မာတစ် လက်ထိသွားတာကို လက်ထိဘောတောင်းလိုက်ပုံရတဲ့ မက်ဂွိုင်းယား

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ အဲဗာတန်ကို

၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကိုယ့်အသင်းဖော် လက်ထိသွားတာကို
လက်ထိဘောတောင်းတဲ့အနေအထား တွေ့မြင်ခဲ့ရပါတယ်။
ပထမပိုင်းမှာ အဲဗာတန်တိုက်စစ်မှူး အန်တိုနီဂေါ်ဒွန် ခေါင်းတိုက်လိုက်တာ
ယူနိုက်တက်ကွင်းလယ်လူ မာတစ်ရဲ့ လက်နဲ့ထိသွားပြီး
မက်ဂွိုင်းယားလည်း သူ့အသင်းဖော် လက်နဲ့ထိသွားတာကို

လက်ထိဘော ပေးဖို့ တောင်းလိုက်တာဖြစ်ပုံရပါတယ်။
မက်ဂွိုင်းယားဟာ ဒိုင်လူကြီး သိသွားအောင်
လက်ထောင်ပြီး လက်နဲ့ထိသွားတယ်ဆိုတဲ့အကြောင်း
အသိပေးလိုက်တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ အဲဗာတန်အသင်း

သွင်းသွားတဲ့ဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့ပြီး
ဂေါ်ဒွန်ရဲ့ ကန်သွင်းချက်က သူနဲ့ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။
အဲဒီပွဲအရှုံးကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်
ရဖို့ ပိုမိုအခြေအနေဆိုးသွားပြီး နောက်ဆုံး ၅ပွဲမှာ
၄ပွဲအထိ အမှတ်တွေ လျော့ကျခဲ့ရပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဝက်ဖို့ဒ်၊ လက်စတာတို့နဲ့
သရေကျခဲ့သလို လွန်ခဲ့တဲ့လကလည်း မြို့ခံပြိုင်ဘက်
မန်စီးတီးကို အရေးနိမ့်ခဲ့ပါသေးတယ်။
အဲဗာတန်က အဆင့် ၁၇ နေရာမှာ ဆက်လက်
ရပ်တည်နေရပေမယ့် ယူနိုက်တက်ကို အနိုင်ရခဲ့လို့

အဆင့် ၁၈ နေရာက ဘန်လေကို ၄ မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။

Zawgyi

မာတစ္ လက္ထိသြားတာကို လက္ထိေဘာေတာင္းလုိက္ပုံရတဲ့ မက္ဂြိဳင္းယား

ယူႏုိက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ အဲဗာတန္ကို
၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ကိုယ့္အသင္းေဖာ္ လက္ထိသြားတာကို
လက္ထိေဘာေတာင္းတဲ့အေနအထား ေတြ႕ျမင္ခဲ့ရပါတယ္။
ပထမပိုင္းမွာ အဲဗာတန္တိုက္စစ္မွဴး အန္တိုနီေဂၚဒြန္ ေခါင္းတိုက္လုိက္တာ
ယူႏုိက္တက္ကြင္းလယ္လူ မာတစ္ရဲ႕ လက္နဲ႔ထိသြားၿပီး

မက္ဂြိဳင္းယားလည္း သူ႕အသင္းေဖာ္ လက္နဲ႔ထိသြားတာကို
လက္ထိေဘာ ေပးဖို႔ ေတာင္းလုိက္တာျဖစ္ပုံရပါတယ္။
မက္ဂြိဳင္းယားဟာ ဒိုင္လူႀကီး သိသြားေအာင္
လက္ေထာင္ၿပီး လက္နဲ႔ထိသြားတယ္ဆုိတဲ့အေၾကာင္း
အသိေပးလုိက္တာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ အဲဗာတန္အသင္း
သြင္းသြားတဲ့ဂိုးမွာလည္း ပါ၀င္ပတ္သက္ခဲ့ၿပီး
ေဂၚဒြန္ရဲ႕ ကန္သြင္းခ်က္က သူနဲ႔ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာပါ။
အဲဒီပဲြအရံႈးေၾကာင့္ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္
ရဖို႔ ပိုမိုအေျခအေနဆိုးသြားၿပီး ေနာက္ဆုံး ၅ပြဲမွာ

၄ပဲြအထိ အမွတ္ေတြ ေလ်ာ့က်ခဲ့ရပါတယ္။
ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ၀က္ဖို႔ဒ္၊ လက္စတာတုိ႔နဲ႔
သေရက်ခဲ့သလုိ လြန္ခဲ့တဲ့လကလည္း ၿမိဳ႕ခံၿပိဳင္ဘက္
မန္စီးတီးကို အေရးနိမ့္ခဲ့ပါေသးတယ္။
အဲဗာတန္က အဆင့္ ၁၇ ေနရာမွာ ဆက္လက္

ရပ္တည္ေနရေပမယ့္ ယူႏုိက္တက္ကို အႏိုင္ရခဲ့လုိ႔
အဆင့္ ၁၈ ေနရာက ဘန္ေလကို ၄ မွတ္အထိ ျဖတ္ႏိုင္ခဲ့ပါတယ္။