မာရာဒိုနာရဲ့ “ဘုရားပေးသောလက်” ဘောလုံးကို ပေါင် ၃သန်းဝန်းကျင်နဲ့ လေလံစခေါ်တော့မယ်

ဘောလုံးသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ “ဘုရားပေးသောလက်” ဘောလုံးကို ပေါင် ၃သန်းဝန်းကျင်နဲ့ လေလံစခေါ်တော့မယ်လို့ သတင်းထွက်လာပါတယ်။

မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်မှာ မာရာဒိုနာက အင်္ဂလန်ဘက်ကို လက်နဲ့ပုတ်သွင်းခဲ့တာဖြစ်ပြီး “ဘုရားပေးသောလက်” လို့ နာမည်တွင်ခဲ့ပါတယ်။

အင်္ဂလန်ဂိုးသမားပီတာရှီလ်တန်ဟာ မာရာဒိုနာနဲ့တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ အာဂျင်တီးနားဂန္တဝင်ကြီးက လက်နဲ့ပုတ်သွင်းပြီး ကမ္ဘာကြီးကိုလှည့်စားခဲ့သလို အဲ့ဒီ ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဗိုလ်စွဲသွားတာက အမှတ်ရစရာကောင်းနေပါတယ်။

နောက်ပိုင်းမှာတော့ ကွင်းလယ်ဒိုင် အလီဘင်နက်ဆာကိုယ်တိုင်က မာရာဒိုနာနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ဒီသွင်းဂိုးမှာ သူ့ရဲ့စည်းကြပ်ဒိုင်က အဖြစ်အပျက်ကိုသေချာ မမြင်ခဲ့ဘူးလို့ ရှင်းပြခဲ့ပါတယ်။

ဘောလုံးကိုတော့ နိုဝင်ဘာ ၁၆ရက်နေ့မှာ ဂရေဟမ်ဘတ်လေလံနဲ့ ပေါင် ၂.၅သန်းကနေ ပေါင် ၃သန်း ဝန်းကျင်ကစပြီး လေလံ တင်သွားတော့မှာပါ။

ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့တဲ့ အလီဘင်နက်ဆာက “နိုင်ငံတကာဘောလုံးသမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကမ္ဘာကိုမျှဝေဖို့ အချိန်ကောင်းဖြစ်ပါတယ်။

မက္ကဆီကို ကမ္ဘာ့ဖလားမှာ ကျွန်တော်က ပြိုင်ပွဲဝင်ဒိုင်လူ ကြီး ၄၂ယောက်စာရင်းထဲပါဝင်ခဲ့ပါတယ်။

အာဖရိကလူမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်လို့ ဖီဖာက ကျွန်တော့်ကိုရွေးချယ်ခဲ့ တာပါ။ ဒီသွင်းဂိုးကိုတော့ရှင်းရှင်းလင်းလင်း မမြင်ခဲ့ပါဘူး။

မာရာဒိုနာနဲ့ ရှီလ်တန်တို့ ကစားသမားနှစ်ယောက်ရဲ့အနောက်ကို ကျွန်တော်ရောက်နေခဲ့တာပါ။ ဖီဖာချမှတ်ထားတဲ့စည်းမျဉ်းအရ သွင်းဂိုးရဲ့တရားဝင်မှုကိုအတည်ပြုဖို့ စည်းကြပ်ဒိုင် ဆီလှမ်းကြည့်ခဲ့ပါတယ်။

သူ့အနေအထားက ကွင်းလယ်စည်းဘက်ကိုညွှန်ပြနေပြီး သွင်းဂိုးအတွက်ကျေနပ်တဲ့ပုံစံရှိခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။ အင်္ဂလန်နည်းပြဘော်ဘီရော့ဘ်ဆင်ကိုယ်တိုင်ကလည်း ဒီသွင်းဂိုးမှာ စည်းကြပ်ဒိုင်က တာဝန်မဲ့ခဲ့တယ်လို့ ယူဆခဲ့ကြောင်း အလီဘင်နက်ဆာက ရှင်းလင်း ခဲ့ပါသေးတယ်။

(Zawgyi)

မာရာဒိုနာရဲ႕ “ဘုရားေပးေသာလက္” ေဘာလုံးကို ေပါင္ ၃သန္းဝန္းက်င္နဲ႔ ေလလံစေခၚေတာ့မယ္

ေဘာလုံးသမိုင္းမွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ “ဘုရားေပးေသာလက္” ေဘာလုံးကို ေပါင္ ၃သန္းဝန္းက်င္နဲ႔ ေလလံစေခၚေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

မကၠဆီကိုမွာ က်င္းပခဲ့တဲ့ ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္မွာ မာရာဒိုနာက အဂၤလန္ဘက္ကို လက္နဲ႔ပုတ္သြင္းခဲ့တာျဖစ္ၿပီး “ဘုရားေပးေသာလက္” လို႔ နာမည္တြင္ခဲ့ပါတယ္။

အဂၤလန္ဂိုးသမားပီတာရွီလ္တန္ဟာ မာရာဒိုနာနဲ႔တစ္ဦးခ်င္းရင္ဆိုင္အေတြ႕မွာ အာဂ်င္တီးနားဂႏၲဝင္ႀကီးက လက္နဲ႔ပုတ္သြင္းၿပီး ကမာၻႀကီးကိုလွည့္စားခဲ့သလို အဲ့ဒီ ၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းဗိုလ္စြဲသြားတာက အမွတ္ရစရာေကာင္းေနပါတယ္။

ေနာက္ပိုင္းမွာေတာ့ ကြင္းလယ္ဒိုင္ အလီဘင္နက္ဆာကိုယ္တိုင္က မာရာဒိုနာနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး ဒီသြင္းဂိုးမွာ သူ႔ရဲ႕စည္းၾကပ္ဒိုင္က အျဖစ္အပ်က္ကိုေသခ်ာ မျမင္ခဲ့ဘူးလို႔ ရွင္းျပခဲ့ပါတယ္။ ေဘာလုံးကိုေတာ့ ႏိုဝင္ဘာ ၁၆ရက္ေန႔မွာ ဂေရဟမ္ဘတ္ေလလံနဲ႔ ေပါင္ ၂.၅သန္းကေန ေပါင္ ၃သန္း ဝန္းက်င္ကစၿပီး ေလလံ တင္သြားေတာ့မွာပါ။

ကြင္းလယ္ဒိုင္အျဖစ္တာဝန္ယူခဲ့တဲ့ အလီဘင္နက္ဆာက “ႏိုင္ငံတကာေဘာလုံးသမိုင္းရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ကမာၻကိုမွ်ေဝဖို႔ အခ်ိန္ေကာင္းျဖစ္ပါတယ္။ မကၠဆီကို ကမာၻ႔ဖလားမွာ ကြၽန္ေတာ္က ၿပိဳင္ပြဲဝင္ဒိုင္လူ ႀကီး ၄၂ေယာက္စာရင္းထဲပါဝင္ခဲ့ပါတယ္။ အာဖရိကလူမ်ိဳးတစ္ေယာက္အေနနဲ႔ ကမာၻ႔အေကာင္းဆုံးေတြထဲကတစ္ေယာက္ျဖစ္လို႔ ဖီဖာက ကြၽန္ေတာ့္ကိုေ႐ြးခ်ယ္ခဲ့ တာပါ။

ဒီသြင္းဂိုးကိုေတာ့ရွင္းရွင္းလင္းလင္း မျမင္ခဲ့ပါဘူး။ မာရာဒိုနာနဲ႔ ရွီလ္တန္တို႔ ကစားသမားႏွစ္ေယာက္ရဲ႕အေနာက္ကို ကြၽန္ေတာ္ေရာက္ေနခဲ့တာပါ။ ဖီဖာခ်မွတ္ထားတဲ့စည္းမ်ဥ္းအရ သြင္းဂိုးရဲ႕တရားဝင္မႈကိုအတည္ျပဳဖို႔ စည္းၾကပ္ဒိုင္ ဆီလွမ္းၾကည့္ခဲ့ပါတယ္။ သူ႔အေနအထားက ကြင္းလယ္စည္းဘက္ကိုၫႊန္ျပေနၿပီး သြင္းဂိုးအတြက္ေက်နပ္တဲ့ပုံစံရွိခဲ့ပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။

အဂၤလန္နည္းျပေဘာ္ဘီေရာ့ဘ္ဆင္ကိုယ္တိုင္ကလည္း ဒီသြင္းဂိုးမွာ စည္းၾကပ္ဒိုင္က တာဝန္မဲ့ခဲ့တယ္လို႔ ယူဆခဲ့ေၾကာင္း အလီဘင္နက္ဆာက ရွင္းလင္း ခဲ့ပါေသးတယ္။