မဟာပြိုင်ဘက် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မက်ဆီရဲ့ ဟောကိန်းက သွေးထွက်အောင် မှန်ခဲ့တယ်

ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ မဟာပြိုင်ဘက် ဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့တဲ့ မက်ဆီရဲ့ ပြော စကားတွေဟာ သွေးထွက်အောင်

မှန်နေခဲ့တယ်ဆိုတာကို လက်ရှိအချိန်က အကောင်းဆုံး သက်သေပြနေပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိနေတဲ့ စီ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအသင်းကို တစ်ကျော့ပြန်

ရောက်လာပြီးတဲ့နောက် အတိုင်းအတာ တစ်ခုအထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစား သမားပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပြိုင်ပွဲတစ် ရပ်ကို ကစားသမားဘ၀

အရွယ်ကျနေချိန်မှာ ပြန်ရောက်လာတာမျိုးဟာ ထင် သလောက်တော့ မလွယ်ကူနိုင်ဘူးလို့ မက်ဆီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ တုန်းက မှတ်ချက်ပြုခဲ့ဖူးပါတယ်။

‘’မန်ယူဟာ ထိပ်တန်းကစားသမားတွေရှိနေ တဲ့ တောင့်တင်းတဲ့ အသင်းကြီး တစ်သင်းပါ။ အသင်းအကြောင်းကိုလည်း ရော်နယ်ဒိုက သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ သူသိထားတာက ဟိုတုန်းက အဆင့်အတန်းမျိုးပါ။

အခုဆိုရင်တော့ သူက တကယ့်ကို မက်လောက်စရာ ခြေစွမ်းမျိုးနဲ့ကို အသားကျအောင် လုပ်ရမှာပါ။ အစပိုင်းမှာ ပုံမှန်အတိုင်း သူဂိုးတွေ သွင်း နိုင်တယ်။ နောက်ပြီး အသင်းနဲ့ အသားကျဖို့လည်း ဘာပြဿ နာမှမရှိဘူး။

ပရီးမီးယားလိဂ်ဆိုတာက ကျွန်တော်တို့ ထင်သလောက်တော့ မကောင်းပါဘူး။ ဒါ့အပြင် အရမ်းကိုလည်း ခက်ခဲပါတယ်။ အလှည့်အပြောင်းတွေ အရမ်းကို များလွန်းတဲ့ ပြိုင်ပွဲမျိုးပါ။ ဒီဇင်ဘာလပြီးရင် အပြောင်း

အလဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်’’ လို့ မက်ဆီက စီရော်နယ်ဒိုရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပြောခဲ့တာပါ။ အဲဒီပြောဆိုချက်ဟာ လက်ရှိမှာတော့ သွေးထွက်အောင်ကို

မှန်နေခဲ့ပြီး စီရော်နယ်ဒိုဟာ မန်ယူနဲ့အတူ ခြေစွမ်းမပြနိုင်သလို ပေါက်ကွဲအားကောင်းတဲ့ အင်တာဗျူး ပေါ်ထွက်လာခဲ့တဲ့ နောက်မှာတော့ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ရတဲ့အထိကို ရုပ်ပေါက်သွားခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီရာ သီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃ ဂိုးပဲ သွင်းနိုင်ခဲ့တဲ့ ကစားသမား ဖြစ်နေပါ တယ်။

(Zawgyi)

မဟာၿပိဳင္ဘက္ ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး မက္ဆီရဲ႕ ေဟာကိန္းက ေသြးထြက္ေအာင္ မွန္ခဲ့တယ္
ကမာၻ႔ေဘာလုံးဇာတ္ခုံေပၚမွာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ မဟာၿပိဳင္ဘက္ ျဖစ္ခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး ေဟာကိန္းထုတ္ခဲ့တဲ့ မက္ဆီရဲ႕ ေျပာ စကားေတြဟာ
ေသြးထြက္ေအာင္ မွန္ေနခဲ့တယ္ဆိုတာကို လက္ရွိအခ်ိန္က အေကာင္းဆုံး သက္ေသျပေနပါတယ္။ အသက္ ၃၇ ႏွစ္ အ႐ြယ္ရွိေနတဲ့ စီ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ
မန္ယူအသင္းကို တစ္ေက်ာ့ျပန္ ေရာက္လာၿပီးတဲ့ေနာက္ အတိုင္းအတာ တစ္ခုအထိ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစား သမားပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္လို ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတဲ့
ၿပိဳင္ပြဲတစ္ ရပ္ကို ကစားသမားဘ၀ အ႐ြယ္က်ေနခ်ိန္မွာ ျပန္ေရာက္လာတာမ်ိဳးဟာ ထင္ သေလာက္ေတာ့ မလြယ္ကူႏိုင္ဘူးလို႔ မက္ဆီက ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလ တုန္းက မွတ္ခ်က္ျပဳခဲ့ဖူးပါတယ္။
‘’မန္ယူဟာ ထိပ္တန္းကစားသမားေတြရွိေန တဲ့ ေတာင့္တင္းတဲ့ အသင္းႀကီး တစ္သင္းပါ။ အသင္းအေၾကာင္းကိုလည္း ေရာ္နယ္ဒိုက သိၿပီးသားျဖစ္ပါတယ္။
ဒါေပမဲ့ သူသိထားတာက ဟိုတုန္းက အဆင့္အတန္းမ်ိဳးပါ။ အခုဆိုရင္ေတာ့ သူက တကယ့္ကို မက္ေလာက္စရာ ေျခစြမ္းမ်ိဳးနဲ႔ကို အသားက်ေအာင္ လုပ္ရမွာပါ။
အစပိုင္းမွာ ပုံမွန္အတိုင္း သူဂိုးေတြ သြင္း ႏိုင္တယ္။ ေနာက္ၿပီး အသင္းနဲ႔ အသားက်ဖို႔လည္း ဘာျပႆ နာမွ မရွိဘူး။ ပရီးမီးယားလိဂ္ဆိုတာက ကြၽန္ေတာ္တို႔
ထင္သေလာက္ေတာ့ မေကာင္းပါဘူး။ ဒါ့အျပင္ အရမ္းကိုလည္း ခက္ခဲပါတယ္။ အလွည့္အ ေျပာင္းေတြ အရမ္းကို မ်ားလြန္းတဲ့ ၿပိဳင္ပြဲမ်ိဳးပါ။ ဒီဇင္ဘာလၿပီးရင္
အေျပာင္း အလဲေတြ အမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္’’ လို႔ မက္ဆီက စီေရာ္နယ္ဒိုရဲ႕ အလားအလာနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလတုန္းက ေျပာခဲ့တာပါ။
အဲဒီေျပာဆိုခ်က္ဟာ လက္ရွိမွာေတာ့ ေသြးထြက္ေအာင္ကို မွန္ေနခဲ့ၿပီး စီေရာ္နယ္ဒိုဟာ မန္ယူနဲ႔အတူ ေျခစြမ္းမျပႏိုင္သလို ေပါက္ကြဲအားေကာင္းတဲ့ အင္တာဗ်ဴး ေပၚထြက္လာခဲ့တဲ့ေနာက္မွာေတာ့
အသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ရတဲ့အထိကို ႐ုပ္ေပါက္သြားခဲ့ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးဟာ ဒီရာ သီမွာ မန္ယူအတြက္ ၿပိဳင္ပြဲစုံ ၃ ဂိုးပဲ သြင္းႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ေနပါ တယ္။