မာနေး၊ ဟန်ဒါဆန်အပြင် ရောဘတ်ဆန်ရဲ့ ဒဏ်ရာအတွက်ပါ လီဗာပူးစိုးရိမ်နေရ 

ဒိန်းမတ်ကို အိမ်ကွင်းမှာ ၂၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့

လီဗာပူးနောက်ခံလူ အန်ဒီရောဘတ်ဆန်ကြောင့် နည်းပြ ဂျာဂင်ကလော့ပ်

စိုးရိမ်နေရပါတယ်။ စကော့တလန်ဟာ မတ်လအတွင်းမှာ ကစားရမယ့်

ပလေးအော့ဖ်ပွဲတွေကစားခွင့် ရသွားပြီဖြစ်ပေမယ့် လက်ရွေးစင်

အသင်းခေါင်းဆောင် ရောဘတ်ဆန်ကတော့ ပွဲချိန် ၇၉ မိနစ်မှာ ဒဏ်ရာရပြီး

လူစားလဲခံလိုက်ရတာပါ။

ရောဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို

ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ဒူးကောက်ကြောဒဏ်ရာရသွားတာ

ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြသလို လီဗာပူးတာဝန်ရှိသူတွေကလည်း

စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။ လီဗာပူးဟာ နိုင်ငံတကာပွဲတွေအပြီး

လာမယ့်စနေနေ့မှာ ပုံစံကောင်းရနေတဲ့ အာဆင်နယ်ကို အိမ်ကွင်းအန်ဖီးလ်မှာ

ပရီးမီးယားလိဂ်ပွဲကစားဖို့ ရှိနေပါတယ်။

လီဗာပူးအတွက် အရေးပါတဲ့ တိုက်စစ်မှူး မာနေးက ဆီနီဂေါအတွက်

ကစားပေးခဲ့စဥ္ နံရိုးဒဏ်ရာရခဲ့သလို

အသင်းခေါင်းဆောင် ကွင်းလယ်လူ ဟန်ဒါဆန်ကလည်း ဒဏ်ရာကြောင့်

အဂင်္္လန်အသင်းက နုတ်ထွက်ခဲ့ရပါတယ်။ နောက်ခံလူ ဂျိုးဂိုးမက်ဇကလည်း

ခြေထောက်ဒဏ်ရာရထားတာကြောင့် ရောဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေ

ဆိုးရွားမှာကို လီဗာပူးတာဝန်ရှိသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

zawgyi

မာေနး၊ ဟန္ဒါဆန္အျပင္ ေရာဘတ္ဆန္ရဲ႕ ဒဏ္ရာအတြက္ပါ လီဗာပူးစိုးရိမ္ေနရ

ဒိန္းမတ္ကို အိမ္ကြင္းမွာ ၂၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရသြားတဲ့

လီဗာပူးေနာက္ခံလူ အန္ဒီေရာဘတ္ဆန္ေၾကာင့္ နည္းျပ ဂ်ာဂင္ကေလာ့ပ္

စိုးရိမ္ေနရပါတယ္။ စေကာ့တလန္ဟာ မတ္လအတြင္းမွာ ကစားရမယ့္

ပေလးေအာ့ဖ္ပြဲေတြကစားခြင့္ ရသြားၿပီျဖစ္ေပမယ့္ လက္ေ႐ြးစင္

အသင္းေခါင္းေဆာင္ ေရာဘတ္ဆန္ကေတာ့ ပြဲခ်ိန္ ၇၉ မိနစ္မွာ ဒဏ္ရာရၿပီး

လူစားလဲခံလိုက္ရတာပါ။ ေရာဘတ္ဆန္ရဲ႕ ဒဏ္ရာအေျခအေန အေသးစိတ္ကို

ထုတ္ျပန္ထားျခင္း မရွိေသးေပမယ့္ ဒူးေကာက္ေၾကာဒဏ္ရာရသြားတာ

ျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ေနၾကသလို လီဗာပူးတာဝန္ရွိသူေတြကလည္း

စိုးရိမ္မႈေတြ ျမင့္တက္ေနတာပါ။ လီဗာပူးဟာ ႏိုင္ငံတကာပြဲေတြအၿပီး

လာမယ့္စေနေန႔မွာ ပုံစံေကာင္းရေနတဲ့ အာဆင္နယ္ကို အိမ္ကြင္းအန္ဖီးလ္မွာ

ပရီးမီးယားလိဂ္ပြဲကစားဖို႔ ရွိေနပါတယ္။ လီဗာပူးအတြက္ အေရးပါတဲ့

တိုက္စစ္မႉး မာေနးက ဆီနီေဂါအတြက္ ကစားေပးခဲ့စၪ္ နံ႐ိုးဒဏ္ရာရခဲ့သလို

အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဟန္ဒါဆန္ကလည္း ဒဏ္ရာေၾကာင့္

အဂၤႅန္အသင္းက ႏုတ္ထြက္ခဲ့ရပါတယ္။ ေနာက္ခံလူ ဂ်ိဳးဂိုးမက္ဇကလည္း

ေျခေထာက္ဒဏ္ရာရထားတာေၾကာင့္ ေရာဘတ္ဆန္ရဲ႕ ဒဏ္ရာအေျခအေန

ဆိုး႐ြားမွာကို လီဗာပူးတာဝန္ရွိသူေတြက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။