
ကမ္ဘာ့ဖလားအောင်ပွဲခံမှုတွေမှာ သူ့ကိုအဆက်မပြတ်သရော်ခဲ့တဲ့





အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကိုတော့ အမ်ဘာပီက
ပုံစံတူအနေအထားနဲ့ တုံ့ပြန်လှောင်ပြောင်လိုက်ပါတယ်။





ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဗိုလ်လုပွဲစဉ်မှာ မာတီနက်ဇ်ရဲ့ဂိုးပေါက်ထဲကို
ပင်နယ်တီအဆုံးအဖြစ်တစ်ကြိမ်နဲ့ ဟက်ထရစ်ဂိုးအပါအဝင်
၄ဂိုးအထိသွင်းပြခဲ့သူဖြစ်တယ်။ ဗီလာဂိုးသမားဟာ





အဝတ်လဲခန်းအတွင်း အောင်ပွဲခံမှုမှာ အမ်ဘာပီအတွက်
တစ်မိနစ်ငြိမ်သက်ပေးပါလို့ တောင်းဆိုပြီးစတင်လှောင်ပြောင်ခဲ့တာပါ။





ထို့နောက် ဘရူနိုအေးရီးစ် အောင်ပွဲခံချီတက်ပွဲအတွင်း ပီအက်စ်ဂျီ
စူပါစတားမျက်နှာဖုံးတပ်ထားတဲ့ ကလေးရုပ်တစ်ရုပ်ကို
ကိုင်ဆောင်ပြီးနောက်တစ်ကြိမ်လှောင်ပြောင်ခဲ့တာဖြစ်တယ်။





မာတီနက်ဇ်ရဲ့လုပ်ရပ်ဟာ အတိုင်းအတာတစ်ခုထိကျော်လွန်
သွားတယ်လို့ ခံစားခဲ့ရတဲ့နောက် ပြင်သစ်ဘက်က သူ့ရဲ့





အပြုအမူနဲ့ပက်သတ်လို့တိုင်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။
အမ်ဘာပီကတော့ မာတီနက်ဇ်ရဲ့လုပ်ရပ်တွေကို အရမ်း
စိတ်ပျက်ခဲ့သလို ရင့်ကျက်တဲ့ပုံစံနဲ့စတင်တုံ့ပြန်ခဲ့တာဖြစ်တယ်။





ပြီးခဲ့တဲ့လအတွင်း သတင်းထောက်တွေနဲ့တွေ့ဆုံမှုမှာ
ပီအက်စ်ဂျီကြယ်ပွင့်က “ပွဲအပြီးမှာ သူနဲ့စကားပြောခဲ့တယ်။





ငါ သူ့ကိုဂုဏ်ပြုပေးခဲ့တယ်။ သူ့အတွက်တော့ ဘဝပန်းတိုင်တစ်ခုပါ။
ငါ့အတွက်လည်းအတူတူပါပဲ၊ ဒါပေမဲ့ ငါရှုံးခဲ့တယ်။
အားကစားသမားကောင်းတစ်ယောက်ပီသဖို့လိုပါတယ်။





အောင်ပွဲခံမှုတွေက ကျွန်တော့်အတွက်ပြဿနာမဟုတ်ပါဘူး၊
ဒီလိုအသေးအဖွဲကိစ္စတွေအတွက်အချိန်မဖြုန်းချင်ပါဘူး” လို့





တုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိထွက်ပေါ်လာတဲ့ပုံရိပ်အရတော့
အမ်ဘာပီဟာ မာတီနက်ဇ်ရဲ့ပုံစံအတိုင်းလုပ်ခဲ့တယ်ဆိုတာအထင်အရှားမြင်ရမှာပါ။
zawgyi





မာတီနက္ဇ္ရဲ႕အျငင္းပြားဖြယ္ရာ ကမာၻ႔ဖလားေအာင္ပြဲခံအမူအရာမ်ိဳးျပဳလုပ္ေနတဲ့ အမ္ဘာပီ ပုံရိပ္ေတြထြက္ေပၚလာ
ကမာၻ႔ဖလားေအာင္ပြဲခံမႈေတြမွာ သူ႔ကိုအဆက္မျပတ္သေရာ္ခဲ့တဲ့





အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ကိုေတာ့ အမ္ဘာပီက
ပုံစံတူအေနအထားနဲ႔ တုံ႔ျပန္ေလွာင္ေျပာင္လိုက္ပါတယ္။
ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ဗိုလ္လုပြဲစဥ္မွာ မာတီနက္ဇ္ရဲ႕ဂိုးေပါက္ထဲကို





ပင္နယ္တီအဆုံးအျဖစ္တစ္ႀကိမ္နဲ႔ ဟက္ထရစ္ဂိုးအပါအဝင္
၄ဂိုးအထိသြင္းျပခဲ့သူျဖစ္တယ္။ ဗီလာဂိုးသမားဟာ





အဝတ္လဲခန္းအတြင္း ေအာင္ပြဲခံမႈမွာ အမ္ဘာပီအတြက္
တစ္မိနစ္ၿငိမ္သက္ေပးပါလို႔ ေတာင္းဆိုၿပီးစတင္ေလွာင္ေျပာင္ခဲ့တာပါ။
ထို႔ေနာက္ ဘ႐ူႏိုေအးရီးစ္ ေအာင္ပြဲခံခ်ီတက္ပြဲအတြင္း ပီအက္စ္ဂ်ီ





စူပါစတားမ်က္ႏွာဖုံးတပ္ထားတဲ့ ကေလး႐ုပ္တစ္႐ုပ္ကို
ကိုင္ေဆာင္ၿပီးေနာက္တစ္ႀကိမ္ေလွာင္ေျပာင္ခဲ့တာျဖစ္တယ္။





မာတီနက္ဇ္ရဲ႕လုပ္ရပ္ဟာ အတိုင္းအတာတစ္ခုထိေက်ာ္လြန္
သြားတယ္လို႔ ခံစားခဲ့ရတဲ့ေနာက္ ျပင္သစ္ဘက္က သူ႔ရဲ႕
အျပဳအမူနဲ႔ပက္သတ္လို႔တိုင္ၾကားမႈေတြျပဳလုပ္ခဲ့ပါတယ္။





အမ္ဘာပီကေတာ့ မာတီနက္ဇ္ရဲ႕လုပ္ရပ္ေတြကို အရမ္း
စိတ္ပ်က္ခဲ့သလို ရင့္က်က္တဲ့ပုံစံနဲ႔စတင္တုံ႔ျပန္ခဲ့တာျဖစ္တယ္။





ၿပီးခဲ့တဲ့လအတြင္း သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံမႈမွာ
ပီအက္စ္ဂ်ီၾကယ္ပြင့္က “ပြဲအၿပီးမွာ သူနဲ႔စကားေျပာခဲ့တယ္။
ငါ သူ႔ကိုဂုဏ္ျပဳေပးခဲ့တယ္။ သူ႔အတြက္ေတာ့ ဘဝပန္းတိုင္တစ္ခုပါ။





ငါ့အတြက္လည္းအတူတူပါပဲ၊ ဒါေပမဲ့ ငါရႈံးခဲ့တယ္။
အားကစားသမားေကာင္းတစ္ေယာက္ပီသဖို႔လိုပါတယ္။





ေအာင္ပြဲခံမႈေတြက ကြၽန္ေတာ့္အတြက္ျပႆနာမဟုတ္ပါဘူး၊
ဒီလိုအေသးအဖြဲကိစၥေတြအတြက္အခ်ိန္မျဖဳန္းခ်င္ပါဘူး” လို႔
တုံ႔ျပန္ခဲ့တာပါ။ ဒါေပမဲ့ လက္ရွိထြက္ေပၚလာတဲ့ပုံရိပ္အရေတာ့





အမ္ဘာပီဟာ မာတီနက္ဇ္ရဲ႕ပုံစံအတိုင္းလုပ္ခဲ့တယ္ဆိုတာအထင္အရွားျမင္ရမွာပါ။