မာနေးဆိုတာ အနေအေးပြီး အောက်ခြေမလွတ်တဲ့ မဟူရာ လူသား

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ တနင်္လာညက ကျင်းပခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားမှာ မာနေးဟာ ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံး ချီးမြှင့်တဲ့ Socrates ဆုကို ရရှိခဲ့ပါတယ်။

ဒီဆုဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

ဒီ ဆီနီ ဂေါသားဟာ သူ့ရဲ့နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်အားဖြည့်ပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆေးရုံနဲ့ စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာလည်း ဆီနီဂေါအမျိုးသား ကော်မတီဆီကိုလည်း ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့အတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ မွေးရပ်ဒေသဖြစ်တဲ့ ဘမ်ဘာလီရွာလေးမှာ သက်ရှိထင်ရှားရှိနေတဲ့ ဆွေးမျိုးအသိုင်းအဝိုင်း တစ်ယောက်ချင်းစီကိုလည်း လစဉ် ထောက်ပံ့ငွေတွေ ပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။

ဒါကြောင့် လူမှုရေးကဏ္ဍတွေမှာ စွမ်းစွမ်းတမံ ထောက်ပံ့ ကူညီပေးတဲ့လုပ်ရပ်အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုမျိုး Socrates ဆုကို ချီးမြှင့်ပေးခဲ့တာပါ။

အဲဒီဆုကို ရရှိပြီးတဲ့နောက်  အောက်ခြေမလွတ်တတ်တဲ့ မာနေးကတော့ ရိုးရှင်းတဲ့ စကားလုံးတွေသာ သုံးသွားခဲ့ပြီး နှိမ့်ချတဲ့စိတ်ထားအပြည့်နဲ့ စင်မြင့်ထက်ကနေပြီး အခုလို ပြောဆိုသွားခဲ့ပါတယ်။ ‘’ကျွန်တော် ဒီကို ပျော်ရုံသက်သက်လေးပဲ ရောက်လာတာပါ။

ကျွန်တော်လုပ်တာတွေနဲ့ပတ်သက်ပြီး စကားတွေ အများကြီး ပြောရတာကို မကြိုက်ဘူး။

ဒါပေမဲ့ ကျွန်တော့်နိုင်ငံက ပြည်သူတွေ ကျွန်တော် နိုင်တာကို လုပ်တာဖြစ်ပြီး ကျွန်တော့်နိုင်ငံ တိုးတက်ဖို့အတွက် ကြိုးစားမှာပါ’’ လို့ မာနေးက လိုရှင်း တိုရှင်း ပြောသွားခဲ့ပါတယ်။

အခုလိုမျိုး တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ အခမ်းအနားကြီးမှာ အပွင့်မကားဘဲ နှိမ့်ချခဲ့တဲ့ မာနေးရဲ့ လုပ်ရပ်ကတော့ အများချီးမွမ်းစရာ ဖြစ်ခဲ့ပါတယ်။

(Zawgyi)

မာေနးဆိုတာ အေနေအးၿပီး ေအာက္ေျခမလြတ္တဲ့ မဟူရာ လူသား

ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ တနလၤာညက က်င္းပခဲ့တဲ့ တစ္ႏွစ္တာအေကာင္း ဆုံးဆု ေပးပြဲ အခမ္းအနားမွာ မာေနးဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ပထ မဆုံး ခ်ီးျမႇင့္တဲ့ Socrates ဆုကို ရရွိခဲ့ပါတယ္။

ဒီဆုဟာ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေတြကို ထိထိေရာက္ေရာက္ ေထာက္ပံ့ေပး ႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ အခုလိုမ်ိဳး ေပးအပ္ ခ်ီးျမႇင့္တာျဖစ္ပါတယ္။ ဒီ ဆီနီ ေဂါသားဟာ သူ႔ရဲ႕ႏိုင္ငံအတြက္ တစ္ေထာင့္တစ္ေနရာကေန အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္ ပါဝင္အားျဖည့္ေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး ေဆး႐ုံနဲ႔ စာသင္ေက်ာင္း ေဆာက္လုပ္ လႉဒါန္းေပးခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ COVID-19 ကပ္ေရာဂါ ကာလအတြင္းမွာလည္း ဆီနီေဂါအမ်ိဳးသား ေကာ္မတီဆီကိုလည္း ကပ္ေရာဂါႀကီးကို တိုက္ဖ်က္ဖို႔အတြက္ အလႉေငြေတြ လႉဒါန္းေပးခဲ့ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ ေမြးရပ္ေဒသျဖစ္တဲ့ ဘမ္ဘာလီ႐ြာေလး မွာ သက္ရွိထင္ရွားရွိေနတဲ့ ေဆြးမ်ိဳးအသိုင္းအဝိုင္း တစ္ေယာက္ခ်င္းစီကို လည္း လစဥ္ ေထာက္ပံ့ေငြေတြ ေပးေနတဲ့ ကစားသမားျဖစ္ပါတယ္။

ဒါ ေၾကာင့္ လူမႈေရးက႑ေတြမွာ စြမ္းစြမ္းတမံ ေထာက္ပံ့ ကူညီေပးတဲ့လုပ္ရပ္ အေပၚ အသိအမွတ္ျပဳတဲ့အေနနဲ႔ အခုလိုမ်ိဳး Socrates ဆုကို ခ်ီးျမႇင့္ေပးခဲ့ တာပါ။

အဲဒီဆုကို ရရွိၿပီးတဲ့ေနာက္ မာေနး ကေတာ့ ႐ိုးရွင္းတဲ့ စကားလုံးေတြသာ သုံးသြားခဲ့ၿပီး ႏွိမ့္ခ်တဲ့စိတ္ထားအျပည့္ နဲ႔ ျပန္ေျဖသြားခဲ့ပါတယ္။

‘’ကြၽန္ေတာ္ ဒီကို ေပ်ာ္႐ုံသက္သက္ေလးပဲ ေရာက္ လာတာပါ။ ကြၽန္ေတာ္လုပ္တာေတြနဲ႔ပတ္သက္ၿပီး စကားေတြ အမ်ားႀကီး ေျပာရတာကို မႀကိဳက္ဘူး။

ဒါေပမဲ့ ကြၽန္ေတာ့္ႏိုင္ငံက ျပည္သူေတြ ကြၽန္ေတာ္ ႏိုင္တာကို လုပ္တာျဖစ္ၿပီး ကြၽန္ေတာ့္ႏိုင္ငံ တိုးတက္ဖို႔အတြက္ ႀကိဳးစားမွာပါ’’ လို႔ မာေနးက လိုရွင္း တိုရွင္း ေျပာသြားခဲ့ပါတယ္။

အခုလိုမ်ိဳး တစ္ကမာၻလုံးက ေစာင့္ၾကည့္ေနတဲ့ အခမ္းအနားႀကီးမွာ အပြင့္မကားဘဲ ႏွိမ့္ခ်ခဲ့တဲ့ မာေနးရဲ႕ လုပ္ရပ္ကေတာ့ အမ်ားခ်ီးမြမ္းစရာ ျဖစ္ခဲ့ပါတယ္။