မာတင်နယ်လီကို ရွေးခဲ့တဲ့အပေါ် နေမာသေချာပေါက်အံ့အားသင့်ခဲ့တယ်လို့ ပရိသတ်တွေယုံကြည်နေ

ပြီးခဲ့တဲ့တနင်္လာနေ့လည်ပိုင်းမှာတော့ ဘရာဇီးနည်းပြတစ်တီဟာ ကာတာကမ္ဘာ့ဖလား လိုက်ပါခွင့်ရမယ့် ကစားသမား ၂၆ ယောက်စာရင်းကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

နည်းပြရဲ့လူရွေးချယ်မှုကို ဘရာဇီးကစားသမားတွေအားလုံ းရုပ်သံကနေစောင့်ကြည့်ကြပြီး မာတင်နယ်လီပါဝင်လာချိန်မှာတော့ နေမာကအံ့အားသင့်တဲ့

အမူအယာပြသတာကို ပရိသတ်တွေကရိပ်မိခဲ့ပါတယ်။ ဒီစာရင်းထဲမှာ မန်ယူရဲ့အန်တိုနီ၊ နယူးကာဆယ်ရဲ့ဘရူနိုဂွီမာရက်စ်တို့ပါဝင်ခဲ့ပြီး နေမာဟာသူ့နာမည်အလှည့်ရောက်ဖို့

သည်းခံစောင့်ဆိုင်းခဲ့ပေမဲ့ ဂျီဆပ်စ်ပြီးနောက် မာတင်နယ်လီတို့ကိုရွေးချယ်လိုက်တဲ့အချိန်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ တုံ့ပြန်ပုံကသိပ်မကောင်းခဲ့ပါဘူး။

ခဏအကြာမှာတော့ @afcstuff တွစ်တာအကောင့်ပိုင်ရှင်က မာတင်နယ်လီ နာမည်ခေါ်လိုက်ချိန်နဲ့ပတ်သတ်လို့ “ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဘရာဇီးအသင်းလူစာရင်းထဲ

မာတင်နယ်လီပါဝင်လာချိန်မှာ အိုင်ဒေါ ကစားသမားနေမာက အံ့အားသင့်တဲ့ပုံစံမျိုးတုံ့ပြန်ခဲ့တယ်” လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့

“ဂျီဆပ်စ်အတွက်အလွန်ပျော်နေပြီး မာတင်နယ်လီအတွက်အံ့အားသင့်သွားတယ်လို့ပြောနိုင်ပါတယ်” လို့ရေးသားခဲ့ပါ တယ်။ တတိယတစ်ယောက်ကတော့

“မာတင်နယ်လီအခေါ်ခံရတာကို နေမာအံ့အားသင့်မိခဲ့ပေမဲ့ ကင်မရာရှေ့ရှိနေမှန်းသိလို့ ခံစားချက်ကို ဖုံးကွယ်ဖို့ဆုံး ဖြတ်ခဲ့တာပါ။

နေမာ ကာတာပါသွားမယ်ဆိုတာ ဒီအခန်းထဲမှာရှိတဲ့လူတိုင်းသိပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ နည်းပြတစ်တီ လူစာရင်းကိုမကြေညာခင်မှာ

ဘရာဇီးဂျာနယ်လစ် ဘရူနိုအန်ဒရာဒီက ၂၆ ယောက်ပါလူစာရင်းကို အစောဆုံးချပြခဲ့ပြီး ဒီစာရင်းထဲမှာတော့ မာတင်နယ်လီမပါဝင်ခဲ့ပဲ

ဖာမီနိုကိုထည့်သွင်းထားတာဖြစ်တယ်။ တကယ်တမ်းထုတ်ပြန်ကြေညာချိန်မှာတော့ ဖာမီနိုချန်လှပ်ခံရပြီး အသက် ၂၁နှစ်အရွယ် မာတင်နယ်လီကအရွေးခံခဲ့ရတာဖြစ်တယ်။

(Zawgyi)

မာတင္နယ္လီကို ေ႐ြးခဲ့တဲ့အေပၚ ေနမာေသခ်ာေပါက္အံ့အားသင့္ခဲ့တယ္လို႔ ပရိသတ္ေတြယုံၾကည္ေန

ၿပီးခဲ့တဲ့တနလၤာေန႔လည္ပိုင္းမွာေတာ့ ဘရာဇီးနည္းျပတစ္တီဟာ ကာတာကမာၻ႔ဖလား လိုက္ပါခြင့္ရမယ့္ ကစားသမား ၂၆ ေယာက္စာရင္းကိုတရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

နည္းျပရဲ႕လူေ႐ြးခ်ယ္မႈကို ဘရာဇီးကစားသမားေတြအားလုံ း႐ုပ္သံကေနေစာင့္ၾကည့္ၾကၿပီး မာတင္နယ္လီပါဝင္လာခ်ိန္မွာေတာ့ ေနမာကအံ့အားသင့္တဲ့အမူအယာျပသတာကို

ပရိသတ္ေတြကရိပ္မိခဲ့ပါတယ္။ ဒီစာရင္းထဲမွာ မန္ယူရဲ႕အန္တိုနီ၊ နယူးကာဆယ္ရဲ႕ဘ႐ူႏိုဂြီမာရက္စ္တို႔ပါဝင္ခဲ့ၿပီး ေနမာဟာသူ႔နာမည္အလွည့္ေရာက္ဖို႔ သည္းခံေစာင့္ဆိုင္းခဲ့ေပမဲ့

ဂ်ီဆပ္စ္ၿပီးေနာက္ မာတင္နယ္လီတို႔ကိုေ႐ြးခ်ယ္လိုက္တဲ့အခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ တုံ႔ျပန္ပုံကသိပ္မေကာင္းခဲ့ပါဘူး။ ခဏအၾကာမွာေတာ့ @afcstuff တြစ္တာအေကာင့္ပိုင္ရွင္က

မာတင္နယ္လီနာမည္ေခၚလိုက္ခ်ိန္နဲ႔ပတ္သတ္လို႔ “ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဘရာဇီးအသင္းလူစာရင္းထဲ မာတင္နယ္လီပါဝင္လာခ်ိန္မွာ အိုင္ေဒါ ကစားသမားေနမာက အံ့အားသင့္တဲ့ပုံစံမ်ိဳးတုံ႔ျပန္ခဲ့တယ္” လို႔ မွတ္ခ်က္ ေပးခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ “ဂ်ီဆပ္စ္အတြက္အလြန္ေပ်ာ္ေနၿပီး မာတင္နယ္လီအတြက္အံ့အားသင့္သြားတယ္လို႔ေျပာႏိုင္ပါတယ္” လို႔ေရးသားခဲ့ပါ တယ္။ တတိယတစ္ေယာက္ကေတာ့

“မာတင္နယ္လီအေခၚခံရတာကို ေနမာအံ့အားသင့္မိခဲ့ေပမဲ့ ကင္မရာေရွ႕ရွိေနမွန္းသိလို႔ ခံစားခ်က္ကိုဖုံးကြယ္ဖို႔ဆုံး ျဖတ္ခဲ့တာပါ။ ေနမာ ကာတာပါသြားမယ္ဆိုတာ

ဒီအခန္းထဲမွာရွိတဲ့လူတိုင္းသိပါတယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ နည္းျပတစ္တီ လူစာရင္းကိုမေၾကညာခင္မွာ ဘရာဇီးဂ်ာနယ္လစ္

ဘ႐ူႏိုအန္ဒရာဒီက ၂၆ေယာက္ပါလူစာရင္းကိုအေစာဆုံးခ်ျပခဲ့ၿပီး ဒီစာရင္းထဲမွာေတာ့ မာတင္နယ္လီမပါဝင္ခဲ့ပဲ

ဖာမီႏိုကိုထည့္သြင္းထားတာျဖစ္တယ္။ တကယ္တမ္းထုတ္ျပန္ေၾကညာခ်ိန္မွာေတာ့ ဖာမီႏိုခ်န္လွပ္ခံရၿပီး အသက္ ၂၁ႏွစ္အ႐ြယ္ မာတင္နယ္လီကအေ႐ြးခံခဲ့ရတာျဖစ္တယ္။