မာဆူယာခူရဲ့သွင်းဂိုးက ကန်သွင်းလိုက်တာလား၊ ဖြတ်တင်ဘောပေးပို့တာလား

ချဲလ်ဆီးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲမှာ ဝက်စ်ဟမ်းနောက်ခံလူ

မာဆူယာခူရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ကန်သွင်းလိုက်တာလား၊

ဖြတ်တင်ဘောပေးပို့တာလားဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေရှိနေပါတယ်။

မာဆူယာခူဟာ ပထမပိုင်းပြီးကာနီးလေးမှာ ဒဏ်ရာရသွားတဲ့

ဘင်ဂျွန်ဆင်အစား လူစားဝင်လာခဲ့သူဖြစ်ပါတယ်။

ဒီပွဲမှာလန်ဇီနီက သီယာဂိုးဆေးလ်ဗားရဲ့ဦးဆောင်မှုကို ပင်နယ်တီကနေတစ်ဆင့်

ချေပခဲ့ပြီး မေဆန်မောင့်သွင်းခဲ့တဲ့ဂိုးကိုတော့ ဂျာရော့ဒ်ဘိုဝင်က

ချေပခဲ့ရလို့ ၂ ကြိမ်တိုင်တိုင်နောက်ကလိုက်ကစားခဲ့ရတာပါ။

ဒါပေမယ့် ၈၇ မိနစ်မှာ ချဲလ်ဆီးအသင်းရဲ့ကွင်း ဘယ်ဘက်အခြမ်းကနေပြီးတော့

မာဆူယာခူရဲ့ကန်ချက်ဟာ အနည်းငယ်ဝေ့ပြီး ပြိုင်ဘက်ဂိုးသမား မန်ဒီရဲ့

အနီးဂိုးတိုင်ဘက်ကိုဝင်သွားခဲ့လို့ အနိုင်ဂိုးရရှိသွားပါတယ်။

ဒီဂိုးဟာမထင်မှတ်ဘဲဝင်သွားတာဖြစ်လို့ မာဆူယာခူတစ်ယောက်

ကန်သွင်းတာလား ဖြတ်တင်ဘောပို့လိုက်တာလားဆိုတာ အငြင်းပွားနေကြတာပါ။

ပွဲအပြီးမှာ မာဆူယာခူကတော့ ဖြတ်တင်ဘောပေးပို့တာဖြစ်နိုင်ကြောင်း

အရိပ်အမြွက်ပြောသွားပါတယ်။

သူ့ရဲ့တွစ်တာကနေတစ်ဆင့်” ဖြတ်တင်ဘောလား၊ ကန်သွင်းတာလား။

ကျွန်တော်လည်းခင်ဗျားတို့လိုဘဲအံ့အားသင့်နေပါတယ်” လို့ပြောသွားပါတယ်။

ဒီပွဲမှာခြေစွမ်းပြခဲ့တဲ့ ဘိုဝင်ကလည်း” သူကတော့ခင်ဗျားကို

ကန်သွင်းလိုက်တာလို့ ပြောလိမ့်မယ်။ ဂိုးတော့ဝင်သွားတာဘဲ။

တစ်ခါတလေကျတော့လည်း ကံတရားကဖေးမတာပေါ့။ သူကန်သွင်းတယ်ပြောလည်း

ကျွန်တော်တို့ကတော့ ၃ မှတ်ရလို့ ဆူညံပျော်ရွှင်နေရပါတယ်” လို့ပြောသွားပါတယ်။

နည်းပြဒေးဗစ်မိုယက်စ်ကလည်း ဒါဟာသိပ်ကောင်းလွန်းတဲ့ဖြတ်တင်ဘောဖြစ်ခဲ့တယ်လို့

မာဆူယာခူကိုပြောခဲ့ကြောင်း ပွဲအပြီးမှာဖွင့်ဟသွားပါတယ်။

zawgyi

မာဆူယာခူရဲ႕သြင္းဂိုးက ကန္သြင္းလိုက္တာလား၊ ျဖတ္တင္ေဘာေပးပို႔တာလား

ခ်ဲလ္ဆီးကို ၃-၂ နဲ႔အႏိုင္ရခဲ့တဲ့ အိမ္ကြင္းပြဲမွာ ဝက္စ္ဟမ္းေနာက္ခံလူ

မာဆူယာခူရဲ႕သြင္းဂိုးနဲ႔ပတ္သက္ၿပီး ကန္သြင္းလိုက္တာလား၊

ျဖတ္တင္ေဘာေပးပို႔တာလားဆိုတာနဲ႔ပတ္သက္ၿပီး အျငင္းပြားစရာေတြရွိေနပါတယ္။

မာဆူယာခူဟာ ပထမပိုင္းၿပီးကာနီးေလးမွာ ဒဏ္ရာရသြားတဲ့

ဘင္ဂြၽန္ဆင္အစား လူစားဝင္လာခဲ့သူျဖစ္ပါတယ္။

ဒီပြဲမွာလန္ဇီနီက သီယာဂိုးေဆးလ္ဗားရဲ႕ဦးေဆာင္မႈကို ပင္နယ္တီကေနတစ္ဆင့္

ေခ်ပခဲ့ၿပီး ေမဆန္ေမာင့္သြင္းခဲ့တဲ့ဂိုးကိုေတာ့ ဂ်ာေရာ့ဒ္ဘိုဝင္က

ေခ်ပခဲ့ရလို႔ ၂ ႀကိမ္တိုင္တိုင္ေနာက္ကလိုက္ကစားခဲ့ရတာပါ။

ဒါေပမယ့္ ၈၇ မိနစ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ကြင္း ဘယ္ဘက္အျခမ္းကေနၿပီးေတာ့

မာဆူယာခူရဲ႕ကန္ခ်က္ဟာ အနည္းငယ္ေဝ့ၿပီး ၿပိဳင္ဘက္ဂိုးသမား မန္ဒီရဲ႕

အနီးဂိုးတိုင္ဘက္ကိုဝင္သြားခဲ့လို႔ အႏိုင္ဂိုးရရွိသြားပါတယ္။

ဒီဂိုးဟာမထင္မွတ္ဘဲဝင္သြားတာျဖစ္လို႔ မာဆူယာခူတစ္ေယာက္

ကန္သြင္းတာလား ျဖတ္တင္ေဘာပို႔လိုက္တာလားဆိုတာ အျငင္းပြားေနၾကတာပါ။

ပြဲအၿပီးမွာ မာဆူယာခူကေတာ့ ျဖတ္တင္ေဘာေပးပို႔တာျဖစ္ႏိုင္ေၾကာင္း

အရိပ္အႁမြက္ေျပာသြားပါတယ္။

သူ႔ရဲ႕တြစ္တာကေနတစ္ဆင့္” ျဖတ္တင္ေဘာလား၊ ကန္သြင္းတာလား။

ကြၽန္ေတာ္လည္းခင္ဗ်ားတို႔လိုဘဲအံ့အားသင့္ေနပါတယ္” လို႔ေျပာသြားပါတယ္။

ဒီပြဲမွာေျခစြမ္းျပခဲ့တဲ့ ဘိုဝင္ကလည္း” သူကေတာ့ခင္ဗ်ားကို

ကန္သြင္းလိုက္တာလို႔ ေျပာလိမ့္မယ္။ ဂိုးေတာ့ဝင္သြားတာဘဲ။

တစ္ခါတေလက်ေတာ့လည္း ကံတရားကေဖးမတာေပါ့။ သူကန္သြင္းတယ္ေျပာလည္း

ကြၽန္ေတာ္တို႔ကေတာ့ ၃ မွတ္ရလို႔ ဆူညံေပ်ာ္႐ႊင္ေနရပါတယ္” လို႔ေျပာသြားပါတယ္။

နည္းျပေဒးဗစ္မိုယက္စ္ကလည္း ဒါဟာသိပ္ေကာင္းလြန္းတဲ့ျဖတ္တင္ေဘာျဖစ္ခဲ့တယ္လို႔

မာဆူယာခူကိုေျပာခဲ့ေၾကာင္း ပြဲအၿပီးမွာဖြင့္ဟသြားပါတယ္။