မာရာဒိုနာကိုလေးစားတယ်…ဒါပေမဲ့ မက်ဆီကိုကမ္ဘာ့ဖလားမရစေချင်ဘူးလို့ ရိုနယ်ဒိုဝန်ခံ

ဘရာဇီးဂန္တဝင်တိုက်စစ်မှူးရိုနယ်ဒိုက ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲမှာကိုမလိုလားဘူးလို့ဝန်ခံလိုက်ပါတယ်။

အသက် ၄၆နှစ်အရွယ် ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်းရိုနယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၇ နှစ်တာကာလအတွင်း ဘရာဇီးအသင်းအတွက် ၉၈ပွဲ ကစားပေးခဲ့ပြီး ၁၉၉၄နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူပါ။

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲရွှေဖိနပ်ဆုရှင် ရိုနယ်ဒိုက “တကယ်လို့ သူစပိန်အတွက်ဆိုရင်မပြောပါဘူး။

ဘရာဇီးနဲ့ အာဂျင်တီးနားဆိုတာ ကပြိုင်ဆိုင်မှုကြီးမားပါတယ်။ လေးစားမှုနဲ့အတူ မယုံနိုင်စရာပြိုင်ဆိုင်မှုတွေရှိခဲ့ပြီး ဒါဟာဘောလုံးလောကမှာ ချစ်စရာအကောင်းဆုံးအရာတစ်ခုပါ။

ဒါပေမဲ့ အာဂျင်တီး နားအသင်း ကမ္ဘာ့ဖလားဆွတ်ခူးမယ့်အကြောင်းကိုတော့ မစဉ်းစားပါဘူး။ မက်ဆီနဲ့ ထိုက်တန်လား။ သူ့မှာလုပ်ပိုင်ခွင်ရှိပါတယ်။

ဒါပေမဲ့ထောက်ခံပေးမှာမဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုချစ်ပြီး သူဆိုရင်လည်းဒီလိုပဲခံစားရမှာသေချာလို့ နားလည်ပေးနိုင်မှာပါ။

ခင်ဗျားတို့အနိုင်ရရင်လေးစားမှုပေးမှာပါ။ မာရာဒိုနာလိုပေါ့။ သူ့ကိုဘရာဇီး တွေအရမ်းလေးစားကြတာ။ ဒါပေမဲ့” လို့ ဖွင့်ဟသွားပါတယ်။

ဗိုလ်စွဲနိုင်ချေနဲ့ ပတ်သတ်လို့ ရိုနယ်ဒိုက “ဘရာဇီးရေပန်းစားသလားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားဟာ သူတို့ရဲ့သမိုင်းကြောင်းအရစိန်ခေါ်နိုင်သူတွေထဲပါဝင်နေပါတယ်။

အခု ဘရာဇီးအသင်းရောက်နေတဲ့နေရာနဲ့တော့ ငါတို့ကရေပန်းစားသူတွေမဟုတ် ပါဘူး။ ကျွန်တော်တို့အထက်မှာ တခြားအသင်းတွေရှိနေတယ်လို့ထင်ပါတယ်” လို့ သုံးသပ်သွားပါတယ်။

(Zawgyi)

မာရာဒိုနာကိုေလးစားတယ္…ဒါေပမဲ့ မက္ဆီကိုကမာၻ႔ဖလားမရေစခ်င္ဘူးလို႔ ႐ိုနယ္ဒိုဝန္ခံ

ဘရာဇီးဂႏၲဝင္တိုက္စစ္မႉး႐ိုနယ္ဒိုက ကာတာကမာၻ႔ဖလားမွာ အာဂ်င္တီးနားအသင္း ဗိုလ္စြဲမွာကိုမလိုလားဘူးလို႔ဝန္ခံလိုက္ပါတယ္။

အသက္ ၄၆ႏွစ္အ႐ြယ္ ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ရီးရဲလ္တိုက္စစ္မႉးေဟာင္း႐ိုနယ္ဒိုဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၁၇ႏွစ္တာကာလအတြင္း ဘရာဇီးအသင္းအတြက္ ၉၈ပြဲ ကစားေပးခဲ့ၿပီး ၁၉၉၄နဲ႔ ၂၀၀၂ ခုႏွစ္ေတြမွာ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သူပါ။ ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲေ႐ႊဖိနပ္ဆုရွင္ ႐ိုနယ္ဒိုက “တကယ္လို႔ သူစပိန္အတြက္ဆိုရင္မေျပာပါဘူး။

ဘရာဇီးနဲ႔ အာဂ်င္တီးနားဆိုတာ ကၿပိဳင္ဆိုင္မႈႀကီးမားပါတယ္။ ေလးစားမႈနဲ႔အတူ မယုံႏိုင္စရာၿပိဳင္ဆိုင္မႈေတြရွိခဲ့ၿပီး ဒါဟာေဘာလုံးေလာကမွာခ်စ္စရာအေကာင္းဆုံးအရာတစ္ခုပါ။

ဒါေပမဲ့ အာဂ်င္တီး နားအသင္း ကမာၻ႔ဖလားဆြတ္ခူးမယ့္အေၾကာင္းကိုေတာ့ မစဥ္းစားပါဘူး။ မက္ဆီနဲ႔ ထိုက္တန္လား။ သူ႔မွာလုပ္ပိုင္ခြင္ရွိပါတယ္။

ဒါေပမဲ့ေထာက္ခံေပးမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္သူ႔ကိုခ်စ္ၿပီး သူဆိုရင္လည္းဒီလိုပဲခံစားရမွာေသခ်ာလို႔ နားလည္ေပးႏိုင္မွာပါ။ ခင္ဗ်ားတို႔အႏိုင္ရရင္ေလးစားမႈေပးမွာပါ။

မာရာဒိုနာလိုေပါ့။ သူ႔ကိုဘရာဇီး ေတြအရမ္းေလးစားၾကတာ။ ဒါေပမဲ့” လို႔ ဖြင့္ဟသြားပါတယ္။ ဗိုလ္စြဲႏိုင္ေခ်နဲ႔ ပတ္သတ္လို႔ ႐ိုနယ္ဒိုက “ဘရာဇီးေရပန္းစားသလားဆိုတာေတာ့ မသိပါဘူး။

ဒါေပမဲ့ အာဂ်င္တီးနားဟာ သူတို႔ရဲ႕သမိုင္းေၾကာင္းအရစိန္ေခၚႏိုင္သူေတြထဲပါဝင္ေနပါတယ္။ အခု ဘရာဇီးအသင္းေရာက္ေနတဲ့ေနရာနဲ႔ေတာ့ ငါတို႔ကေရပန္းစားသူေတြမဟုတ္ ပါဘူး။

ကြၽန္ေတာ္တို႔အထက္မွာ တျခားအသင္းေတြရွိေနတယ္လို႔ထင္ပါတယ္” လို႔ သုံးသပ္သြားပါတယ္။