မာစီယဲလ် ထွက်သွားလည်း ဂရုစိုက်စရာမလိုဘူး အီလန်ဂါရှိတယ်ဆိုတဲ့ ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမားမာစီယဲလ်ဟာ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး

ယာယီနည်းပြရန်နစ်ခ်က မာစီယဲလ်ရဲ့နေရာအစားထိုးနိုင်မယ့်

လူငယ်ကစားသမားလေးတစ်ဦးကို ရှာဖွေတွေ့ရှိထားပြီဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ဒီရာသီမှာ

စုစုပေါင်း(၁၀)ပွဲသာကစားခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်နေပြီး

အသင်းကနေထွက်ခွာတော့မယ်လို့ အေးဂျင့်ကနေတစ်ဆင့်

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို အသိပေးထားပါတယ်။

ရန်နစ်ခ်ကတော့ မာစီယဲလ် အသင်းနဲ့လမ်းခွဲမှာကို မစိုးရိမ်ဘဲ

လူငယ်တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ အီလန်ဂါဟာ မာစီယဲလ်ရဲ့နေရာကို

အပြည့်အဝအစားဝင်နိုင်မယ့်သူအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ အီလန်ဂါဟာ ရန်နစ်ခ်မတိုင်ခင်

ဆိုးလ်ရှား၊ ကာရစ်တို့လက်ထက်မှာ စီနီယာအသင်းအတွက်

တစ်ပွဲမှကစားခွင့်မရခဲ့ဘဲ ရန်နစ်ခ်က ပွဲဦးထွက်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာ

အီလန်ဂါကို ရဲရဲဝံ့ဝံ့အသုံးပြုခဲ့သလို ယန်းဘွိုင်းစ်နဲ့ချန်ပီယံလိဂ်ပွဲမှာလည်း

ပွဲထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။

နည်းပြဟောင်းဆိုးလ်ရှားလက်ထက်

၂၀၂၀-၂၁ ရာသီက ပြီးခဲ့တဲ့မေလအတွင်း လက်စတာနဲ့ကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက်

ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့တဲ့ အီလန်ဂါဟာ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့

ဝုလ်ဗ်နဲ့ပွဲမှာ ပွဲအစ(၁၃)မိနစ်မှာပဲ ယူနိုက်တက်ကစားသမားဘဝ

ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မာစီယဲလ်ဟာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် (၂၆၈)ပွဲကစား၊

(၇၉)ဂိုးသွင်းယူခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ

ပုံမှန်ခြေစွမ်းမပြနိုင်တော့တာကြောင့် သူမရှိတော့ရင်

ရန်နစ်ခ်က အီလန်ဂါကို ပွဲထွက်ခွင့်ပိုပေးသွားဖို့ရှိနေပါပြီ။

zawgyi

မာစီယဲလ္ ထြက္သြားလည္း ဂ႐ုစိုက္စရာမလိုဘူး အီလန္ဂါရွိတယ္ဆိုတဲ့ ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္ေတာင္ပံတိုက္စစ္ကစားသမားမာစီယဲလ္ဟာ

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း အသင္းနဲ႔လမ္းခြဲဖို႔ရွိေနၿပီး

ယာယီနည္းျပရန္နစ္ခ္က မာစီယဲလ္ရဲ႕ေနရာအစားထိုးႏိုင္မယ့္

လူငယ္ကစားသမားေလးတစ္ဦးကို ရွာေဖြေတြ႕ရွိထားၿပီျဖစ္ပါတယ္။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ဒီရာသီမွာ

စုစုေပါင္း(၁၀)ပြဲသာကစားခဲ့ရတဲ့အတြက္ မေက်မနပ္ျဖစ္ေနၿပီး

အသင္းကေနထြက္ခြာေတာ့မယ္လို႔ ေအးဂ်င့္ကေနတစ္ဆင့္

ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို အသိေပးထားပါတယ္။

ရန္နစ္ခ္ကေတာ့ မာစီယဲလ္ အသင္းနဲ႔လမ္းခြဲမွာကို မစိုးရိမ္ဘဲ

လူငယ္ေတာင္ပံတိုက္စစ္ကစားသမားျဖစ္တဲ့ အီလန္ဂါဟာ မာစီယဲလ္ရဲ႕ေနရာကို

အျပည့္အဝအစားဝင္ႏိုင္မယ့္သူအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အီလန္ဂါဟာ ရန္နစ္ခ္မတိုင္ခင္

ဆိုးလ္ရွား၊ ကာရစ္တို႔လက္ထက္မွာ စီနီယာအသင္းအတြက္

တစ္ပြဲမွကစားခြင့္မရခဲ့ဘဲ ရန္နစ္ခ္က ပြဲဦးထြက္ျဖစ္တဲ့ ပဲေလ့စ္နဲ႔ပြဲမွာ

အီလန္ဂါကို ရဲရဲဝံ့ဝံ့အသုံးျပဳခဲ့သလို ယန္းဘြိဳင္းစ္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာလည္း

ပြဲထြက္အျဖစ္ အသုံးျပဳခဲ့ပါတယ္။ နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္

၂၀၂၀-၂၁ ရာသီက ၿပီးခဲ့တဲ့ေမလအတြင္း လက္စတာနဲ႔ကစားခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္စီနီယာအသင္းအတြက္

ပထမဆုံးအႀကိမ္ပြဲထြက္ခြင့္ရခဲ့တဲ့ အီလန္ဂါဟာ ရာသီပိတ္ပြဲစဥ္ျဖစ္တဲ့

ဝုလ္ဗ္နဲ႔ပြဲမွာ ပြဲအစ(၁၃)မိနစ္မွာပဲ ယူႏိုက္တက္ကစားသမားဘဝ

ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မာစီယဲလ္ဟာ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ (၂၆၈)ပြဲကစား၊

(၇၉)ဂိုးသြင္းယူခဲ့ေပမယ့္ အခုေနာက္ပိုင္းႏွစ္ေတြမွာ

ပုံမွန္ေျခစြမ္းမျပႏိုင္ေတာ့တာေၾကာင့္ သူမရွိေတာ့ရင္

ရန္နစ္ခ္က အီလန္ဂါကို ပြဲထြက္ခြင့္ပိုေပးသြားဖို႔ရွိေနပါၿပီ။