
လီဗာပူးအသင်းတိုက်စစ်မှူး မီနာမီနိုဟာ ကာရာဘောင်းဖလားနဲ့အောင်ပွဲခံရာမှာ
ကစားဖော်ဖြစ်တဲ့ မာနေးက သူ့ကိုရှန်ပိန်နဲ့မပက်ဖို့တောင်းဆိုခဲ့တာကို
လေးစားစွာနဲ့တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်လုပွဲမှာ လီဗာပူးအသင်းဟာ
ချဲလ်ဆီးနဲ့အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ရပြီးအချိန်ပိုအထိသရေကျနေလို့
ပင်နယ်တီအဆုံးအဖြတ်ခံ ယူခဲ့ရာမှာ ၁၁-၁၀ နဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တာပါ။
ချဲလ်ဆီးအတွက် ပင်နယ်တီလွဲခဲ့သူကတော့ ဂိုးသမား ကီပါဖြစ် ပါတယ်။
ပွဲပြီးလို့ ဆုဖလားရယူပြီးချိန်မှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က
ဦးဆောင်ပြီး ဆုဖလား နဲ့အတူအောင်ပွဲခံခဲ့တာပါ။ ဒီနေရာမှာ
သူတို့အစဥ်အလာအတိုင်း ရှန်ပိန်တွေဖောက်ပြီး အောင်ပွဲခံဖို့အတွက် ကွင်းထဲမှာ
ရှန်ပိန် ပုလင်းတွေချထားခဲ့တာပါ။ ကစားသမားတွေအားလုံး ခုန်ပေါက်ကြပြီ
းသီချင်းတွေဆိုနေချိန်မှာ ရှန်ပိန်ပုလင်းတွေဖောက်ခဲ့ကြတာပါ။ အဲဒီ အချိန်မှာ
မီနာမီနိုဟာ မွတ်စလင်တစ်ဦးဖြစ်တဲ့ မာနေးဘေးနားမှာရှိနေပြီး ပုလင်းဖောက်ခဲ့တာပါ။
ဒါကြောင့် လည်း မာနေး ကသူ့ကိုရှန်ပိန်နဲ့မပက်ဖို့ ကောင်းမွန်စွာနဲ့ တောင်းဆိုခဲ့တာကြောင့်
မီနာမီနို ကလည်းလေးစား စွာနဲ့တုံ့ပြန်ပြီး ပုလင်းကိုဘေးချပေးခဲ့တာပါ။
ဒါကိုရိုက်ကူးမိခဲ့တာကတော့ ESPN ဖြစ်ပြီး ဒီပုံရိပ်ကိုလူမှုကွန် ယက်မှာပြန်ပြီးမျှဝေခဲ့ပါတယ်။
ဒါကိုကြည့်ပြီး မွတ်စလင်တစ်ဦးဖြစ်တဲ့ မာနေးရဲ့ဘာသာရေး လေးစားမှုကိုရော
ကစားဖော်ရဲ့ ခံယူချက်ကိုလေးစားပြီး အပြုအမူကောင်းပြသခဲ့တဲ့ ဂျပန်လက်ရွေးစင်
မီနာမီနိုကိုပါချီးကျူးနေ ကြတာပါ။ မာနေးဟာ အသင်းနဲ့အတူ တရားဝင်ဓာတ်ပုံရိုက်ဖို့အတွက်
အတူရှိပေးခဲ့ပေမယ့် အသင်းသားတွေ လွတ်လပ်စွာအောင်ပွဲခံပြီး ရှန်ပိန်ပုလင်းဖောက်နိုင်ဖို့အတွက်
ထွက်သွားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း နည်း ပြ ဂျာဂင်ကလော့ပ်က မာနေးဆီသွားပြီး
အသင်းနဲ့အတူအောင်ပွဲမခံရပေမယ့် စိတ်မပျက်ဖို့အားပေးခဲ့ရ ပါတယ်။
လီဗာပူးအသင်းမှာ မာနေး၊ ဆာလာနဲ့ နဘီကီတာ တို့ဟာမွတ်စလင်တွေဖြစ်ကြပြီး
အရက်ကိုရှောင် ကျဥ်ကြသူတွေဖြစ်ပြီး သူတို့ဘာသာထုံးစံအရတစ်နေ့ကို
ဘုရား ၅ ကြိမ်ဝတ်ပြုသူတွေလည်းဖြစ်ပါတယ်။ ၂၀၂၀ တုန်းကလည်း လီဗာပူးအသင်းဟာ
ပရီးမီးယားလိဂ်ချန်ပီယံဖလားနဲ့အတူအောင်ပွဲခံတုန်းက မွတ်စလင် ကစားသမားတွေပါ
အတူအောင်ပွဲခံနိုင်ဖို့အတွက် အရက်မပါတဲ့ရှန်ပိန်ကိုအသုံးပြုခဲ့ရတယ်လို့
အသင်းခေါင်းဆောင် ဟန်ဒါဆန် ကဖွင့်ဟခဲ့ဘူးပါတယ်။
Zawgyi
မာေနးနဲ့ မီနာမီႏိုရဲ့ အျပန္အလွန္ေလးစားမႈ
လီဗာပူးအသင္းတိုက္စစ္မႉး မီနာမီႏိုဟာ ကာရာေဘာင္းဖလားနဲ႔ေအာင္ပြဲခံရာမွာ
ကစားေဖာ္ျဖစ္တဲ့ မာေနးက သူ႔ကိုရွန္ပိန္နဲ႔မပက္ဖို႔ေတာင္းဆိုခဲ့တာကို
ေလးစားစြာနဲ႔တုံ႔ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ဗိုလ္လုပြဲမွာ လီဗာပူးအသင္းဟာ
ခ်ဲလ္ဆီးနဲ႔အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရၿပီးအခ်ိန္ပိုအထိသေရက်ေနလို႔
ပင္နယ္တီအဆုံးအျဖတ္ခံ ယူခဲ့ရာမွာ ၁၁-၁၀ နဲ႔အႏိုင္ရၿပီး ဗိုလ္စြဲခဲ့တာပါ။
ခ်ဲလ္ဆီးအတြက္ ပင္နယ္တီလြဲခဲ့သူကေတာ့ ဂိုးသမား ကီပါျဖစ္ ပါတယ္။
ပြဲၿပီးလို႔ ဆုဖလားရယူၿပီးခ်ိန္မွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က
ဦးေဆာင္ၿပီး ဆုဖလား နဲ႔အတူေအာင္ပြဲခံခဲ့တာပါ။ ဒီေနရာမွာ
သူတို႔အစဥ္အလာအတိုင္း ရွန္ပိန္ေတြေဖာက္ၿပီး ေအာင္ပြဲခံဖို႔အတြက္ ကြင္းထဲမွာ
ရွန္ပိန္ ပုလင္းေတြခ်ထားခဲ့တာပါ။ ကစားသမားေတြအားလုံး ခုန္ေပါက္ၾကၿပီ
းသီခ်င္းေတြဆိုေနခ်ိန္မွာ ရွန္ပိန္ပုလင္းေတြေဖာက္ခဲ့ၾကတာပါ။ အဲဒီ အခ်ိန္မွာ
မီနာမီႏိုဟာ မြတ္စလင္တစ္ဦးျဖစ္တဲ့ မာေနးေဘးနားမွာရွိေနၿပီး ပုလင္းေဖာက္ခဲ့တာပါ။
ဒါေၾကာင့္ လည္း မာေနး ကသူ႔ကိုရွန္ပိန္နဲ႔မပက္ဖို႔ ေကာင္းမြန္စြာနဲ႔ ေတာင္းဆိုခဲ့တာေၾကာင့္
မီနာမီႏို ကလည္းေလးစား စြာနဲ႔တုံ႔ျပန္ၿပီး ပုလင္းကိုေဘးခ်ေပးခဲ့တာပါ။
ဒါကို႐ိုက္ကူးမိခဲ့တာကေတာ့ ESPN ျဖစ္ၿပီး ဒီပုံရိပ္ကိုလူမႈကြန္ ယက္မွာျပန္ၿပီးမွ်ေဝခဲ့ပါတယ္။
ဒါကိုၾကည့္ၿပီး မြတ္စလင္တစ္ဦးျဖစ္တဲ့ မာေနးရဲ႕ဘာသာေရး ေလးစားမႈကိုေရာ
ကစားေဖာ္ရဲ႕ ခံယူခ်က္ကိုေလးစားၿပီး အျပဳအမူေကာင္းျပသခဲ့တဲ့ ဂ်ပန္လက္ေ႐ြးစင္
မီနာမီႏိုကိုပါခ်ီးက်ဴးေန ၾကတာပါ။ မာေနးဟာ အသင္းနဲ႔အတူ တရားဝင္ဓာတ္ပုံ႐ိုက္ဖို႔အတြက္
အတူရွိေပးခဲ့ေပမယ့္ အသင္းသားေတြ လြတ္လပ္စြာေအာင္ပြဲခံၿပီး ရွန္ပိန္ပုလင္းေဖာက္ႏိုင္ဖို႔အတြက္
ထြက္သြားေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း နည္း ျပ ဂ်ာဂင္ကေလာ့ပ္က မာေနးဆီသြားၿပီး
အသင္းနဲ႔အတူေအာင္ပြဲမခံရေပမယ့္ စိတ္မပ်က္ဖို႔အားေပးခဲ့ရ ပါတယ္။
လီဗာပူးအသင္းမွာ မာေနး၊ ဆာလာနဲ႔ နဘီကီတာ တို႔ဟာမြတ္စလင္ေတြျဖစ္ၾကၿပီး
အရက္ကိုေရွာင္ က်ဥ္ၾကသူေတြျဖစ္ၿပီး သူတို႔ဘာသာထုံးစံအရတစ္ေန႔ကို
ဘုရား ၅ ႀကိမ္ဝတ္ျပဳသူေတြလည္းျဖစ္ပါတယ္။ ၂၀၂၀ တုန္းကလည္း လီဗာပူးအသင္းဟာ
ပရီးမီးယားလိဂ္ခ်န္ပီယံဖလားနဲ႔အတူေအာင္ပြဲခံတုန္းက မြတ္စလင္ ကစားသမားေတြပါ
အတူေအာင္ပြဲခံႏိုင္ဖို႔အတြက္ အရက္မပါတဲ့ရွန္ပိန္ကိုအသုံးျပဳခဲ့ရတယ္လို႔
အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ကဖြင့္ဟခဲ့ဘူးပါတယ္။