစ္မွဴး
ဟယ္ရီကိန္းကို မာရာဒိုနာလက္သစ္အျဖစ္ တင္စားခ်ီးက်ဴးလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ရွိ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ
အဲဒီပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ၿပိဳင္ဘက္အသင္းကို တစ္ခ်ိန္လုံး
ဖိအားေပးကစားႏုိင္ခဲ့ၿပီး ဒိုဟာတီရဲ႕ေခါင္းတုိက္သြင္းဂိုးအတြက္ ဖန္တီးေပးႏုိင္ခဲ့ပါတယ္။
အဲဒီပြဲအၿပီးမွာ ဂ်ီႏိုလာက ”စပါးကို ၾကည့္ရတာ အရမ္းကိုယုံၾကည္မႈရွိေနသလုိပဲ။
စပါးဟာ သူတုိ႔ရဲ႕အရည္အခ်င္းအေပၚ မူတည္ေနတာျဖစ္ၿပီး

တုိက္စစ္ပိုင္းက အဆုံးသတ္စြမ္းရည္ကလည္း အံ့ဖြယ္ပါပဲ။
စပါးမွာ ကြင္းလယ္ဖန္တီးရွင္အသစ္ကေတာ့ ဟယ္ရီကိန္းပါပဲ။
ဟယ္ရီကိန္းက မာရာဒိုနာလက္သစ္ပါပဲ။ သူ႕ရဲ႕အနီးေပး၊
အေ၀းေပးပုိ႔မႈေတြက မာရာဒိုနာအတုိင္းပါပဲ”လုိ႔ ေျပာပါတယ္။
စပါးတုိက္စစ္မွဴးေဟာင္း ဂ်ာမိန္းဒီဖိုးကလည္း

”ဟယ္ရီကိန္းရဲ႕ေဘာလုံးေပးပို႔မႈ စြမ္းရည္က အံ့အားသင့္စရာပါပဲ။
သူဟာ ၿပီးျပည့္စုံတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး မယုံႏုိင္စရာေကာင္းတဲ့
စြမ္းေဆာင္ရည္ပါပဲ”လုိ႔ ခ်ီးက်ဴးသြားပါတယ္။
ဂ်ီႏိုလာက စပါးနဲ႔ ဟယ္ရီကိန္းတုိ႔ရဲ႕စြမ္းေဆာင္ရည္ေတြအေပၚ
ေက်နပ္အားရေနေပမယ့္ ဟယ္ရီကိန္းလုိကစားသမားမ်ိဳးအတြက္

ထိပ္ဆုံး ၄သင္းစာရင္း၀င္ေရးက မလုံေလာက္ႏိုင္ဘူးလုိ႔ သတိေပးပါတယ္။