
ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ဘွန်ဒက်စ်လီဂါဂန္တဝင်တစ်ယောက်ကို





အိုးလ်ထရက်ဖို့ဒ်အရောက်ခေါ်ယူဖို့အတွက် အံ့မခန်းအပြောင်းအရွှေ့
တစ်ခုကိုကြံစည်နေပြီဖြစ်ပါတယ်။ မာကိုရူးစ်ရဲ့အေးဂျင့်တွေဟာ





မန်ချက်စတာဒါဘီပွဲစဉ်ကိုလာရောက်ကြည့်ရှုခဲ့ပြီးနောက်
ထင်ကြေးပေးမှုမြင့်တက်လာခဲ့သလို တကယ်တမ်းမှာလည်း
တန်ဟတ်ဟာ ဂျာမန်သားကိုခေါ်ယူဖို့အတွက်ဆွေးနွေးခဲ့တယ်လို့





နောက်ဆက်တွဲသတင်းတွေထွက်လာတာဖြစ်တယ်။
ယူနိုက်တက်ကိုအသစ်တဖန်ပြန်လည်တည်ဆောက်မှုတွေမှာ





တန်ဟတ်ကလုပ်နိုင်သမျှစွမ်းဆောင်ထားသလို လာမယ့်
နွေဈေးကွက်မှာ တိုက်စစ်ကိုအင်အားဖြည့်ဦးမယ်လို့သိရပါတယ်။
ဝက်စ်ဟော့ကို အငှားနဲ့ခေါ်ယူထားပေမဲ့ ဒါက ရေတိုစီမံကိန်း





ဖြစ်ဖို့ရှိနေပြီး နွေရာသီမှာတော့ တန်ဟတ်ဟာ မာကိုရူးစ်ကို
အပြီးသတ်ခေါ်ယူတော့မှာဖြစ်တယ်။ Caught Offside ကတစ်ဆင့်





ဂျာနယ်လစ် ခရစ္စတီယန်ဖလက်ခ်ရဲ့ အဆိုအရ ယူနိုက်တက်ဟာ
မာကိုရူးစ်ကို နွေဈေးကွက်မှာခေါ်ယူဖို့စဉ်းစားနေတယ်လို့
အတည်ပြုခဲ့တာပါ။ ဒေါ့တ်မန်ကြယ်ပွင့်ဟာ ရာသီကုန်မှာ





အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိမယ့် ကစားသမားတစ်ယောက်ဖြစ်ပြီး
သူ့ကိုအရှေ့အလယ်ပိုင်းကလပ်တွေကပါ ချိတ်ဆက်နေတာဖြစ်တယ်။





ဖလက်ခ်ကတော့ ယူနိုက်တက်ဟာ မာကိုရူးစ်အတွက်
ဥရောပမှာဆက်နေခွင့်အတွက် ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့
အခိုင်အမာဆိုခဲ့ပါတယ်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့





ဖလက်ခ်ရဲ့ အဆိုအရတော့ ယူနိုက်တက်နည်းပြတန်ဟတ်ဟာ
အသက် ၃၃နှစ်အရွယ် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့





တွေ့ဆုံထားပြီးဖြစ်တယ်လို့ အသိပေးလာတာပါ။
zawgyi
မာကို႐ူးစ္ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ တန္ဟတ္ေတြ႕ဆုံခဲ့ၿပီး ေခၚယူဖို႔စိတ္ဝင္စားတယ္လို႔ ေျပာဆိုခဲ့





ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ဘြန္ဒက္စ္လီဂါဂႏၲဝင္တစ္ေယာက္ကို
အိုးလ္ထရက္ဖို႔ဒ္အေရာက္ေခၚယူဖို႔အတြက္ အံ့မခန္းအေျပာင္းအေ႐ႊ႕





တစ္ခုကိုႀကံစည္ေနၿပီျဖစ္ပါတယ္။ မာကို႐ူးစ္ရဲ႕ေအးဂ်င့္ေတြဟာ
မန္ခ်က္စတာဒါဘီပြဲစဥ္ကိုလာေရာက္ၾကည့္ရႈခဲ့ၿပီးေနာက္
ထင္ေၾကးေပးမႈျမင့္တက္လာခဲ့သလို တကယ္တမ္းမွာလည္း





တန္ဟတ္ဟာ ဂ်ာမန္သားကိုေခၚယူဖို႔အတြက္ေဆြးေႏြးခဲ့တယ္လို႔
ေနာက္ဆက္တြဲသတင္းေတြထြက္လာတာျဖစ္တယ္။





ယူႏိုက္တက္ကိုအသစ္တဖန္ျပန္လည္တည္ေဆာက္မႈေတြမွာ
တန္ဟတ္ကလုပ္ႏိုင္သမွ်စြမ္းေဆာင္ထားသလို လာမယ့္
ေႏြေဈးကြက္မွာ တိုက္စစ္ကိုအင္အားျဖည့္ဦးမယ္လို႔သိရပါတယ္။





ဝက္စ္ေဟာ့ကို အငွားနဲ႔ေခၚယူထားေပမဲ့ ဒါက ေရတိုစီမံကိန္း
ျဖစ္ဖို႔ရွိေနၿပီး ေႏြရာသီမွာေတာ့ တန္ဟတ္ဟာ မာကို႐ူးစ္ကို





အၿပီးသတ္ေခၚယူေတာ့မွာျဖစ္တယ္။ Caught Offside ကတစ္ဆင့္
ဂ်ာနယ္လစ္ ခရစၥတီယန္ဖလက္ခ္ရဲ႕ အဆိုအရ ယူႏိုက္တက္ဟာ
မာကို႐ူးစ္ကို ေႏြေဈးကြက္မွာေခၚယူဖို႔စဥ္းစားေနတယ္လို႔





အတည္ျပဳခဲ့တာပါ။ ေဒါ့တ္မန္ၾကယ္ပြင့္ဟာ ရာသီကုန္မွာ
အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ရရွိမယ့္ ကစားသမားတစ္ေယာက္ျဖစ္ၿပီး





သူ႔ကိုအေရွ႕အလယ္ပိုင္းကလပ္ေတြကပါ ခ်ိတ္ဆက္ေနတာျဖစ္တယ္။
ဖလက္ခ္ကေတာ့ ယူႏိုက္တက္ဟာ မာကို႐ူးစ္အတြက္
ဥေရာပမွာဆက္ေနခြင့္အတြက္ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္တယ္လို႔





အခိုင္အမာဆိုခဲ့ပါတယ္။ ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့
ဖလက္ခ္ရဲ႕ အဆိုအရေတာ့ ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ





အသက္ ၃၃ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔
ေတြ႕ဆုံထားၿပီးျဖစ္တယ္လို႔ အသိေပးလာတာပါ။