မာတစ် ခေါင်းပုတ်လိုက်ပြီးနောက် ဘာလဲဟဆိုတဲ့အထာနဲ့ ပြန်လှည့်ကြည့်ခဲ့တဲ့ ဟန်ဒါဆန်ရဲ့အပြုအမူကို ပရိသတ်တွေ သဘောကျနေ

အင်တာမီလန်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့

ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်
ပျော်စေပြက်စေသဘောမျိုးနဲ့ အရန်ကစားသမား
မာတစ်က လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို
ခေါင်းပုတ်လိုက်တဲ့အပေါ် နည်းနည်းပြင်းသွားတဲ့အတွက်
ဘာအထာလဲဆိုတဲ့သဘောမျိုးနဲ့ ဟန်ဒါဆန်

ပြန်လှည့်ကြည့်တဲ့အပြုအမူကို တွစ်တာမှာ
ပရိသတ်တွေ သဘောအကျကြီးကျနေပါတယ်။


လီဗာပူးဟာ ဒုတိယပိုင်းရောက်မှ ဖာမီနိုရဲ့

ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့တာဖြစ်ပြီး
ကွင်းဘေးစည်းနားမှာ အသင်းသားတွေ
အောင်ပွဲခံနေစဉ် စည်းနားမှာရှိတဲ့ မာတစ်က
အောင်ပွဲခံတဲ့အနေနဲ့ ဒီယက်ဇ်နဲ့ ဟန်ဒါဆန်တို့ကို
ခေါင်းပုတ်လိုက်တာဖြစ်ပါတယ်။

အဲဒီမှာ နည်းနည်းပြင်းသွားပုံရလို့ ဟန်ဒါဆန်လည်း
ဘာအထာလဲဟဆိုတဲ့ပုံစံနဲ့ အနောက်မှာ
ရှိနေတဲ့ မာတစ်ကို ပြန်ကြည့်လိုက်တာဖြစ်ပါတယ်။
အဲဒီနောက် ဆာလာက လီဗာပူးအတွက်
ဒုတိယမြောက်ဂိုးသွင်းနိုင်ခဲ့ပြီးနောက်

လီဗာပူးလည်း ၃ပတ်အလွန် အိမ်ကွင်းမှာ
ကစားရမယ့် ဒု-အကျော့ပွဲစဉ်အတွက် အသာရသွားပါတယ်။


အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တွစ်တာမှာ

ပရိသတ်တွေလည်း သတိထားမိသွားပြီး
အသီးသီး မှတ်ချက်ရေးသားခဲ့ကြပါတယ်။
”ဘူသွားတဲ့ ဟန်ဒိုရဲ့မျက်နှာကို ကြည့်လိုက်ဦး။
ဒါဆိုရင် အားလုံးရှင်းသွားလိမ့်မယ်။”
”မာတစ်က တကယ့်လူရွှင်တော်ပဲ”

”ဒီဖြစ်ရပ်ကို ပြန်ကြည့်တာ ၅ခါတောင်ရှိနေပြီ။
ရယ်ရလွန်းလို့ ပါးစပ်တောင် ပိတ်မရတော့ဘူး”
”ဟန်ဒိုတော့ နည်းနည်းနှာတင်းသွားပြီ”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။