
ယူနိုက်တက်အသင်းဟာ ကြာသပတေးညမှာကစားမယ့် ဘာစီလိုနာနဲ့





ယူရိုပါလိဂ်ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဆာဘစ်ဇာတို့ကို
ပွဲပယ်ကြောင့် ဆုံးရှုံးရဖို့ရှိနေပါတယ်။ အာဂျင်တီးနားကြယ်ပွင့် မာတီနက်ဇ်ဟာ





ယူနိုက်တက်နဲ့အတူပါဝင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေမှာ အဝါကတ်
၃ကြိမ်ထိခဲ့တာဖြစ်တယ်။ အိုမိုနီယာနဲ့ပွဲစဉ်အပါအဝင် ဆိုစီဒက်နဲ့
နှစ်ကျော့စလုံးမှာ အဝါကတ်ထိခဲ့တဲ့ မာတီနက်ဇ်အနေနဲ့ ယူအီးအက်ဖ်အေ





ချမှတ်ထားတဲ့ စည်းမျဉ်းအရ တစ်ပွဲပယ်ခံရမှာဖြစ်ပါတယ်။
ဒါကြောင့် တန်ဟတ်အနေနဲ့ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသလို





လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ မာတီနက်ဇ်ကို ပွဲထွက်လူစာရင်းက
ချန်လှပ်ခဲ့ပြီး ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ လုခ်ရှောကို စမ်းသပ်
အသုံးပြုခဲ့တာဖြစ်နိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်နဲ့





ခေါ်ယူထားတဲ့ သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာကတော့
ယူနိုက်တက်အတွက် ဥရောပပွဲစဉ်မကစားရသေးဘူးဆိုပေမဲ့





ဂျာမန်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဝင်ရောက်ကစားထားသူဖြစ်တယ်။
ဆာဘစ်ဇာဟာ ဘာစီလိုနာကို ၂-၀ နဲ့အနိုင်ရတဲ့ပွဲစဉ်၊ ပလာဇန်ကို
၄-၂ နဲ့အနိုင်ရတဲ့ပွဲစဉ်နဲ့ အင်တာမီလန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်





အုပ်စုပွဲစဉ်တွေမှာ တစ်ဝါစီထိခဲ့တာတာကြောင့် အဝါကတ် ၃ကြိမ်
ပြည့်သွားပါတယ်။ ယူအီးအက်ဖ်အေချမှတ်ထားတဲ့ စည်းမျဉ်းတွေဟာ





ဥရောပပြိုင်ပွဲတွေအားလုံးအတွက်အကြုံးဝင်တာကြောင့် ဆာဘစ်ဇာဟာ
ဘာစီလိုနာနဲ့ ပထမအကျော့ပွဲကိုလွဲချော်ရတော့မှာပါ။ ဆာဘစ်ဇာမပါတဲ့
ကွင်းလယ်ကိုတော့ ကက်စ်မီရိုနဲ့ ဖရက်ဒ်တို့ ဘရာဇီးအတွဲက





ဦးဆောင်ကစားဖို့ရှိနေတာဖြစ်တယ်။ သရဲနီတွေဟာ ပထမအကျော့ပွဲစဉ်ကို
နူးကမ့်မှာသွားရောက်ကစားရမှာဖြစ်ပြီး ဘာစီလိုနာဘက်မှာတော့





အသင်းခေါင်းဆောင် ဆာဂျီယိုဘက်စ်ကွက်ဟာ လာမယ့်ပွဲစဉ်ကိုလွဲချော်ရဖို့ရှိနေပါတယ်။
zawgyi
မာတီနက္ဇ္နဲ႔ ဆာဘစ္ဇာမပါဘဲ ဘာစီလိုနာကို ရင္ဆိုင္ရမယ့္ ယူႏိုက္တက္





ယူႏိုက္တက္အသင္းဟာ ၾကာသပေတးညမွာကစားမယ့္ ဘာစီလိုနာနဲ႔
ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အဓိက ကစားသမားေတြျဖစ္တဲ့ မာတီနက္ဇ္နဲ႔ ဆာဘစ္ဇာတို႔ကို





ပြဲပယ္ေၾကာင့္ ဆုံးရႈံးရဖို႔ရွိေနပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ မာတီနက္ဇ္ဟာ
ယူႏိုက္တက္နဲ႔အတူပါဝင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္ေတြမွာ အဝါကတ္
၃ႀကိမ္ထိခဲ့တာျဖစ္တယ္။ အိုမိုနီယာနဲ႔ပြဲစဥ္အပါအဝင္ ဆိုစီဒက္နဲ႔





ႏွစ္ေက်ာ့စလုံးမွာ အဝါကတ္ထိခဲ့တဲ့ မာတီနက္ဇ္အေနနဲ႔ ယူအီးအက္ဖ္ေအ
ခ်မွတ္ထားတဲ့ စည္းမ်ဥ္းအရ တစ္ပြဲပယ္ခံရမွာျဖစ္ပါတယ္။





ဒါေၾကာင့္ တန္ဟတ္အေနနဲ႔ပြဲမဝင္ခင္အျပင္က က်င္းပဆိုသလို
လိဒ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ မာတီနက္ဇ္ကို ပြဲထြက္လူစာရင္းက
ခ်န္လွပ္ခဲ့ၿပီး ဗဟိုခံစစ္မွာ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာကို စမ္းသပ္





အသုံးျပဳခဲ့တာျဖစ္ႏိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကေန အငွားစာခ်ဳပ္နဲ႔
ေခၚယူထားတဲ့ ၾသစႀတီးယားကြင္းလယ္လူ ဆာဘစ္ဇာကေတာ့





ယူႏိုက္တက္အတြက္ ဥေရာပပြဲစဥ္မကစားရေသးဘူးဆိုေပမဲ့
ဂ်ာမန္ကလပ္နဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ေရာက္ကစားထားသူျဖစ္တယ္။
ဆာဘစ္ဇာဟာ ဘာစီလိုနာကို ၂-၀ နဲ႔အႏိုင္ရတဲ့ပြဲစဥ္၊ ပလာဇန္ကို





၄-၂ နဲ႔အႏိုင္ရတဲ့ပြဲစဥ္နဲ႔ အင္တာမီလန္ကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္
အုပ္စုပြဲစဥ္ေတြမွာ တစ္ဝါစီထိခဲ့တာတာေၾကာင့္ အဝါကတ္ ၃ႀကိမ္





ျပည့္သြားပါတယ္။ ယူအီးအက္ဖ္ေအခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြဟာ
ဥေရာပၿပိဳင္ပြဲေတြအားလုံးအတြက္အႀကဳံးဝင္တာေၾကာင့္ ဆာဘစ္ဇာဟာ
ဘာစီလိုနာနဲ႔ ပထမအေက်ာ့ပြဲကိုလြဲေခ်ာ္ရေတာ့မွာပါ။ ဆာဘစ္ဇာမပါတဲ့





ကြင္းလယ္ကိုေတာ့ ကက္စ္မီ႐ိုနဲ႔ ဖရက္ဒ္တို႔ ဘရာဇီးအတြဲက
ဦးေဆာင္ကစားဖို႔ရွိေနတာျဖစ္တယ္။ သရဲနီေတြဟာ ပထမအေက်ာ့ပြဲစဥ္ကို





ႏူးကမ့္မွာသြားေရာက္ကစားရမွာျဖစ္ၿပီး ဘာစီလိုနာဘက္မွာေတာ့
အသင္းေခါင္းေဆာင္ ဆာဂ်ီယိုဘက္စ္ကြက္ဟာ လာမယ့္ပြဲစဥ္ကိုလြဲေခ်ာ္ရဖို႔ရွိေနပါတယ္။