မာတာကိုစပိန်သို့ပြန်ခေါ်ရန်စိတ်အားထက်သန်နေတဲ့ ဆိုစီဒက်
ရီးရဲလ်ဆိုစီဒက်အသင်းဟာ ယူနိုက်တက်ရဲ့အမေ့ခံစတား ဟွမ်မာတာကို
ဇန်နဝါရီမှာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်သားဟာ
ယူနိုက်တက်အသင်းနဲ့ စာချုက်သက်တမ်းက ၆ လသာကျန်တော့တာဖြစ်ကာ
စာချုပ်သစ် မကမ်းလှမ်းတော့ဘူးလို့ ယေဘုယျဆိုနိုင်တာဖြစ်ပါတယ်။
မာတာဟာယူနိုက်တက်ပထမအသင်းမှာပုံမှန်ကစားခွင့်မရရှိလာခဲ့တာ
၂နှစ်ကျော်လာပြီဖြစ်ပြီးယခုရာသီတွင်ပရီးမီးယားလိဂ်တွင်
တစ်မိနစ်မျှပင်ကစားခွင့်မရရှိသေးပါဘူး။
ယခုအခါဆိုစီဒက်ဟာလာလီဂါနှင့်ဆယ်နှစ်ကြာဝေးကွာလာခဲ့ပြီဖြစ်တဲ့
မာတာကိုစပိန်သို့ပြန်ခေါ်ရန်စိတ်အားထက်သန်နေပါတယ်။
ဆိုစီဒက်ဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ
ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရယူလိုနေပါတယ်။
နည်းပြ အယ်လ်ဂူဆီကလည်း မာတာရဲ့အတွေ့အကြုံဟာ
အသင်းကိုအများကြီးအကူအညီဖြစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်ယာယီနည်းပြရန်းနစ်ခ်ကကိုဗစ်ကာလမှာ
ကစားသမားအင်အားတောင့်တင်းရန်လိုအပ်နေတာကြောင့်
မာတာကိုအလွယ်တကူတော့လက်လွှတ်ဖို့မရှိပါဘူး။
ဒါပေမဲ့ကစားသမားဘက်ကခြောက်လကျန်စာချုပ်ကိုနစ်နာကြေးမယူဘဲ
ဖျက်သိမ်းရန်ကြိုးပမ်းလာပါကအောင်မြင်လာဖို့ရှိပါတယ်။
ဆိုစီဒက်ဟာ မာတာကိုခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ အားပြိုင်ရဖွယ်
ရှိနေပါတယ်။ ဘာစီလိုနာဟာ မကြာသေးခင်တုန်းက မန်စီးတီးစတား
ဖာရန်တောရက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ၂၀၁၄ တုန်းက မာတာတစ်ယောက် ယူနိုက်တက်
မရောက်ခင်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ပါတယ်။
zawgyi