မာနေး ထွက်ဖို့ သေချာနေလို့ နူနက်ဇ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ လီဗာပူး ပြင်ဆင်

လီဗာပူးဟာ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို

ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့
ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဥရုဂွေးလက်ရွေးစင် နူနက်ဇ်ဟာ လက်ရှိဘောလုံးလောကရဲ့
အလားအလာအကောင်းဆုံးကစားသမားတစ်ဦးအဖြစ်
သတ်မှတ်ခံထားရပြီး အက်သလက်နဲ့ ယူနိုက်တက်တို့ကလည်း

သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လီဗာပူးကတော့
အမြင့်ဆုံးပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းအထိ
သုံးစွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
လီဗာပူးအားကစားဒါရိုက်တာအသစ်ဖြစ်တဲ့
ဂျူလီယန်ဝက်ဒ်က နူနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက်

ဘင်ဖီကာအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး
ကစားသမားဖြစ်သူကလည်း အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
လီဗာပူးတိုက်စစ်မှူး မာနေးက အသင်းကနေ
ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီး
ဘိုင်ယန်အသင်းက အသင်းကနေ

ထွက်ခွာတော့မယ့် အဓိကတိုက်စစ်မှူး
လီဝန်ဒေါစကီးရဲ့နေရာမှာ မာနေးနဲ့ အစားထိုးလိုနေပါတယ်။
အထောင်တိုက်စစ်မှူးအဖြစ်သာမက ဘယ်တောင်ပံမှာပါ
ကစားနိုင်စွမ်းရှိတဲ့ နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက
ချန်ပီယံလိဂ်မှာ စုစုပေါင်း ၆ဂိုးသွင်းနိုင်ခဲ့တဲ့အနက်

လီဗာပူးနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ
၂ဂိုးသွင်းခဲ့တာလည်း ပါဝင်ပြီး လီဗာပူးနည်းပြ
ကလော့ပ်က သူ့ရဲ့ခြေစွမ်းကို သဘောကျနေပါတယ်။
တကယ်လို့ လီဗာပူးသာ နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ရင်
၂၀၁၈ နွေရာသီကလိုဖြစ်လာနိုင်ပြီး အဲဒီတုန်းက

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်ကိုပဲ
အရေးနိမ့်ခဲ့ရပြီးနောက် အဲဒီနွေရာသီမှာ
အသင်းကို အကြီးအကျယ်ပြင်ဆင်အားဖြည့်ခဲ့တာပါ။
အဲဒီတုန်းက ဂိုးသမား အယ်လစ်ဆန်နဲ့
ကွင်းလယ်လူ ဖာဘင်ညိုတို့က နှစ်ဦးပေါင်း

ပြောင်းရွှေ့ကြေး ပေါင် ၁၀၄သန်းနဲ့ လီဗာပူးကို
ရောက်လာခဲ့ပေမယ့် အခုတော့ နူနက်ဇ်တစ်ဦးတည်းအတွက်
ပေါင် ၈၅သန်းအထိ ကုန်ကျနိုင်ရာ
၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်ကနေ
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ

ခေါ်ယူခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက် တင်ထားတဲ့စံချိန်ကို
ချိုးဖျက်မှာဖြစ်ပါတယ်။

Zawgyi

မာေနး ထြက္ဖို႔ ေသခ်ာေနလို႔ ႏူနက္ဇ္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းဖို႔ လီဗာပူး ျပင္ဆင္
လီဗာပူးဟာ ဘင္ဖီကာတိုက္စစ္မွဴး ဒါ၀င္ႏူနက္ဇ္ကို
ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔
ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
ဥ႐ုေဂြးလက္ေရြးစင္ ႏူနက္ဇ္ဟာ လက္ရွိေဘာလုံးေလာကရဲ႕

အလားအလာအေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္
သတ္မွတ္ခံထားရၿပီး အက္သလက္နဲ႔ ယူႏိုက္တက္တို႔ကလည္း
သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားေနေပမယ့္ လီဗာပူးကေတာ့
အျမင့္ဆုံးေျပာင္းေရႊ႕ေၾကး ေပါင္ ၈၅သန္းအထိ
သုံးစြဲဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

လီဗာပူးအားကစားဒါ႐ိုက္တာအသစ္ျဖစ္တဲ့
ဂ်ဴလီယန္၀က္ဒ္က ႏူနက္ဇ္ရဲ႕အေျပာင္းအေရႊ႕အတြက္
ဘင္ဖီကာအသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးေနၿပီး
ကစားသမားျဖစ္သူကလည္း အန္ဖီးလ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္၀င္စားေနပါတယ္။
လီဗာပူးတိုက္စစ္မွဴး မာေနးက အသင္းကေန

ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနၿပီး
ဘိုင္ယန္အသင္းက အသင္းကေန
ထြက္ခြာေတာ့မယ့္ အဓိကတိုက္စစ္မွဴး
လီ၀န္ေဒါစကီးရဲ႕ေနရာမွာ မာေနးနဲ႔ အစားထိုးလိုေနပါတယ္။
အေထာင္တိုက္စစ္မွဴးအျဖစ္သာမက ဘယ္ေတာင္ပံမွာပါ

ကစားႏိုင္စြမ္းရွိတဲ့ ႏူနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက
ခ်န္ပီယံလိဂ္မွာ စုစုေပါင္း ၆ဂိုးသြင္းႏိုင္ခဲ့တဲ့အနက္
လီဗာပူးနဲ႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ
၂ဂိုးသြင္းခဲ့တာလည္း ပါ၀င္ၿပီး လီဗာပူးနည္းျပ
ကေလာ့ပ္က သူ႕ရဲ႕ေျခစြမ္းကို သေဘာက်ေနပါတယ္။

တကယ္လို႔ လီဗာပူးသာ ႏူနက္ဇ္ကို ေခၚယူႏိုင္ခဲ့ရင္
၂၀၁၈ ေႏြရာသီကလိုျဖစ္လာႏိုင္ၿပီး အဲဒီတုန္းက
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္ကိုပဲ
အေရးနိမ့္ခဲ့ရၿပီးေနာက္ အဲဒီေႏြရာသီမွာ
အသင္းကို အႀကီးအက်ယ္ျပင္ဆင္အားျဖည့္ခဲ့တာပါ။

အဲဒီတုန္းက ဂိုးသမား အယ္လစ္ဆန္နဲ႔
ကြင္းလယ္လူ ဖာဘင္ညိဳတို႔က ႏွစ္ဦးေပါင္း
ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၄သန္းနဲ႔ လီဗာပူးကို
ေရာက္လာခဲ့ေပမယ့္ အခုေတာ့ ႏူနက္ဇ္တစ္ဦးတည္းအတြက္
ေပါင္ ၈၅သန္းအထိ ကုန္က်ႏိုင္ရာ

၂၀၁၈ ဇန္နဝါရီလက ေဆာက္သမ္တန္ကေန
ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅သန္းနဲ
ေခၚယူခဲ့တဲ့ ေနာက္ခံလူ ဗန္ဒိုက္ တင္ထားတဲ့စံခ်ိန္ကို
ခ်ိဳးဖ်က္မွာျဖစ္ပါတယ္။