မာနေးနဲ့ ရော်နယ်ဒိုတို့မပါဘဲ ဘိုဝင်နဲ့ ဝက်ပရောက်စ်တို့ ပါဝင်လာတဲ့ ဆန်ခါတင်စာရင်း

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်

ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ ချန်လှပ်ခံခဲ့ရသူတွေအနက်
လီဗာပူးတိုက်စစ်မှူး မာနေးနဲ့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတို့
ပါဝင်ခဲ့ပေမယ့် ဆာလာ၊ ဒီဘရိုင်းနားနဲ့ အာနိုးလ်တို့တော့ ရွေးချယ်ခံခဲ့ရပါတယ်။
သူတို့ ၃ယောက်နဲ့အတူ ဆာကာ၊ ဝက်ပရောက်စ်၊ ကန်ဆယ်လို၊
ဆွန်ဟောင်မင်နဲ့ ဘိုဝင်တို့လည်း ရွေးချယ်ခံခဲ့ရပြီး

ပရိသတ်တွေအနေနဲ့ အကောင်းဆုံးဆုအတွက် ဗြိတိန်စံတော်ချိန်
တနင်္လာနေ့ည ၆နာရီအထိ မဲပေးခွင့်ရှိပါတယ်။
ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုနဲ့အတူ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀မှ
အသင်းခေါင်းဆောင်တွေ၊ ဘောလုံးကျွမ်းကျင်သူတွေရဲ့ရွေးချယ်မှုတွေကို
ပေါင်းစည်းပြီး အကောင်းဆုံးဆုကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

မာနေးနဲ့ ရော်နယ်ဒိုတို့ဟာ လီဗာပူးနဲ့ ယူနိုက်တက်တို့အတွက်
အသီးသီးခြေစွမ်းပြနေပေမယ့် ဆန်ခါတင်စာရင်းမှာတောင်
ပါဝင်မလာဘဲ မာနေးက လိဂ် ၃၃ပွဲမှာ ၁၅ဂိုး သွင်းယူထားပါတယ်။
ရော်နယ်ဒိုကလည်း ယူနိုက်တက်အသင်း ရလဒ်ဆိုးနေပေမယ့်
လိဂ်ပွဲ ၃၀ မှာ ၁၈ဂိုးအထိ သွင်းယူထားပြီး တစ်လတာ

အကောင်းဆုံးဆုကိုလည်း ၂ကြိမ်အထိ ရရှိထားပါတယ်။
ဒီဘရိုင်းနားနဲ့ ဆာလာတို့က အကောင်းဆုံးဆုကို
ဒုတိယအကြိမ်မြောက် ရရှိဖို့ ရေပန်းစားနေပြီး
ဒီဘရိုင်းနားက ၂၀၂၀ မှာ ရရှိခဲ့သလို ဆာလာကလည်း
၂၀၁၈ ခုနှစ်တုန်းက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ နောက်ဆုံး ၅နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု
၄ကြိမ်မြောက် ရရှိဖို့ မျှော်လင့်နေတဲ့ မန်စီးတီးမှာ
အဓိကနေရာကနေ ခြေစွမ်းပြနေသလို ယခုရာသီ
ပရီးမီးယားလိဂ်မှာ ၁၅ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဆာလာကလည်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဘုရင်ဆုနဲ့

ကွင်းလယ်ဖန်တီးရှင်ဆုတွေအတွက် ထိပ်ဆုံးကနေ
ဦးဆောင်နေပြီး ၂၂ဂိုးသွင်းယူထားသလို
ဂိုးဖန်တီးမှု ၁၃ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
အာနိုးလ်က ၂ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၂ကြိမ်ပြုလုပ်ပေးထားသလို
ဆွန်ဟောင်မင်ကလည်း သွင်းဂိုး ၂၁ ဂိုးနဲ့

ရွှေဖိနပ်ဆုအတွက် ဆာလာကို အနီးကပ်ဖိအားပေးနေပါတယ်။
ဘိုဝင်ကလည်း ပရီးမီးယားလိဂ်တစ်ရာသီအတွင်း
သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အနည်းဆုံး ၁၀ဂိုးရှိတဲ့
ဒုတိယမြောက် ဝက်စ်ဟမ်းကစားသမားဖြစ်နေပြီး
၁၀ဂိုးသွင်း၊ ၁၀ဂိုးဖန်တီးပေးထားကာ ဂန္ထဝင်တိုက်စစ်မှူး

ဒီကာနီယိုရဲ့စံချိန်ကို လိုက်မီထားပါတယ်။

Zawgyi

မာေနးနဲ႔ ေရာ္နယ္ဒိုတို႔မပါဘဲ ဘို၀င္နဲ႔ ၀က္ပေရာက္စ္တုိ႔ ပါ၀င္လာတဲ့ ဆန္ခါတင္စာရင္း

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္
ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီျဖစ္ရာ ခ်န္လွပ္ခံခဲ့ရသူေတြအနက္
လီဗာပူးတုိက္စစ္မွဴး မာေနးနဲ႔ ယူႏုိက္တက္တုိက္စစ္မွဴး ေရာ္နယ္ဒိုတုိ႔
ပါ၀င္ခဲ့ေပမယ့္ ဆာလာ၊ ဒီဘရိုင္းနားနဲ႔ အာႏိုးလ္တို႔ေတာ့ ေရြးခ်ယ္ခံခဲ့ရပါတယ္။
သူတုိ႔ ၃ေယာက္နဲ႔အတူ ဆာကာ၊ ၀က္ပေရာက္စ္၊ ကန္ဆယ္လုိ၊

ဆြန္ေဟာင္မင္နဲ႔ ဘုိ၀င္တို႔လည္း ေရြးခ်ယ္ခံခဲ့ရၿပီး
ပရိသတ္ေတြအေနနဲ႔ အေကာင္းဆုံးဆုအတြက္ ၿဗိတိန္စံေတာ္ခ်ိန္
တနလၤာေန႔ည ၆နာရီအထိ မဲေပးခြင့္ရွိပါတယ္။
ပရိသတ္ေတြရဲ႕မဲေပးေရြးခ်ယ္မႈနဲ႔အတူ ပရီးမီးယားလိဂ္ကလပ္အသင္း ၂၀မွ
အသင္းေခါင္းေဆာင္ေတြ၊ ေဘာလုံးကၽြမ္းက်င္သူေတြရဲ႕ေရြးခ်ယ္မႈေတြကို

ေပါင္းစည္းၿပီး အေကာင္းဆုံးဆုကို ေပးအပ္ခ်ီးျမႇင့္မွာျဖစ္ပါတယ္။
မာေနးနဲ႔ ေရာ္နယ္ဒိုတို႔ဟာ လီဗာပူးနဲ႔ ယူႏုိက္တက္တုိ႔အတြက္
အသီးသီးေျခစြမ္းျပေနေပမယ့္ ဆန္ခါတင္စာရင္းမွာေတာင္
ပါ၀င္မလာဘဲ မာေနးက လိဂ္ ၃၃ပဲြမွာ ၁၅ဂိုး သြင္းယူထားပါတယ္။
ေရာ္နယ္ဒိုကလည္း ယူႏုိက္တက္အသင္း ရလဒ္ဆုိးေနေပမယ့္

လိဂ္ပဲြ ၃၀ မွာ ၁၈ဂိုးအထိ သြင္းယူထားၿပီး တစ္လတာ
အေကာင္းဆုံးဆုကုိလည္း ၂ႀကိမ္အထိ ရရွိထားပါတယ္။
ဒီဘရိုင္းနားနဲ႔ ဆာလာတုိ႔က အေကာင္းဆုံးဆုကို
ဒုတိယအႀကိမ္ေျမာက္ ရရွိဖို႔ ေရပန္းစားေနၿပီး
ဒီဘရိုင္းနားက ၂၀၂၀ မွာ ရရွိခဲ့သလို ဆာလာကလည္း

၂၀၁၈ ခုႏွစ္တုန္းက အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ပါတယ္။
ဒီဘရိုင္းနားဟာ ေနာက္ဆုံး ၅ႏွစ္အတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု
၄ႀကိမ္ေျမာက္ ရရွိဖုိ႔ ေမွ်ာ္လင့္ေနတဲ့ မန္စီးတီးမွာ
အဓိကေနရာကေန ေျခစြမ္းျပေနသလို ယခုရာသီ
ပရီးမီးယားလိဂ္မွာ ၁၅ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၇ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။

ဆာလာကလည္း ပရီးမီးယားလိဂ္မွာ ဂိုးသြင္းဘုရင္ဆုနဲ႔
ကြင္းလယ္ဖန္တီးရွင္ဆုေတြအတြက္ ထိပ္ဆုံးကေန
ဦးေဆာင္ေနၿပီး ၂၂ဂိုးသြင္းယူထားသလုိ
ဂုိးဖန္တီးမႈ ၁၃ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။
အာႏိုးလ္က ၂ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၁၂ႀကိမ္ျပဳလုပ္ေပးထားသလုိ

ဆြန္ေဟာင္မင္ကလည္း သြင္းဂိုး ၂၁ ဂိုးနဲ႔
ေရႊဖိနပ္ဆုအတြက္ ဆာလာကို အနီးကပ္ဖိအားေပးေနပါတယ္။
ဘို၀င္ကလည္း ပရီးမီးယားလိဂ္တစ္ရာသီအတြင္း
သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ အနည္းဆုံး ၁၀ဂိုးရွိတဲ့
ဒုတိယေျမာက္ ၀က္စ္ဟမ္းကစားသမားျဖစ္ေနၿပီး

၁၀ဂိုးသြင္း၊ ၁၀ဂိုးဖန္တီးေပးထားကာ ဂႏၳ၀င္တုိက္စစ္မွဴး
ဒီကာနီယုိရဲ႕စံခ်ိန္ကို လုိက္မီထားပါတယ္။